သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းတပ္မွာ ကိုယ္ထူကိုယ္ထ ပညာသင္ၾကားေရး လုပ္ေဆာင္ေန


မင္းတပ္ျမိဳ ့ကကိုယ္ထူကိုယ္ထ စာသင္ခန္းတခု (ဓာတ္ပံု - CJ)

စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ထဲမွာ အိုးအိမ္စြန႔္ထြက္ေျပးေနရတဲ့ ဒုကၡသည္လူငယ္ေတြကို ေစတနာ့ဝန္ထမ္းေတြက ပညာသင္ၾကားေပးေနၾကပါတယ္။ ေက်ာင္းသား ၆ ေထာင္ေက်ာ္ကို ကိုယ္ထူကိုယ္ထ စနစ္နဲ႔ စာသင္ၾကားေပးေနတယ္လို႔ မင္းတပ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာပါတယ္။ ၾကားကာလပညာေရးအျဖစ္ သင္ၾကားေပးေနၾကတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္းေဒသ မင္းတပ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ခ်င္းကာကြယ္ေရး CDF အဖြဲ႕ေတြ တိုက္ပြဲျဖစ္ခဲ့တာေၾကာင့္ အိုးအိမ္စြန႔္ ေဘးလြတ္ရာသြားေနၾကသူေတြ ခုထက္ထိရွိေနပါတယ္။ အဲဒီလို ေဘးကင္းရာမွာခိုလႈံေနၾကရတဲ့ ျပည္တြင္းဒုကၡသည္ ကေလးေတြအတြက္ မင္းတပ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က အေျခခံ ပညာသင္ၾကားေရးသင္ၾကားႏိုင္ဖို႔ ေဆာင္႐ြက္ေပးေနပါတယ္။ စစ္ေကာင္စီရဲ႕အုပ္ခ်ဳပ္မႈယႏၲရားကို လက္မခံဆန႔္က်င္တဲ့အေနနဲ႔ မင္းတပ္ေဒသခံေတြက ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ၂၀၂၁ ခုႏွစ္ ေမလထဲက ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ စစ္ေဘးဒုကၡႀကဳံေနတဲ့ ကေလးေတြအတြက္ ၾကားကာလပညာေရးရေအာင္ သင္ၾကားေပးေနတာလို႔ ပညာေရးတာဝန္ခံ ကိုဟုမ္းက ေျပာ ပါတယ္။

“ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ ပညာေရးက႑အေနနဲ႔လုပ္ေနတာေပါ့ေနာ္။ ၾကားကာလပညာေရးေပါ့ေနာ။ ကြၽန္ေတာ္ တို႔ ၾကားကာလပညာေရးရည္႐ြယ္ခ်က္ကေတာ့ အခု ဒီကိုဗစ္ေၾကာင့္ ေနာက္ၿပီး လက္ရွိအာဏာသိမ္းတာေပါ့ေနာ္။ ၿပီးရင္တိုက္ပြဲေတြ ဘာေတြျဖစ္လာတဲ့အက်ိဳးဆက္ေတြေၾကာင့္ ကေလးေတြရဲ႕ပညာေရးက ဒီႏွစ္မွာေနာက္က်ေနၿပီးေနာ။ မူလတန္း အ႐ြယ္ကေလးေတြ အနိမ့္ဆုံးကေတာ့ ကေလးေတြ စာေရးစာဖတ္တတ္ရမယ္။ အတြက္ခ်က္တတ္ရမယ္ဆိုၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ဒီအေျခခံကြၽမ္းက်င္မႈ(၃)ရပ္ကို ဦးတည္ၿပီးမွ ကြၽန္ေတာ္တို႔ပညာေရးကို စလုပ္လာတာ ျဖစ္တယ္ ေပါ့ေနာ္။ ”

လက္ရွိ မင္းတပ္ၿမိဳ႕နယ္က ေက်း႐ြာေပါင္း(၁၉၀)ဝန္းက်င္က ေက်ာင္းသားေတြကို ပညာသင္ၾကားေပး ေနတယ္လို႔ သူကဆက္ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ သင္ၾကားေပးတာကေတာ့ ကြၽန္ေတာ္တို႔ ဒီတၿမိဳ႕နယ္လုံးအဆင့္မွာ သင္ထားတယ္။ ေက်ာင္းသား ဦးေရက ဒါ ကြၽန္ေတာ္တို႔ ရတဲ့စာရင္းေပါ့ေနာ္။ ၆၃၀၀ ဝန္းက်င္ေလာက္ရွိတယ္ခင္ဗ်။ ဒါေပမဲ့ ခန႔္မွန္းရသေလာက္ ဆိုရင္ မင္းတပ္ၿမိဳ႕မွာ ႐ြာေပါင္းက ၁၉၀ ဝန္းက်င္ရွိတဲ့အခါက်ေတာ့ ေက်ာင္းသားေပါင္း ၇၀၀၀ ေက်ာ္ေလာက္ ရွိပါတယ္။ ေရာက္ဖို႔ေပါ့ အလားအလာရွိပါတယ္။ ”

ေက်ာင္းေနအ႐ြယ္ ဒုကၡသည္ကေလးေတြကို ေစတနာ့ဝန္ထမ္းေတြက ပညာသင္ၾကားေပးေနၾကတာပါ။ မင္းတပ္ၿမိဳ႕နယ္ထဲမွာ လုံၿခဳံေရးတင္းၾကပ္ေနတာေၾကာင့္ လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ေက်ာင္းသုံးပစၥည္းလိုအပ္ခ်က္ အခက္အခဲ သင္ၾကားေရးပိုင္းအခက္အခဲေတြရွိေနၾကပါတယ္။

“ ကြၽန္ေတာ္တို႔အဓိကအခက္ခဲကေတာ့ ဒီဘတ္ဂ်က္ေပါ့ေနာ္။ ဘ႑ာေရးေပါ့ေနာ္။ အခုကြၽန္ေတာ္လုပ္ေနတာက ဘာမွမရွိတဲ့ အေနအထားက လုပ္ေနတာေပါ့ေနာ္။ ဒီျပည္တြင္းကလူထုေတြနဲ႔ဘဲ ကြၽန္ေတာ္တို႔လည္ပတ္ တာျဖစ္တာ ေပါ့ေနာ္။ ခက္ခဲတာေတာ့ သင္ေထာက္ကူပစၥည္းေတြဝယ္ဖို႔ ေတာ္ေတာ္ခက္ခဲတယ္ဗ်။ ႐ြာေတြအေနနဲ႔ကိုယ္ထူ ကိုယ္ ထ သူတို႔ပညာေရးရန္ပုံေငြထူေထာင္တယ္။ ေနာက္တခုက အခုကြၽန္ေတာ္တို႔လည္ပတ္ေနတဲ့ပညာေရးက ဒီ ေစတနာ့ဝန္ထန္းေတြနဲ႔လည္ပတ္ေနတာေပါ့ေနာ။ အရင္က CDMဆရာဆရာမေတြက ေတာ္ေတာ္မ်ားမ်ားက ျပန္မပါ လာၾကေတာ့ဘူး။ ကိုယ့္ဘာသာကို သီးသန႔္ေနတာမ်ားတယ္။ ကြၽန္ေတာ္တို႔ရပ္႐ြာထဲမွာရွိတဲ့ လူငယ္ေတြကိုေခၚၿပီး ေတာ့မွ ကြၽန္ေတာ္တို႔က သင္တန္းျပန္ေပးတယ္။ (၁၅)ရက္ေပးတယ္။ ၿပီးရင္သူတို႔ကို သင္ခိုင္းတာေပါ့ေနာ္။ ေစတနာ ဝန္ထန္းက ဘယ္ေလာက္အထိကြၽန္ေတာ္တို႔ ေရရွည္ေပါ့ေနာ္။ အဲဒီေတာ့သူတို႔ဆက္လုပ္ႏိုင္မလဲေပါ့ေနာ္။ ကြၽန္ေတာ္ တို႔အေနနဲ႔အတိုင္းတာတခုအထိ ပံ့ပိုးေပးႏိုင္ဖို႔ကေတာ့ ႀကိဳးစားေနတယ္ေပါ့ေနာ္။”

မင္းတပ္ၿမိဳ႕နယ္ထဲမွာ ၾကားကာလ ကိုယ္ထူကိုယ္ထ ေက်ာင္းစာသင္ၾကားေရးကို ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွာထဲက စတင္ခဲ့တာျဖစ္ပါတယ္။ နယ္ေျမေအးခ်မ္းမႈမရွိလို႔ စစ္ေကာင္စီတပ္က ႐ြာထဲဝင္လာရင္ ေက်ာင္းပိတ္ထားရၿပီး ျပန္ထြက္တဲ့အခါမွ စာျပန္သင္ရတဲ့ အေျခအေနမွာရွိေနပါတယ္။

မင္းတပ္ၿမိဳ႕နယ္ထဲမွာ စစ္ေဘးတိမ္းေရွာင္ေနရသူ စုစုေပါင္း ၁၅၀၀၀ ေလာက္ ရွိေနတယ္လို႔ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဆလိုင္းေယာမာန္က ေျပာပါတယ္။
“ ခန႔္မွန္းတာ ဒီက IDP ေကာ္မီတီေတြက ၈၀၀၀ ဝန္းက်င္ေလာက္ ခန႔္မွန္းတယ္။ ဒါေပမဲ့ တကယ့္တကယ္ စစ္ေၾကာင္း ထိုးလို႔ေရွာင္လိုက္၊ စကစစစ္ေၾကာင္းျပန္သြား၊ ႐ြာထဲျပန္ဝင္ေနလိုက္ေပါ့ေနာ္။ အဲဒီလိုမ်ိဳးေျပးလိုက္ လႊားလိုက္သူေတြနဲ႔ ေပါင္းမယ္ဆိုရင္ (၂၀၀၀၀)ေက်ာ္မယ္ခင္ဗ်။ ”

ခ်င္းျပည္နယ္၊ မင္းတပ္၊ မတူပီ ၊ကန္ပက္လက္၊ ထန္တလန္၊ ဖလမ္၊း တီးတိန္၊ ဟားခါးအစရွိတဲ့ၿမိဳ႕နယ္ေတြမွာလဲ ေဒသခံ CDF အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲအတြင္း စစ္ေဘးတိမ္းေရွာင္ေနရသူ တသိန္းေက်ာ္ရွိေနတယ္လို႔ ခ်င္းဒုကၡသည္အေရး ေဆာင္႐ြက္သူေတြက ခန႔္မွန္းထားပါတယ္။ စစ္ေကာင္စီက တစ္ႏိုင္ငံလုံးမွာ စာသင္ေက်ာင္းေတြျပန္လည္ဖြင့္လွစ္ေနေပမဲ့ စစ္ေရးပဋိပကၡျဖစ္ပြါးရာေဒသနဲ႔ ၿမိဳ႕နယ္ေတြအတြင္းမွာ ေက်ာင္းတက္ေရာက္သူဦးေရ နည္းပါးၾကပါတယ္။

................................................................................................

တိုက္႐ိုက္ လင့္ခ္


မင်းတပ်မှာ ကိုယ်ထူကိုယ်ထ ပညာသင်ကြားရေး လုပ်ဆောင်နေ

(Unicode)

စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ အိုးအိမ်စွန့်ထွက်ပြေးနေရတဲ့ ဒုက္ခသည်လူငယ်တွေကို စေတနာ့ဝန်ထမ်းတွေက ပညာသင်ကြားပေးနေကြပါတယ်။ ကျောင်းသား ၆ ထောင်ကျော်ကို ကိုယ်ထူကိုယ်ထ စနစ်နဲ့ စာသင်ကြားပေးနေတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ကြားကာလပညာရေးအဖြစ် သင်ကြားပေးနေကြတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းကာကွယ်ရေး CDF အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အိုးအိမ်စွန့် ဘေးလွတ်ရာသွားနေကြသူတွေ ခုထက်ထိရှိနေပါတယ်။ အဲဒီလို ဘေးကင်းရာမှာခိုလှုံနေကြရတဲ့ ပြည်တွင်းဒုက္ခသည် ကလေးတွေအတွက် မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခြေခံ ပညာသင်ကြားရေးသင်ကြားနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ စစ်ကောင်စီရဲ့အုပ်ချုပ်မှုယန္တရားကို လက်မခံဆန့်ကျင်တဲ့အနေနဲ့ မင်းတပ်ဒေသခံတွေက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မေလထဲက ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စစ်ဘေးဒုက္ခကြုံနေတဲ့ ကလေးတွေအတွက် ကြားကာလပညာရေးရအောင် သင်ကြားပေးနေတာလို့ ပညာရေးတာဝန်ခံ ကိုဟုမ်းက ပြော ပါတယ်။

“ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးကဏ္ဍအနေနဲ့လုပ်နေတာပေါ့နော်။ ကြားကာလပညာရေးပေါ့နော။ ကျွန်တော် တို့ ကြားကာလပညာရေးရည်ရွယ်ချက်ကတော့ အခု ဒီကိုဗစ်ကြောင့် နောက်ပြီး လက်ရှိအာဏာသိမ်းတာပေါ့နော်။ ပြီးရင်တိုက်ပွဲတွေ ဘာတွေဖြစ်လာတဲ့အကျိုးဆက်တွေကြောင့် ကလေးတွေရဲ့ပညာရေးက ဒီနှစ်မှာနောက်ကျနေပြီးနော။ မူလတန်း အရွယ်ကလေးတွေ အနိမ့်ဆုံးကတော့ ကလေးတွေ စာရေးစာဖတ်တတ်ရမယ်။ အတွက်ချက်တတ်ရမယ်ဆိုပြီးတော့မှ ကျွန်တော်တို့ ဒီအခြေခံကျွမ်းကျင်မှု(၃)ရပ်ကို ဦးတည်ပြီးမှ ကျွန်တော်တို့ပညာရေးကို စလုပ်လာတာ ဖြစ်တယ် ပေါ့နော်။ ”

လက်ရှိ မင်းတပ်မြို့နယ်က ကျေးရွာပေါင်း(၁၉၀)ဝန်းကျင်က ကျောင်းသားတွေကို ပညာသင်ကြားပေး နေတယ်လို့ သူကဆက်ပြောပါတယ်။
“ကျွန်တော်တို့ သင်ကြားပေးတာကတော့ ကျွန်တော်တို့ ဒီတမြို့နယ်လုံးအဆင့်မှာ သင်ထားတယ်။ ကျောင်းသား ဦးရေက ဒါ ကျွန်တော်တို့ ရတဲ့စာရင်းပေါ့နော်။ ၆၃၀၀ ဝန်းကျင်လောက်ရှိတယ်ခင်ဗျ။ ဒါပေမဲ့ ခန့်မှန်းရသလောက် ဆိုရင် မင်းတပ်မြို့မှာ ရွာပေါင်းက ၁၉၀ ဝန်းကျင်ရှိတဲ့အခါကျတော့ ကျောင်းသားပေါင်း ၇၀၀၀ ကျော်လောက် ရှိပါတယ်။ ရောက်ဖို့ပေါ့ အလားအလာရှိပါတယ်။ ”

ကျောင်းနေအရွယ် ဒုက္ခသည်ကလေးတွေကို စေတနာ့ဝန်ထမ်းတွေက ပညာသင်ကြားပေးနေကြတာပါ။ မင်းတပ်မြို့နယ်ထဲမှာ လုံခြုံရေးတင်းကြပ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျောင်းသုံးပစ္စည်းလိုအပ်ချက် အခက်အခဲ သင်ကြားရေးပိုင်းအခက်အခဲတွေရှိနေကြပါတယ်။

“ ကျွန်တော်တို့အဓိကအခက်ခဲကတော့ ဒီဘတ်ဂျက်ပေါ့နော်။ ဘဏ္ဍာရေးပေါ့နော်။ အခုကျွန်တော်လုပ်နေတာက ဘာမှမရှိတဲ့ အနေအထားက လုပ်နေတာပေါ့နော်။ ဒီပြည်တွင်းကလူထုတွေနဲ့ဘဲ ကျွန်တော်တို့လည်ပတ် တာဖြစ်တာ ပေါ့နော်။ ခက်ခဲတာတော့ သင်ထောက်ကူပစ္စည်းတွေဝယ်ဖို့ တော်တော်ခက်ခဲတယ်ဗျ။ ရွာတွေအနေနဲ့ကိုယ်ထူ ကိုယ် ထ သူတို့ပညာရေးရန်ပုံငွေထူထောင်တယ်။ နောက်တခုက အခုကျွန်တော်တို့လည်ပတ်နေတဲ့ပညာရေးက ဒီ စေတနာ့ဝန်ထန်းတွေနဲ့လည်ပတ်နေတာပေါ့နော။ အရင်က CDMဆရာဆရာမတွေက တော်တော်များများက ပြန်မပါ လာကြတော့ဘူး။ ကိုယ့်ဘာသာကို သီးသန့်နေတာများတယ်။ ကျွန်တော်တို့ရပ်ရွာထဲမှာရှိတဲ့ လူငယ်တွေကိုခေါ်ပြီး တော့မှ ကျွန်တော်တို့က သင်တန်းပြန်ပေးတယ်။ (၁၅)ရက်ပေးတယ်။ ပြီးရင်သူတို့ကို သင်ခိုင်းတာပေါ့နော်။ စေတနာ ဝန်ထန်းက ဘယ်လောက်အထိကျွန်တော်တို့ ရေရှည်ပေါ့နော်။ အဲဒီတော့သူတို့ဆက်လုပ်နိုင်မလဲပေါ့နော်။ ကျွန်တော် တို့အနေနဲ့အတိုင်းတာတခုအထိ ပံ့ပိုးပေးနိုင်ဖို့ကတော့ ကြိုးစားနေတယ်ပေါ့နော်။”

မင်းတပ်မြို့နယ်ထဲမှာ ကြားကာလ ကိုယ်ထူကိုယ်ထ ကျောင်းစာသင်ကြားရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာထဲက စတင်ခဲ့တာဖြစ်ပါတယ်။ နယ်မြေအေးချမ်းမှုမရှိလို့ စစ်ကောင်စီတပ်က ရွာထဲဝင်လာရင် ကျောင်းပိတ်ထားရပြီး ပြန်ထွက်တဲ့အခါမှ စာပြန်သင်ရတဲ့ အခြေအနေမှာရှိနေပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရသူ စုစုပေါင်း ၁၅၀၀၀ လောက် ရှိနေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဆလိုင်းယောမာန်က ပြောပါတယ်။
“ ခန့်မှန်းတာ ဒီက IDP ကော်မီတီတွေက ၈၀၀၀ ဝန်းကျင်လောက် ခန့်မှန်းတယ်။ ဒါပေမဲ့ တကယ့်တကယ် စစ်ကြောင်း ထိုးလို့ရှောင်လိုက်၊ စကစစစ်ကြောင်းပြန်သွား၊ ရွာထဲပြန်ဝင်နေလိုက်ပေါ့နော်။ အဲဒီလိုမျိုးပြေးလိုက် လွှားလိုက်သူတွေနဲ့ ပေါင်းမယ်ဆိုရင် (၂၀၀၀၀)ကျော်မယ်ခင်ဗျ။ ”

ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီ ၊ကန်ပက်လက်၊ ထန်တလန်၊ ဖလမ်၊း တီးတိန်၊ ဟားခါးအစရှိတဲ့မြို့နယ်တွေမှာလဲ ဒေသခံ CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ဘေးတိမ်းရှောင်နေရသူ တသိန်းကျော်ရှိနေတယ်လို့ ချင်းဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။ စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နေပေမဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးရာဒေသနဲ့ မြို့နယ်တွေအတွင်းမှာ ကျောင်းတက်ရောက်သူဦးရေ နည်းပါးကြပါတယ်။

XS
SM
MD
LG