သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မင္းတပ္ၿမိဳ႕နယ္တြင္း ဒုတိယအႀကီးဆုံးတိုက္နယ္ေဆး႐ုံ မီးရႈိ႕ဖ်က္ဆီးခံရ


Mindat, Wamtheu (Credit to MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နယ္ ဝမၼသူးတိုက္နယ္ေဆး႐ုံႀကီးကို စစ္ေကာင္စီတပ္ေတြက မီးရႈိ႕ ဖ်က္စီးခဲ့ပါတယ္။ စစ္ေကာင္စီကို ဆန႔္က်င္ေတာ္လွန္ေနတဲ့ မင္းတပ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က ေဆး႐ုံလုပ္ငန္းေတြကို ထိန္းခ်ဳပ္ လည္ပတ္ေနတယ္လို႔ ယူဆၿပီး ဖ်က္စီးပုံရတယ္လို႔ က်န္းမာေရးဝန္ထမ္းေတြက ေျပာပါတယ္။ ေဆး႐ုံေတာ္ေတာ္ေလးပ်က္စီးသြားတဲ့အတြက္ ေဒသခံေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈမွာ အခက္ခဲရွိလာမယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔တဲ့သတင္း ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္တပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ တုိက္ပဲြေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္က ဝမၼသူးတိုက္နယ္ေဆးရံုကို စစ္ေကာင္စီတပ္ဖြဲ႔ေတြ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က ဝင္ေရာက္ ဖ်က္စီးခဲ့တယ္လို႔ က်န္းမာေရးဝန္ထမ္းတဦးကေျပာပါတယ္။ မင္းတပ္ၿမိဳ႕နယ္ထဲမွာ ဒုတိယအႀကီးဆံုးျဖစ္တဲ့ တိုက္နယ္ေဆး႐ံုႀကီး ေတာ္ေတာ္ေလးပ်က္စီးသြားတယ္လို႔ ခုလိုေျပာျပပါတယ္။

“ဓါတ္မွန္စက္ေတြ အကုန္လုံးရစရာမရွိေအာင္ အကုန္လုံး ဖ်က္စီးသြားတယ္။ အေဆာက္အဦးတခုလုံးကိုလည္း အကုန္လုံးေပါ့ေနာ္။ မွန္ေတြဘာေတြအကုန္ရိုက္တယ္။ မီးစက္ဆို ဒီဇယ္မီးစက္က ေတာ္ေတာ္ေလးႀကီးတယ္။ အဲဒီမီးစက္ ကို ဖ်က္စီးသြားတယ္။ ဓါတ္ခြဲခန္းမွာ သုံးလို႔ဘယ္လိုမွမရေအာင္ မီးရွိဳ႕တယ္။ စစ္တပ္ကဖ်က္စီးသြားတယ္။”

စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းတခုနဲ႔ ေဆး႐ံုးကို ဝင္ေရာက္ဖ်က္စီးသြားခဲ့တာလို႔ ေျပာပါတယ္။ ေဆး႐ုံအတြင္းက ေဆးဝါး၊ ခုတင္၊ စားပြဲ၊ စက္ပစၥည္း၊ မီးစက္၊ ကုလားထိုင္၊ စာအုပ္၊ ဗီရို၊ စင္ကအစ ဖ်က္ဆီး မီးရွို႔ခဲ့တာ ျဖစ္ၿပီး ပ်က္စီးမႈေတြကေတာ့ ကာလတန္ဖိုးနဲ႔ဆို သိန္းေထာင္ခ်ီရွိနိုင္တယ္လို႕ သူကေျပာပါတယ္။ မင္းတပ္ၿမိဳ႕နယ္က ဝမၼသူးတိုက္နယ္ေဆးရံုဟာ စစ္ေကာင္စီကိုဆန္႔က်င္ေတာ္လွန္ေနတဲ့ မင္းတပ္ျပည္သူ႔အုပ္ခ်ဳပ္ေရးလက္ေအာက္မွာ လည္ပတ္ေနတာလို႔ယူဆၿပီး အခုလိုဖ်က္စီးတာလို႔ အဆိုပါ က်န္းမာေရးဝန္ထမ္းက ဆက္ေျပာပါတယ္။

“အဲဒီလိုထင္တာထက္ေပါ့ေနာ္။ ျပည္သူ႕အုပ္ခ်ဳပ္ေရးကလည္း သူ႔ဟာနဲ႔သူကလုပ္ေနတာပဲ။ သူနဲ႔ေတာ့မဆိုင္ပါဘူး။ ဒါေပမယ့္လို႔ အဲဒီေဆးရံုကေလ အနယ္နယ္အရပ္ရပ္က မင္းတပ္ၿမိဳ႕နယ္တၿမိဳ႕နယ္လုံး ကုတယ္ဆိုရင္ သူက ဒုတိယအႀကီးဆုံးကိုး။ ေယာနယ္ဘက္ကလူေတြလည္း လာၿပီးေတာ့ကုတာရွိၾကတယ္။ တခ်ိဳ႕မီဒီယာမွာလည္း ေဖာ္ျပေကာင္းေဖာ္ျပၾကမယ္ေလေနာ္။ ဒီမွာလည္ပတ္ေနတယ္ ဘာညာဆိုေတာ့။ လည္ပတ္လို႔မရေအာင္ျပဳသြားတယ္။ သူထိန္းခ်ဳပ္ခ်င္တဲ့သေဘာပဲ။ ဒီလိုပဲ က်ေနာ္တို႔ ျမင္တယ္ဗ်။”

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မွာ စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးယႏၱရားကို ဆန္႔က်င္တဲ့အေနနဲ႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ကတည္းက ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ဖြဲ႔စည္းေၾကာင္း ေၾကညာထားပါတယ္။ လက္ရွိ မင္းတပ္ၿမိဳ႕နယ္ထဲက ခ်င္းကာကြယ္ေရးအဖြဲ႔ေတြ လွဳပ္ရွားေနတဲ့ေဒသတခ်ိဳ႕မွာ က်န္းမာေရး ပညာေရးကအစ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကေန ကိုင္တြယ္ ထိန္းခ်ဳပ္ေနတဲ့အေျခအေနမွာရွိေနပါတယ္။

ဝမၼသူးတိုက္နယ္ေဆးရံုဟာ မင္းတပ္ၿမိဳ႕အပါဝင္ မတူပီၿမိဳ႕နယ္ဘက္ကေဒသခံေတြသာမက ခ်င္းျပည္နယ္အေ႐ွ႕ဘက္ မေကြးတုိင္း ေယာနယ္ဘက္က ေဒသခံေတြပါ လာေရာက္ေဆးဝါးကုသမွဳခံယူၾကတဲ့ ေဆး႐ံုးႀကီးျဖစ္ပါတယ္။ အခုလိုေဆးရံုဖ်က္စီးခံရတဲ့အတြက္ ေဒသခံေတြ က်န္းမာေရးေစာင့္ေရွာက္မွဳမွာအခက္ခဲရွိလာမယ္လို႔ ဝမၼသူးတိုက္နယ္ ေဒသခံ ဦးဟုန္းနိုင္းကေျပာပါတယ္။

“ေဆးရံုဖ်က္တဲ့က ေတာ္ေတာ္ေလးေတာ့ အဲဒီပတ္ဝန္းက်င္ မင္းတပ္ၿမိဳ႕ ၿမိဳ႕ေပၚကိုမေရာက္နိုင္တဲ့ လူနာေတြ အကုန္ လုံးလာကုၾကတယ္ေပါ့။ အားကိုးတႀကီးနဲ႕ပတ္ဝန္းက်င္ေတြက။ ေမွ်ာ္လင့္ၾကတာ။ အဲဒါပ်က္စီးရင္ေတာ့ ပတ္ဝန္းက်င္မွာ ရွိတဲ့ျပည္သူေတြရဲ႔ က်န္းမာေရး ျပဳစုေစာင့္ေရွာက္မွဳ အရမ္းထိခိုက္တယ္။”

အေရးေပၚခြဲစိတ္ကုသမႈေတြႏိုင္တ့ဲအထိ ပစၥည္းကိရိယာေတြျပည့္စံုခဲ့တဲ့ဝမၼသူးတိုက္နယ္ေဆး႐ုံဟာ အနီးအနားတိုက္ နယ္က်န္းမာေရး အဖြဲ႔ေတြကပါ လူနာေတြကို လႊဲေျပာင္းေပးေနရတဲ့အထိ ေဒသခံေတြအတြက္ အားကိုးအားထားျပဳေနရတဲ့ ေဆး႐ုံတစ္ခုလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]
မင်းတပ်မြို့နယ်တွင်း ဒုတိယအကြီးဆုံးတိုက်နယ်ဆေးရုံ မီးရှို့ဖျက်ဆီးခံရ

ချင်းပြည်နယ်မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံကြီးကို စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်စီးခဲ့ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆေးရုံလုပ်ငန်းတွေကို ထိန်းချုပ် လည်ပတ်နေတယ်လို့ ယူဆပြီး ဖျက်စီးပုံရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဆေးရုံတော်တော်လေးပျက်စီးသွားတဲ့အတွက် ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အခက်ခဲရှိလာမယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်း ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်တပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်က ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဝင်ရောက် ဖျက်စီးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။ မင်းတပ်မြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ တိုက်နယ်ဆေးရုံကြီး တော်တော်လေးပျက်စီးသွားတယ်လို့ ခုလိုပြောပြပါတယ်။

“ဓါတ်မှန်စက်တွေ အကုန်လုံးရစရာမရှိအောင် အကုန်လုံး ဖျက်စီးသွားတယ်။ အဆောက်အဦးတခုလုံးကိုလည်း အကုန်လုံးပေါ့နော်။ မှန်တွေဘာတွေအကုန်ရိုက်တယ်။ မီးစက်ဆို ဒီဇယ်မီးစက်က တော်တော်လေးကြီးတယ်။ အဲဒီမီးစက် ကို ဖျက်စီးသွားတယ်။ ဓါတ်ခွဲခန်းမှာ သုံးလို့ဘယ်လိုမှမရအောင် မီးရှို့တယ်။ စစ်တပ်ကဖျက်စီးသွားတယ်။”

စစ်ကောင်စီတပ်တွေ စစ်ကြောင်းတခုနဲ့ ဆေးရုံးကို ဝင်ရောက်ဖျက်စီးသွားခဲ့တာလို့ ပြောပါတယ်။ ဆေးရုံအတွင်းက ဆေးဝါး၊ ခုတင်၊ စားပွဲ၊ စက်ပစ္စည်း၊ မီးစက်၊ ကုလားထိုင်၊ စာအုပ်၊ ဗီရို၊ စင်ကအစ ဖျက်ဆီး မီးရှို့ခဲ့တာ ဖြစ်ပြီး ပျက်စီးမှုတွေကတော့ ကာလတန်ဖိုးနဲ့ဆို သိန်းထောင်ချီရှိနိုင်တယ်လို့ သူကပြောပါတယ်။ မင်းတပ်မြို့နယ်က ဝမ္မသူးတိုက်နယ်ဆေးရုံဟာ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးလက်အောက်မှာ လည်ပတ်နေတာလို့ယူဆပြီး အခုလိုဖျက်စီးတာလို့ အဆိုပါ ကျန်းမာရေးဝန်ထမ်းက ဆက်ပြောပါတယ်။

“အဲဒီလိုထင်တာထက်ပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးကလည်း သူ့ဟာနဲ့သူကလုပ်နေတာပဲ။ သူနဲ့တော့မဆိုင်ပါဘူး။ ဒါပေမယ့်လို့ အဲဒီဆေးရုံကလေ အနယ်နယ်အရပ်ရပ်က မင်းတပ်မြို့နယ်တမြို့နယ်လုံး ကုတယ်ဆိုရင် သူက ဒုတိယအကြီးဆုံးကိုး။ ယောနယ်ဘက်ကလူတွေလည်း လာပြီးတော့ကုတာရှိကြတယ်။ တချို့မီဒီယာမှာလည်း ဖော်ပြကောင်းဖော်ပြကြမယ်လေနော်။ ဒီမှာလည်ပတ်နေတယ် ဘာညာဆိုတော့။ လည်ပတ်လို့မရအောင်ပြုသွားတယ်။ သူထိန်းချုပ်ချင်တဲ့သဘောပဲ။ ဒီလိုပဲ ကျနော်တို့ မြင်တယ်ဗျ။”

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတည်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာထားပါတယ်။ လက်ရှိ မင်းတပ်မြို့နယ်ထဲက ချင်းကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားနေတဲ့ဒေသတချို့မှာ ကျန်းမာရေး ပညာရေးကအစ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ ကိုင်တွယ် ထိန်းချုပ်နေတဲ့အခြေအနေမှာရှိနေပါတယ်။

ဝမ္မသူးတိုက်နယ်ဆေးရုံဟာ မင်းတပ်မြို့အပါဝင် မတူပီမြို့နယ်ဘက်ကဒေသခံတွေသာမက ချင်းပြည်နယ်အရှေ့ဘက် မကွေးတိုင်း ယောနယ်ဘက်က ဒေသခံတွေပါ လာရောက်ဆေးဝါးကုသမှုခံယူကြတဲ့ ဆေးရုံးကြီးဖြစ်ပါတယ်။ အခုလိုဆေးရုံဖျက်စီးခံရတဲ့အတွက် ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှုမှာအခက်ခဲရှိလာမယ်လို့ ဝမ္မသူးတိုက်နယ် ဒေသခံ ဦးဟုန်းနိုင်းကပြောပါတယ်။

“ဆေးရုံဖျက်တဲ့က တော်တော်လေးတော့ အဲဒီပတ်ဝန်းကျင် မင်းတပ်မြို့ မြို့ပေါ်ကိုမရောက်နိုင်တဲ့ လူနာတွေ အကုန် လုံးလာကုကြတယ်ပေါ့။ အားကိုးတကြီးနဲ့ပတ်ဝန်းကျင်တွေက။ မျှော်လင့်ကြတာ။ အဲဒါပျက်စီးရင်တော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ပြည်သူတွေရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အရမ်းထိခိုက်တယ်။”

အရေးပေါ်ခွဲစိတ်ကုသမှုတွေနိုင်တဲ့အထိ ပစ္စည်းကိရိယာတွေပြည့်စုံခဲ့တဲ့ဝမ္မသူးတိုက်နယ်ဆေးရုံဟာ အနီးအနားတိုက် နယ်ကျန်းမာရေး အဖွဲ့တွေကပါ လူနာတွေကို လွှဲပြောင်းပေးနေရတဲ့အထိ ဒေသခံတွေအတွက် အားကိုးအားထားပြုနေရတဲ့ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

===================

XS
SM
MD
LG