သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလက္ဝၿမိဳ႕နယ္တြင္း လက္နက္ႀကီးသံမ်ားၾကားရ


ပလက္ဝ palatwa

[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္က ေျမာက္ဦးနဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ရက္ေတြက ေသနက္သံေတြၾကားခဲ့ရတာေၾကာင့္ စိုးရိမ္မႈေတြရွိေနတဲ့ၾကားမွာပဲ ရခိုင္ျပည္နယ္စပ္ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္အတြင္းမွာ ဒီကေန႔မနက္ပိုင္းက လက္နက္ႀကီး ပစ္သံေတြ အဆက္မျပတ္ၾကားေနရတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ ဒီသတင္းအျပည့္အစုံ ရန္ကုန္ကေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ မိုင္၂၀ နီးပါးေလာက္မွာရွိတဲ့ အေဘာင္းသား ေက်း႐ြာအနီးမွာ ဒီကေန႔ မနက္ပိုင္း ၁ဝ နာရီေလာက္စၿပီး လက္နက္ႀကီး ပစ္သံေတြ အဆက္မျပတ္ၾကားေနရတယ္လု႔ိ ပလက္ဝေဒသခံတဦး ကေျပာပါတယ္။

“က်ေနာ္တို႔ ကေလးကို ေက်ာင္းသြားအပ္တဲ့အခ်ိန္ ၁၀ နာရီနဲ႔ ၁၂ မိနစ္ေလာက္ရွိမယ္ ထင္တယ္၊ အဲဒီမွာ စၿပီးၾကားတယ္။ အဲဒီကေန အခုအခ်ိန္ထိဆိုရင္ အလုံးေရ ၃၀ ေက်ာ္ေလာက္ရွိသြားၿပီ အေျမာက္ပစ္တာ။ မေန႔ကေတာ့ ဒီဘက္က စစ္ သားေတြ အေယာက္ ၁၀၀ ေက်ာ္ေလာက္ တက္သြားတယ္လို႔ေျပာတယ္။ အဲဒါေၾကာင့္ နည္းနည္းတင္းမာေနတယ္လို႔ၾကားတယ္။ အဲဒီမွာက AA တပ္လည္းရွိတယ္၊ တပ္မေတာ္လည္းရွိတယ္။ ႏွစ္ဘက္လုံးရွိတဲ့ေနရာေပါ့။”

လက္နက္ႀကီးပစ္သံေတြကို ပလက္ဝၿမိဳ႕ေပၚကအထိ ၾကားေနရၿပီး ေန႔လယ္ ၂ နာရီေက်ာ္ေလာက္အထိ မရပ္ေသးဘူးလို႔လည္းလည္း ေဒသခံေတြက ေျပာၾကပါတယ္။ ပလက္ဝေဒသဟာ ခ်င္းျပည္နယ္တြင္းမွာဆိုေပမယ့္ AA ရခိုင္တပ္နဲ႔ ျမန္မာစစ္တပ္ၾကားမွာ တိုက္ပြဲေတြ ႀကီးႀကီးမားမားျဖစ္ခဲ့ဖူးတဲ့ေနရာေတြပါ။ အခုလက္ရွိလက္နက္ႀကီးေတြ ပစ္ခတ္ေနတဲ့ေနရာမွာ ျမန္မာစစ္တပ္စခန္းေတြလည္းရွိသလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ စခန္းေတြလည္းရွိေနတာမို႔ တိုက္ပြဲျပန္ျဖစ္လာမွာကို ေဒသခံေတြက စိုးရိမ္ေနပါတယ္။

“စိုးရိမ္မႈေတြကေတာ့ က်ေနာ္တို႔ေဒသမွာက လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ သြားမွာ၊ ေျပာရရင္ က်ေနာ္တို႔ၿမိဳ႕က ဘာပဲျဖစ္ျဖစ္ လမ္းကို ပိတ္လို႔ရတယ္၊ ကုန္သြယ္စီးဆင္းမႈကလည္း က်ေနာ္တို႔မွာသေဘၤာက တပတ္ကို တရက္ပဲ တက္တယ္။ အဲဒီမွာ လိုတဲ့ပစၥည္းေတြ မတင္ရတာေတြ အမ်ားႀကီးရွိတယ္။တိုက္ပြဲျဖစ္ရင္ သေဘၤာလည္း မတက္ရတဲ့ အေျခအေနျဖစ္သြားမွာေပါ့။ စားဝတ္ေနေရးလည္း တအားခက္ခဲသြားတယ္။ တိုက္ပြဲေၾကာင့္ေပါ့။”

ၿပီးခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးလာၿပီး ပလက္ဝၿမိဳ႕စစ္ေဘးဒုကၡသည္စခန္းမွာ ေနထိုင္ေနတဲ့ စစ္ေဘးဒုကၡသည္တစ္ဦးကလည္း ေနရပ္ျပန္ရဖို႔ ေမွ်ာ္လင့္ထားေပမယ့္ အခု လက္နက္ႀကီးသံေတြ ၾကားေနရတာေၾကာင့္ တိုက္ပြဲေတြ ထပ္ျဖစ္လာမွာကို စိုးရိမ္တယ္လို႔ေျပာပါတယ္။

“ ဒီမွာ တိုက္ပြဲျဖစ္လာရင္ က်ေနာ္တို႔ ဘယ္ကိုသြားရမလဲ၊ ဘယ္မွာေနရမလဲ စိုးရိမ္စိတ္ကေတာ့ အမ်ားႀကီးရွိတာေပါ့။ က်ေနာ္တို႔ ၂၀၂၁ ကတည္းေျပးေနရတာ အခု ျပန္မယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ ျပန္ရမလို ျပန္ရမလိုနဲ႔ အခုက မရျပန္ေသးသလို ပိုၿပီးေတာ့အလွမ္း ေဝးသြားျပန္ၿပီေပါ့ေနာ္။”

ပလက္ဝၿမိဳ႕နယ္မွာ ကုန္ေဈးႏႈန္းေတြလည္း ျမင့္တက္ေနသလို လမ္းပန္းဆက္ သြယ္ေရးေတြလည္း တျခားေဒသေတြထက္ ပိုခက္ခဲေနတာေၾကာင့္ တိုက္ပြဲထပ္ျဖစ္လာရင္ စားဝတ္ေနေရးအတြက္စိုးရိမ္မိတယ္လို႔လည္း အမ်ိဳးသမီးစစ္ေဘးဒုကၡ သည္တဦး ကေျပာပါတယ္။

“စိုးရိမ္တာကေတာ့ ဒီလိုရွိတယ္ရွင့္။ ကုန္ေဈးႏႈန္းေတြ ဆက္တက္မွာ အဲလိုမ်ိဳးေတြေပါ့။ ကိုယ္ကလည္း ဒုကၡသည္ဆိုေတာ့ ဘယ္လိုအေျခအေနေတြ ျဖစ္လာမလဲ တအားစိုးရိမ္တယ္ရွင့္။”

AA ရခိုင္တပ္နဲ႔ ျမန္မာစစ္တပ္အၾကား နားလည္မႈနဲ႔အျပန္အလွန္အပစ္ရပ္ထားတယ္ဆိုေပမယ့္ အခုလပိုင္းအတြင္း ႏွစ္ဘက္ စစ္ေရးတင္းမာမႈေတြ ျပန္ျဖစ္လာေနပါတယ္။ ဒီလအတြင္းမွာပဲ ရခိုင္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ေသနက္သံေတြၾကားခဲ့ရသလို အေနာက္ပိုင္းတိုင္းစစ္ဌာနာခ်ဳပ္တည္ရွိတဲ့ အမ္းၿမိဳ႕နယ္ မွာလည္း ေသနတ္သံေတြ ထြက္ေပၚခဲ့တာေၾကာင့္ ေဒသခံေတြစိုးရိမ္မႈေတြရွိေနပါတယ္။

ပလက္ဝၿမိဳ႕နယ္တြင္း အခုလို လက္နက္ႀကီးသံေတြ ၾကားရတာနဲ႔ပတ္သက္လို႔ AA ရခိုင္တပ္ကိုေရာ ျမန္မာစစ္ေကာင္စီကိုပါ ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ခုခ်ိန္ အထိ ဆက္သြယ္လို႔မရခဲ့ပါဘူး။

#MyanmarViolence #RakhineConflict #VOABurmese #AAandMilitaryCoup #ပလက္ဝၿမိဳ႕နယ္ #စစ္ေဘးေရွာင္ #ကုန္ေစ်းႏႈန္းျမင့္ #ဗီြအိုေအ
================

[[Unicode]]

ပလက်ဝမြို့နယ်တွင်း လက်နက်ကြီးသံများကြားရ

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ အမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်တွေက သေနက်သံတွေကြားခဲ့ရတာကြောင့် စိုးရိမ်မှုတွေရှိနေတဲ့ကြားမှာပဲ ရခိုင်ပြည်နယ်စပ် ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီး ပစ်သံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံ ရန်ကုန်ကပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့ရဲ့ အနောက်မြောက်ဘက် မိုင်၂၀ နီးပါးလောက်မှာရှိတဲ့ အဘောင်းသား ကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်း ၁ဝ နာရီလောက်စပြီး လက်နက်ကြီး ပစ်သံတွေ အဆက်မပြတ်ကြားနေရတယ်လု့ိ ပလက်ဝဒေသခံတဦး ကပြောပါတယ်။

“ကျနော်တို့ ကလေးကို ကျောင်းသွားအပ်တဲ့အချိန် ၁၀ နာရီနဲ့ ၁၂ မိနစ်လောက်ရှိမယ် ထင်တယ်၊ အဲဒီမှာ စပြီးကြားတယ်။ အဲဒီကနေ အခုအချိန်ထိဆိုရင် အလုံးရေ ၃၀ ကျော်လောက်ရှိသွားပြီ အမြောက်ပစ်တာ။ မနေ့ကတော့ ဒီဘက်က စစ် သားတွေ အယောက် ၁၀၀ ကျော်လောက် တက်သွားတယ်လို့ပြောတယ်။ အဲဒါကြောင့် နည်းနည်းတင်းမာနေတယ်လို့ကြားတယ်။ အဲဒီမှာက AA တပ်လည်းရှိတယ်၊ တပ်မတော်လည်းရှိတယ်။ နှစ်ဘက်လုံးရှိတဲ့နေရာပေါ့။”

လက်နက်ကြီးပစ်သံတွေကို ပလက်ဝမြို့ပေါ်ကအထိ ကြားနေရပြီး နေ့လယ် ၂ နာရီကျော်လောက်အထိ မရပ်သေးဘူးလို့လည်းလည်း ဒေသခံတွေက ပြောကြပါတယ်။ ပလက်ဝဒေသဟာ ချင်းပြည်နယ်တွင်းမှာဆိုပေမယ့် AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ခဲ့ဖူးတဲ့နေရာတွေပါ။ အခုလက်ရှိလက်နက်ကြီးတွေ ပစ်ခတ်နေတဲ့နေရာမှာ မြန်မာစစ်တပ်စခန်းတွေလည်းရှိသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ စခန်းတွေလည်းရှိနေတာမို့ တိုက်ပွဲပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

“စိုးရိမ်မှုတွေကတော့ ကျနော်တို့ဒေသမှာက လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက် သွားမှာ၊ ပြောရရင် ကျနော်တို့မြို့က ဘာပဲဖြစ်ဖြစ် လမ်းကို ပိတ်လို့ရတယ်၊ ကုန်သွယ်စီးဆင်းမှုကလည်း ကျနော်တို့မှာသင်္ဘောက တပတ်ကို တရက်ပဲ တက်တယ်။ အဲဒီမှာ လိုတဲ့ပစ္စည်းတွေ မတင်ရတာတွေ အများကြီးရှိတယ်။တိုက်ပွဲဖြစ်ရင် သင်္ဘောလည်း မတက်ရတဲ့ အခြေအနေဖြစ်သွားမှာပေါ့။ စားဝတ်နေရေးလည်း တအားခက်ခဲသွားတယ်။ တိုက်ပွဲကြောင့်ပေါ့။”

ပြီးခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာပြီး ပလက်ဝမြို့စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း နေရပ်ပြန်ရဖို့ မျှော်လင့်ထားပေမယ့် အခု လက်နက်ကြီးသံတွေ ကြားနေရတာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ပြောပါတယ်။

“ ဒီမှာ တိုက်ပွဲဖြစ်လာရင် ကျနော်တို့ ဘယ်ကိုသွားရမလဲ၊ ဘယ်မှာနေရမလဲ စိုးရိမ်စိတ်ကတော့ အများကြီးရှိတာပေါ့။ ကျနော်တို့ ၂၀၂၁ ကတည်းပြေးနေရတာ အခု ပြန်မယ်လို့ မျှော်လင့်ထားပေမယ့် ပြန်ရမလို ပြန်ရမလိုနဲ့ အခုက မရပြန်သေးသလို ပိုပြီးတော့အလှမ်း ဝေးသွားပြန်ပြီပေါ့နော်။”

ပလက်ဝမြို့နယ်မှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေသလို လမ်းပန်းဆက် သွယ်ရေးတွေလည်း တခြားဒေသတွေထက် ပိုခက်ခဲနေတာကြောင့် တိုက်ပွဲထပ်ဖြစ်လာရင် စားဝတ်နေရေးအတွက်စိုးရိမ်မိတယ်လို့လည်း အမျိုးသမီးစစ်ဘေးဒုက္ခ သည်တဦး ကပြောပါတယ်။

“စိုးရိမ်တာကတော့ ဒီလိုရှိတယ်ရှင့်။ ကုန်ဈေးနှုန်းတွေ ဆက်တက်မှာ အဲလိုမျိုးတွေပေါ့။ ကိုယ်ကလည်း ဒုက္ခသည်ဆိုတော့ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ တအားစိုးရိမ်တယ်ရှင့်။”

AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်အကြား နားလည်မှုနဲ့အပြန်အလှန်အပစ်ရပ်ထားတယ်ဆိုပေမယ့် အခုလပိုင်းအတွင်း နှစ်ဘက် စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်လာနေပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းမှာ သေနက်သံတွေကြားခဲ့ရသလို အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ်တည်ရှိတဲ့ အမ်းမြို့နယ် မှာလည်း သေနတ်သံတွေ ထွက်ပေါ်ခဲ့တာကြောင့် ဒေသခံတွေစိုးရိမ်မှုတွေရှိနေပါတယ်။

ပလက်ဝမြို့နယ်တွင်း အခုလို လက်နက်ကြီးသံတွေ ကြားရတာနဲ့ပတ်သက်လို့ AA ရခိုင်တပ်ကိုရော မြန်မာစစ်ကောင်စီကိုပါ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ခုချိန် အထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

#MyanmarViolence #RakhineConflict #VOABurmese #AAandMilitaryCoup #ပလက်ဝမြို့နယ် #စစ်ဘေးရှောင် #ကုန်ဈေးနှုန်းမြင့် #ဗွီအိုအေ
================

XS
SM
MD
LG