သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္ ႐ုရွားသြားေရာက္


 စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ ႐ုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ႕မွာက်င္းပတဲ့ ႏုိင္ငံတကာလံုၿခံဳေရးညီလာခံတက္ေရာက္ခဲ့စဥ္က။ (ဇြန္လ ၂၃၊ ၂၀၂၁) 


[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ဒီကေန႔ အဂၤါေန႔မွာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ကို ေရာက္ရွိလာတယ္လို႔ AFP က ေဖာ္ျပပါတယ္။

ဒီခရီးစဥ္ဟာ သူ႔ရဲ႕ ပုဂၢိဳလ္ေရးခရီးစဥ္သာျဖစ္ေၾကာင္း ရန္ကုန္ရုရွားသံ႐ုံးက Interfax သတင္းဌာနကို ေျပာၾကားခဲ့ေၾကာင္း AFP သတင္းမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ ခရီးစဥ္အတြင္း ျမန္မာ့ယဥ္ေက်းမႈစင္တာဖြင့္ပြဲမွာပါဝင္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ ႐ုရွားႏိုင္ငံပိုင္မီဒီယာရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာစစ္တပ္အႀကီးအကဲဟာ ေမာ္စကိုမွာရွိတဲ့ အာကာသနဲ႔ န်ဴကလီယားေအဂ်င္စီက အရာရွိေတြနဲ႔လည္း ေတြ႕ဆုံဖို႔ရွိပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒီခရီးစဥ္နဲ႔ပတ္သက္လို႔ တစုံတရာ ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။

၂၀၂၁ခုႏွစ္ ေဖေဖၚဝါရီလ စစ္တပ္အာဏာသိမ္းမႈနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာသံ႐ုံးတခ်ိဳ႕က ျမန္မာနဲ႔ သံတမန္ဆက္ဆံေရးအဆင့္ေတြေလ်ာ့ခ်ေနခ်ိန္မွာပဲ အာဏာသိမ္းစစ္ေခါင္းေဆာင္ရဲ႕ ဒုတိယအႀကိမ္ေျမာက္ ႐ုရွားခရီးစဥ္ျဖစ္လာတာပါ။ ၂၀၂၁ ခုႏွစ္ ဇြန္လက ႐ုရွားႏိုင္ငံမွာက်င္းပခဲ့တဲ့ ႏိုင္ငံတကာလုံၿခဳံေရး ညီလာခံကို ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္ခဲ့ပါတယ္။

အိမ္နီးခ်င္းထိုင္းႏိုင္ငံကို ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က ေရာက္ရွိလာတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေတာ့ ျမန္မာ့ဒီမိုကေရစီေရးလႈပ္ရွားသူေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ အာဏာသိမ္းစစ္ေကာင္စီကို ႏိုင္ငံတကာမွာ ဆက္လက္ဖိအားေပးသြားမွာျဖစ္တယ္လို႔ ကတိျပဳေျပာဆိုခဲ့ပါတယ္။


ျမန္မာစစ္ေခါင္းေဆာင္ ႐ုရွားသြားေရာက္.mp3
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]

မြန်မာစစ်ခေါင်းဆောင် ရုရှားသွားရောက်

မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ရောက်ရှိလာတယ်လို့ AFP က ဖော်ပြပါတယ်။

ဒီခရီးစဉ်ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်ကြောင်း ရန်ကုန်ရုရှားသံရုံးက Interfax သတင်းဌာနကို ပြောကြားခဲ့ကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်း မြန်မာ့ယဉ်ကျေးမှုစင်တာဖွင့်ပွဲမှာပါဝင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံပိုင်မီဒီယာရဲ့ ထုတ်ပြန်ချက်အရ မြန်မာစစ်တပ်အကြီးအကဲဟာ မော်စကိုမှာရှိတဲ့ အာကာသနဲ့ နျူကလီယားအေဂျင်စီက အရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာသံရုံးတချို့က မြန်မာနဲ့ သံတမန်ဆက်ဆံရေးအဆင့်တွေလျော့ချနေချိန်မှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားခရီးစဉ်ဖြစ်လာတာပါ။ ၂၀၂၁ ခုနှစ် ဇွန်လက ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံကို ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံချိန်မှာ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာမှာ ဆက်လက်ဖိအားပေးသွားမှာဖြစ်တယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG