သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္အတြင္းတိုက္ပြဲေတြေၾကာင့္ ပညာေရးအခက္ႀကဳံ


Volunteer Education in Min Dat Township

[[Zawgyi/Unicode]]

စစ္ပြဲေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္ထဲက ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွာ ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ မတ္လထဲမွာ စာေမးပြဲေျဖဆိုရမယ့္ ေက်ာင္းသူ ေက်ာင္းသားေတြ အခက္အခဲျဖစ္ေနၾကပါတယ္။ ခ်င္းကာကြယ္အဖြဲ႕ေတြ လႈပ္ရွားေနတဲ့ေနရာတခ်ိဳ႕မွာေတာ့ ပဋိပကၡၾကားက CDM ဆရာ၊ ဆရာမေတြက အတန္းငယ္ေက်ာင္းသားေတြကို စာသင္ေပးေနေပမယ့္ ေက်ာင္းသားေတြအေနနဲ႔ ေအးေအးေဆးေဆး ပညာသင္ယူႏိုင္ၾကတဲ့ အေနအထားမ်ိဳး မဟုတ္ပါဘူး။ ဒီလိုအေျခအေနေတြေၾကာင့္ ခ်င္းျပည္နယ္က ေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ ပညာေရး ထိခိုက္ေနတဲ့ အေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံခ်င္းျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြ တိုက္ပြဲေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္ထဲက တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ေက်ာင္းေတြ မဖြင့္ႏိုင္ေသးပါဘူး။ အထူးသျဖင့္ စစ္ေရးတင္းမာေနတဲ့ ၿမိဳ႕နယ္ ၄ ခုမွာ မဖြင့္ႏိုင္ေသးဘူးလို႔ ခ်င္းျပည္နယ္ ျပည္နယ္ပညာေရးမႉး ဦးဘီကူးဒူက အခုလိုေျပာပါတယ္။

“မဖြင့္ႏိုင္ေသးဘူး။ က်ေနာ္တို႔ မင္းတပ္ရယ္၊ ကန္ပက္လက္ရယ္၊ ေနာက္ၿပီးေတာ့ ဟားခါးရယ္။ ထန္တလန္ရယ္ မဖြင့္ႏိုင္ေသးဘူး။ အဲဒီ (၄) ၿမိဳ႕နယ္ေတာ့ လုံးဝမဖြင့္ႏိုင္ေသးဘူး။”

ခ်င္းျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕မွာ နယ္ေျမေအးခ်မ္းမႈမရွိတဲ့အျပင္ ေက်ာင္းဆရာဆရာမေတြက အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတာေၾကာင့္ ေက်ာင္းမဖြင့္ႏိုင္တာလို႔ ဟားခါးၿမိဳ႕နယ္ ေက်ာင္းဆရာဦးက ေျပာပါတယ္။

“ဟားခါးမွာေတာ့မဖြင့္ေသးပါဘူး။ အခုခ်ိန္ထိကေတာ့ ဖြင့္လို႔ရတဲ့အေျခအေနမေရာက္ေသးဘူး။ အဓိကကေတာ့ CDM လုပ္တဲ့ဆရာ ဆရာမေတြလည္း မ်ားတယ္။ ေက်ာင္းသားေတြလည္း ေက်ာင္းမတက္ၾကေတာ့ဘူး။ ဟိုေျပး ဒီေျပးဆိုေတာ့ အဲဒါေတြပဲ ျဖစ္မွာပါ။”

နယ္ေျမလုံၿခဳံေရးနဲ႔ ေက်ာင္းဆရာဆရာမ အခက္ခဲေၾကာင့္ ခ်င္းျပည္နယ္ (၄) ၿမိဳ႕နယ္မွာ ပညာေရးဝန္ႀကီးဌာနလက္ေအာက္က ေက်ာင္းဖြင့္လွစ္ႏိုင္ျခင္း မရွိပါဘူး။ ဒါေပမယ့္ ခ်င္းကာကြယ္ေရးအဖြဲ႔ေတြလႈပ္ရွားေနတဲ့ ေဒသတခ်ိဳ႕မွာ အေျခခံပညာမူလတန္းအဆင့္ကို CDM ဆရာ ဆရာမေတြက သင္ၾကားေပးေနၾကတယ္လို႔ ပညာေရး တာဝန္ခံေတြက ေျပာျပပါတယ္။ မင္းတပ္ၿမိဳ႕နယ္မွာ စစ္ပြဲေတြၾကားက မူလတန္းအဆင့္ သင္ၾကားေပးေနတယ္လို႔ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ ပညာေရးတာဝန္ခံ ကိုဟုန္းကေျပာပါတယ္။

“က်ေနာ္တို႔ ျပည္သူ႔အုပ္ခ်ဳပ္ေရးအေနနဲ႔ ေက်ာင္းေတြဖြင့္တာရွိတယ္။ မူလတန္းျပန္စတယ္။ လူဦးေရက မူလတန္းထဲက (၇,၀၀၀) ေက်ာ္တယ္ခင္ဗ်။ CDM လုပ္ထားတဲ့ပညာေရးဝန္ထမ္းေတြ က်ေနာ္တို႔ ျပန္ေခၚတာရွိတယ္။ ကိုယ့္ရပ္ကိုယ္႐ြာမွာရွိတဲ့ ေစတနာ့ဝန္ထမ္းလူငယ္ေတြ၊ မူလတန္းကေလးေတြကို စာျပန္သင္ခိုင္း တာေပါ့ေနာ္။ ပညာေရးကို စစ္ေၾကာင္းထိုးလာတဲ့အခါမွာ ေက်ာင္းေတြျပန္ပိတ္ထား ရတာေပါ့ေနာ္။ မိဘေတြ၊ကေလးေတြက ေတာင္ယာတဲေတြဘာေတြထဲ သြားၾကတာေပါ့ေနာ္။ ေရွာင္ေနၾကတယ္။ စစ္သားေတြျပန္သြားၿပီးဆိုရင္ ေက်ာင္းေတြဖြင့္တာရွိတယ္။ အဲဒီလိုမ်ိဳးသြားတယ္။”

အလားတူ ဖလမ္းၿမိဳ႕နယ္အတြင္းမွာလည္း ခ်င္းကာကြယ္ေရးအဖြဲ႔ေတြကေနဦးေဆာင္ၿပီး မူလတန္းအဆင့္ ေက်ာင္းဖြင့္ထားတယ္လို႔ ဖလမ္း CDF တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ပညာေရးကို ျပည္သူ႔အုပ္ခ်ဳပ္ေရးပုံစံမ်ိဳးဖြဲ႕ခိုင္းၿပီးေတာ့ သင္ျပခိုင္းထားတာရွိတယ္။ ေနရာေတာ္ေတာ္မ်ားမ်ားေတာ့ သူတို႔႐ြာခံက CDM ေတြရွိမယ္။ ဆရာမေတြေတာ့ သင္ျပတာေတြ စေနၾကၿပီဗ်။”

ဖလမ္းၿမိဳ႕နယ္မွာ စစ္ေရးအေျခအေနေတြကေတာ့ မၿငိမ္းခ်မ္းေသးပါဘူး။ တနလၤာေန႔ကပဲ စစ္ေကာင္စီတပ္ဖြဲ႔ နဲ႔ရိကၡာပို႔တဲ့ စစ္ယာဥ္တန္းေတြ ဗုံးခြဲတိုက္ခိုက္ခဲ့ၾကသလို စေနေန႔ကလည္း တိုက္ခိုက္ခဲ့တယ္လို႔ ဖလမ္းCDF တာဝန္ရွိသူတဦးက ေျပာပါတယ္။ ထန္တလန္ၿမိဳ႕နယ္ထဲက ေဒသတခ်ိဳ႕မွာလည္း CDF – Zophei အဖြဲ႔ ဦးေဆာင္မႈနဲ႔ ေက်ာင္းစတင္ဖြင့္လွစ္ႏိုင္ၿပီး တပတ္မွာ ၄ ရက္ ပညာသင္ၾကားေပးေနတယ္လို႔ CDF အဖြဲ႔ေတြကထုတ္ျပန္ထားပါတယ္။ ခ်င္းျပည္နယ္ဟာ တိုင္းနဲ႔ျပည္နယ္ေတြထဲမွာ အရင္ကတည္းက ေအာင္ခ်က္အနည္းဆုံးျပည္နယ္တခု ျဖစ္ေနတာေၾကာင့္ အခုလို ေက်ာင္းသူ ေက်ာင္းသားေတြ ပညာကို ေအးေအးေဆးေဆး မသင္ယူႏိုင္ၾကတဲ့အတြက္ စိုးရိမ္စရာျဖစ္ေနတယ္လို႔ ခ်င္းႏိုင္ငံေရးေလ့လာ သုံးသပ္သူ ကိုေထာင္ကေျပာပါတယ္။

“ခ်င္းျပည္နယ္ရဲ႕ပညာေရးအေျခအေနကိုၾကည့္ရင္ေတာ့ ျမန္မာႏိုင္ငံတိုင္းနဲ႔ျပည္နယ္ထဲမွာလည္း ေအာင္ခ်က္ မွာ အနည္းဆုံးပဲ ျဖစ္ေနတယ္။ ၿပီးေတာ့တႏိုင္ငံလုံးမွာ COVID-19 ေရာဂါစျဖစ္တဲ့ ၂၀၂၀ ေလာက္ကေန ေက်ာင္းေတြက ပိတ္လိုက္ ဖြင့္လိုက္။ ပိတ္လိုက္ ဖြင့္လိုက္ အဲဒီလိုမ်ိဳးေတြျဖစ္လာတယ္။ ေနာက္ပိုင္းက အာဏာသိမ္းမႈေတြ ၂၀၂၁ မွာျပန္ျဖစ္လာတယ္။ ျဖစ္လာေတာ့ႏိုင္ငံေရးက ကစဥ့္ကလ်ားေတြျဖစ္ကုန္ၿပီး ေက်ာင္းေတြကလည္း အကုန္ လုံးလုံးပိတ္ထားရတဲ့အေျခအေနမ်ိဳးေတြ ႀကဳံခဲ့ရတာေပါ့ေနာ္။ ကေလးေတြက ေက်ာင္းပညာနဲ႔ေဝးရတာက (၂) ႏွစ္ ေက်ာ္ၿပီးေပါ့ေနာ္။ ဆိုေတာ့ ႏိုင္ငံေရးအေျခအေနမွာ ဒီလိုမ်ိဳးဆက္ျဖစ္ၿပီးေတာ့ ကေလးေတြက ေက်ာင္း နဲ႔အလွန္းေဝးေနမယ္ဆိုရင္ေတာ့ ကေလးငယ္ေတြရဲ႕ပညာေရးက အင္မတန္မွ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိတယ္လို႔ေတာ့ သုံးသပ္ရတာေပါ့ေနာ္။”

ခ်င္းျပည္နယ္ထဲမွာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံ သိန္းနဲ႔ခ်ီ အိုးအိမ္စြန႔္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရၿပီး၊ စစ္ေျပးဒုကၡသည္ေတြထဲက ေက်ာင္းေနအ႐ြယ္ ေက်ာင္းသူ ေက်ာင္းသားေတြ ပညာသင္ယူႏိုင္ဖို႔ အခက္အခဲျဖစ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ချင်းပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် ပညာရေးအခက်ကြုံ


စစ်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၄ မြို့နယ်မှာ ကျောင်းတွေ ပိတ်ထားရတဲ့အတွက် မတ်လထဲမှာ စာမေးပွဲဖြေဆိုရမယ့် ကျောင်းသူ ကျောင်းသားတွေ အခက်အခဲဖြစ်နေကြပါတယ်။ ချင်းကာကွယ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာတချို့မှာတော့ ပဋိပက္ခကြားက CDM ဆရာ၊ ဆရာမတွေက အတန်းငယ်ကျောင်းသားတွေကို စာသင်ပေးနေပေမယ့် ကျောင်းသားတွေအနေနဲ့ အေးအေးဆေးဆေး ပညာသင်ယူနိုင်ကြတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ချင်းပြည်နယ်က ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေး ထိခိုက်နေတဲ့ အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ကျောင်းတွေ မဖွင့်နိုင်သေးပါဘူး။ အထူးသဖြင့် စစ်ရေးတင်းမာနေတဲ့ မြို့နယ် ၄ ခုမှာ မဖွင့်နိုင်သေးဘူးလို့ ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက အခုလိုပြောပါတယ်။

“မဖွင့်နိုင်သေးဘူး။ ကျနော်တို့ မင်းတပ်ရယ်၊ ကန်ပက်လက်ရယ်၊ နောက်ပြီးတော့ ဟားခါးရယ်။ ထန်တလန်ရယ် မဖွင့်နိုင်သေးဘူး။ အဲဒီ (၄) မြို့နယ်တော့ လုံးဝမဖွင့်နိုင်သေးဘူး။”

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာ နယ်မြေအေးချမ်းမှုမရှိတဲ့အပြင် ကျောင်းဆရာဆရာမတွေက အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာကြောင့် ကျောင်းမဖွင့်နိုင်တာလို့ ဟားခါးမြို့နယ် ကျောင်းဆရာဦးက ပြောပါတယ်။

“ဟားခါးမှာတော့မဖွင့်သေးပါဘူး။ အခုချိန်ထိကတော့ ဖွင့်လို့ရတဲ့အခြေအနေမရောက်သေးဘူး။ အဓိကကတော့ CDM လုပ်တဲ့ဆရာ ဆရာမတွေလည်း များတယ်။ ကျောင်းသားတွေလည်း ကျောင်းမတက်ကြတော့ဘူး။ ဟိုပြေး ဒီပြေးဆိုတော့ အဲဒါတွေပဲ ဖြစ်မှာပါ။”

နယ်မြေလုံခြုံရေးနဲ့ ကျောင်းဆရာဆရာမ အခက်ခဲကြောင့် ချင်းပြည်နယ် (၄) မြို့နယ်မှာ ပညာရေးဝန်ကြီးဌာနလက်အောက်က ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ချင်းကာကွယ်ရေးအဖွဲ့တွေလှုပ်ရှားနေတဲ့ ဒေသတချို့မှာ အခြေခံပညာမူလတန်းအဆင့်ကို CDM ဆရာ ဆရာမတွေက သင်ကြားပေးနေကြတယ်လို့ ပညာရေး တာဝန်ခံတွေက ပြောပြပါတယ်။ မင်းတပ်မြို့နယ်မှာ စစ်ပွဲတွေကြားက မူလတန်းအဆင့် သင်ကြားပေးနေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးတာဝန်ခံ ကိုဟုန်းကပြောပါတယ်။

“ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးအနေနဲ့ ကျောင်းတွေဖွင့်တာရှိတယ်။ မူလတန်းပြန်စတယ်။ လူဦးရေက မူလတန်းထဲက (၇,၀၀၀) ကျော်တယ်ခင်ဗျ။ CDM လုပ်ထားတဲ့ပညာရေးဝန်ထမ်းတွေ ကျနော်တို့ ပြန်ခေါ်တာရှိတယ်။ ကိုယ့်ရပ်ကိုယ်ရွာမှာရှိတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ၊ မူလတန်းကလေးတွေကို စာပြန်သင်ခိုင်း တာပေါ့နော်။ ပညာရေးကို စစ်ကြောင်းထိုးလာတဲ့အခါမှာ ကျောင်းတွေပြန်ပိတ်ထား ရတာပေါ့နော်။ မိဘတွေ၊ကလေးတွေက တောင်ယာတဲတွေဘာတွေထဲ သွားကြတာပေါ့နော်။ ရှောင်နေကြတယ်။ စစ်သားတွေပြန်သွားပြီးဆိုရင် ကျောင်းတွေဖွင့်တာရှိတယ်။ အဲဒီလိုမျိုးသွားတယ်။”

အလားတူ ဖလမ်းမြို့နယ်အတွင်းမှာလည်း ချင်းကာကွယ်ရေးအဖွဲ့တွေကနေဦးဆောင်ပြီး မူလတန်းအဆင့် ကျောင်းဖွင့်ထားတယ်လို့ ဖလမ်း CDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပညာရေးကို ပြည်သူ့အုပ်ချုပ်ရေးပုံစံမျိုးဖွဲ့ခိုင်းပြီးတော့ သင်ပြခိုင်းထားတာရှိတယ်။ နေရာတော်တော်များများတော့ သူတို့ရွာခံက CDM တွေရှိမယ်။ ဆရာမတွေတော့ သင်ပြတာတွေ စနေကြပြီဗျ။”

ဖလမ်းမြို့နယ်မှာ စစ်ရေးအခြေအနေတွေကတော့ မငြိမ်းချမ်းသေးပါဘူး။ တနင်္လာနေ့ကပဲ စစ်ကောင်စီတပ်ဖွဲ့ နဲ့ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းတွေ ဗုံးခွဲတိုက်ခိုက်ခဲ့ကြသလို စနေနေ့ကလည်း တိုက်ခိုက်ခဲ့တယ်လို့ ဖလမ်းCDF တာဝန်ရှိသူတဦးက ပြောပါတယ်။ ထန်တလန်မြို့နယ်ထဲက ဒေသတချို့မှာလည်း CDF – Zophei အဖွဲ့ ဦးဆောင်မှုနဲ့ ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီး တပတ်မှာ ၄ ရက် ပညာသင်ကြားပေးနေတယ်လို့ CDF အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ်တွေထဲမှာ အရင်ကတည်းက အောင်ချက်အနည်းဆုံးပြည်နယ်တခု ဖြစ်နေတာကြောင့် အခုလို ကျောင်းသူ ကျောင်းသားတွေ ပညာကို အေးအေးဆေးဆေး မသင်ယူနိုင်ကြတဲ့အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူ ကိုထောင်ကပြောပါတယ်။

“ချင်းပြည်နယ်ရဲ့ပညာရေးအခြေအနေကိုကြည့်ရင်တော့ မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်ထဲမှာလည်း အောင်ချက် မှာ အနည်းဆုံးပဲ ဖြစ်နေတယ်။ ပြီးတော့တနိုင်ငံလုံးမှာ COVID-19 ရောဂါစဖြစ်တဲ့ ၂၀၂၀ လောက်ကနေ ကျောင်းတွေက ပိတ်လိုက် ဖွင့်လိုက်။ ပိတ်လိုက် ဖွင့်လိုက် အဲဒီလိုမျိုးတွေဖြစ်လာတယ်။ နောက်ပိုင်းက အာဏာသိမ်းမှုတွေ ၂၀၂၁ မှာပြန်ဖြစ်လာတယ်။ ဖြစ်လာတော့နိုင်ငံရေးက ကစဉ့်ကလျားတွေဖြစ်ကုန်ပြီး ကျောင်းတွေကလည်း အကုန် လုံးလုံးပိတ်ထားရတဲ့အခြေအနေမျိုးတွေ ကြုံခဲ့ရတာပေါ့နော်။ ကလေးတွေက ကျောင်းပညာနဲ့ဝေးရတာက (၂) နှစ် ကျော်ပြီးပေါ့နော်။ ဆိုတော့ နိုင်ငံရေးအခြေအနေမှာ ဒီလိုမျိုးဆက်ဖြစ်ပြီးတော့ ကလေးတွေက ကျောင်း နဲ့အလှန်းဝေးနေမယ်ဆိုရင်တော့ ကလေးငယ်တွေရဲ့ပညာရေးက အင်မတန်မှ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့တော့ သုံးသပ်ရတာပေါ့နော်။”

ချင်းပြည်နယ်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သိန်းနဲ့ချီ အိုးအိမ်စွန့် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး၊ စစ်ပြေးဒုက္ခသည်တွေထဲက ကျောင်းနေအရွယ် ကျောင်းသူ ကျောင်းသားတွေ ပညာသင်ယူနိုင်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

==========

XS
SM
MD
LG