သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔႐ုရွား ႏ်ဴ စြမ္းအင္ဆိုင္ရာစာခ်ဳပ္ လက္မွတ္ထိုး


ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္နဲ႔အဖြဲ႔ ႐ုရွားကိုေရာက္ေနၿပီး ႐ုရွားအာကာသဆုိင္ရာကုမၸဏီ Roscosmosa ရဲ႕ အမႈေဆာင္ခ်ဳပ္ Dmitry Rogozin နဲ႔ ေမာ္စကိုၿမိဳ႕မွာ ေတြ႔ဆံုစဥ္။ (ဇူလိုင္ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီနဲ႔ ႐ုရွား ႏ်ဴကလီယားစြမ္းအင္ေကာ္ပိုေရးရွင္းတို႔ၾကား န်ဴကလီယားစြမ္းအင္ဆိုင္ရာစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ ႐ုရွားခရီးစဥ္အတြင္း အခုလို လက္မွတ္ ထိုးခဲ့တာပါ။

န်ဴကလီယားစြမ္းအင္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ႐ုရွားအစိုးရပိုင္ Rosatom ႏိုင္ငံေတာ္ေကာ္ပိုေရးရွင္း ၫႊန္ၾကားေရးမႉးခ်ဳပ္ Alexey Likhachev တို႔ တနလၤာေန႔က ေတြ႕ဆုံေဆြးေႏြးခဲ့အၿပီး အခုလို နားလည္မႈစာခြၽန္လႊာထိုးခဲ့ေၾကာင္း ျမန္မာ့အလင္းသတင္းစာက ေဖာ္ျပတာပါ။

စြမ္းအင္အပါအဝင္ စိုက္ပ်ိဳးေမြးျမဴေရး၊ စက္မႈ၊ ပို႔ကုန္သြင္းကုန္၊ သိပၸံနဲ႔သုေတသနစတဲ့ ႏွစ္ႏိုင္ငံျပည္သူေတြကို အက်ိဳးျဖစ္ေစမယ့္က႑ေတြမွာ ပူးေပါင္းေဆာင္႐ြက္ေရးေဆြးေႏြးခဲ့တယ္လို႔ စစ္ေကာင္စီသတင္းမွာေဖာ္ျပပါတယ္။ အခု ခရီးစဥ္ဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီအႀကီးအကဲရဲ႕ ဒုတိယေျမာက္ ႐ုရွားခရီးစဥ္ျဖစ္ပါတယ္။

႐ုရွား Interfax သတင္းဌာနရဲ႕ေဖာ္ျပခ်က္မွာ ျမန္မာစစ္ေကာင္စီရဲ႕ခရီးစဥ္ဟာ ပုဂၢိဳလ္ေရးခရီးစဥ္ျဖစ္ၿပီး ျမန္မာ့ယဥ္ေက်းမႈစင္တာဖြင့္ပြဲကို တက္ေရာက္ဖို႔ရွိတယ္လို႔ ဆိုပါတယ္။ အခု ခရီးစဥ္အတြင္း ႐ုရွားအစိုးရရဲ႕ အဓိက လက္နက္တင္ပို႔ေရာင္းခ်မႈအဖြဲ႔ Rosoboronexport အမႈေဆာင္အရာရွိခ်ဳပ္ Alexander Mikheev နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

မေန႔ ဇူလိုင္ ၁၁ ရက္ေန႔ကေတာ့ ျမန္မာစစ္ေကာင္စီအႀကီးအကဲဟာ ႐ုရွား ကာကြယ္ေရးဌာန တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံၿပီး ႐ုရွားနဲ႔ ျမန္မာၾကား ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္မယ့္ကိစၥ ေဆြးေႏြးခဲ့ၾကတယ္လို႔ ျမန္မာႏိုင္ငံပိုင္သတင္းေတြမွာ ေဖာ္ျပပါတယ္။

႐ုရွားကိုသြားတဲ့ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ႐ုရွား ကာကြယ္ေရးဝန္ႀကီးကိုယ္စား ကာကြယ္ေရးဌာနတာဝန္ရွိသူ အႀကီးအကဲေတြနဲ႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန ဧည့္ခန္းမေဆာင္မွာ အလုပ္သေဘာ ေဆြးေႏြးခဲ့ေၾကာင္း ျမန္မာ့အလင္းသတင္းက ေဖာ္ျပပါတယ္။

#MyanmarRusia #VOABurmese #န်ဴကလီယားစြမ္းအင္ #ျမန္မာ႐ုရွား #မင္းေအာင္လိႈင္

ျမန္မာနဲ႔႐ုရွား ႏ်ဴ စြမ္းအင္ဆိုင္ရာစာခ်ဳပ္ လက္မွတ္ထိုး
please wait

No media source currently available

0:00 0:00:59 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြန်မာနဲ့ရုရှား နျူ စွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ထိုး

မြန်မာစစ်ကောင်စီနဲ့ ရုရှား ကလီယားစွမ်းအင်ကော်ပိုရေးရှင်းတို့ကြား နျူကလီယားစွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း အခုလို လက်မှတ် ထိုးခဲ့တာပါ။

နျူကလီယားစွမ်းအင်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားအစိုးရပိုင် Rosatom နိုင်ငံတော်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် Alexey Likhachev တို့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့အပြီး အခုလို နားလည်မှုစာချွန်လွှာထိုးခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြတာပါ။

စွမ်းအင်အပါအဝင် စိုက်ပျိုးမွေးမြူရေး၊ စက်မှု၊ ပို့ကုန်သွင်းကုန်၊ သိပ္ပံနဲ့သုတေသနစတဲ့ နှစ်နိုင်ငံပြည်သူတွေကို အကျိုးဖြစ်စေမယ့်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာဖော်ပြပါတယ်။ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီအကြီးအကဲရဲ့ ဒုတိယမြောက် ရုရှားခရီးစဉ်ဖြစ်ပါတယ်။

ရုရှား Interfax သတင်းဌာနရဲ့ဖော်ပြချက်မှာ မြန်မာစစ်ကောင်စီရဲ့ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေးခရီးစဉ်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုစင်တာဖွင့်ပွဲကို တက်ရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ အခု ခရီးစဉ်အတွင်း ရုရှားအစိုးရရဲ့ အဓိက လက်နက်တင်ပို့ရောင်းချမှုအဖွဲ့ Rosoboronexport အမှုဆောင်အရာရှိချုပ် Alexander Mikheev နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မနေ့ ဇူလိုင် ၁၁ ရက်နေ့ကတော့ မြန်မာစစ်ကောင်စီအကြီးအကဲဟာ ရုရှား ကာကွယ်ရေးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရုရှားနဲ့ မြန်မာကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့်ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

ရုရှားကိုသွားတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှား ကာကွယ်ရေးဝန်ကြီးကိုယ်စား ကာကွယ်ရေးဌာနတာဝန်ရှိသူ အကြီးအကဲတွေနဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်မှာ အလုပ်သဘော ဆွေးနွေးခဲ့ကြောင်း မြန်မာ့အလင်းသတင်းက ဖော်ပြပါတယ်။

XS
SM
MD
LG