သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္နယ္ ေက်း႐ြာေနအိမ္တခ်ိဳ႕ မီးရႈိ႕ဖ်က္ဆီးခံရ


စစ္ကိုင္းတုိင္း၊ ယင္းမာပင္ၿမိဳ႕နယ္အတြင္း ေနအိမ္တခ်ဳိ႕ မီး႐ိႈ႕ဖ်က္စီးခံရတယ္လို႔ ေဒသခံေတြေျပာတဲ့ ေရေသာက္ကန္ေတာျပင္ရြာပါဝင္တဲ့ ဘန္႔ေဘြးေက်းရြာအုပ္စု (MIMU)

[[Zawgyi/unicode]]

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက ဘန႔္ေဘြးေက်း႐ြာအုပ္စုကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ ရွာေဖြ ရွင္းလင္းေနတာမွာ ေရေသာက္ကန္ေတာျပင္ေက်း႐ြာ၊ ကန္စုေက်း႐ြာ စတဲ့ ေက်း႐ြာေတြက ေနအိမ္ေတြ မီးရႈိ႕ခံခဲ့ရပါတယ္။ လြန္ခဲ့တဲ့ ၁ လေက်ာ္ကတည္းက ေဒသထဲမွာတပ္စြဲၿပီး စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတာေၾကာင့္ ေဒသခံေတာင္သူေတြ ေဘးလြတ္ရာမွာ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။ ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ ဒီေန႔ အထိ ျဖစ္ေနတဲ့အေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြျဖစ္ေနသလို စစ္ေကာင္စီတပ္ေတြကလည္း စစ္ကိုင္းၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ နယ္ေျမ႐ွင္းလင္းေနပါတယ္။ ယင္းမာပင္ၿမိဳ႕နယ္ထဲက ဘန္႔ေဘြးေက်း႐ြာနားမွာ ဧၿပီလ ၃ ရက္နဲ႔ ၄ ရက္ေန႔တုန္းက တိုက္ပြဲအနည္းငယ္ျဖစ္ခဲ့ၿပီးေနာက္ ဘန္႔ေဘြးေက်း ႐ြာအုပ္စုထဲမွာပါတဲ့ ႐ြာေတြကို စစ္တပ္က ဝင္ေရာက္႐ွာေဖြ၊ ဖမ္းဆီး၊ သတ္ျဖတ္၊ မီး႐ႈိ႔တာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာျပၾကပါတယ္။ ဒီေန႔ ဧၿပီ ၁၂ ရက္မွာေတာ့ အိမ္ေျခ ၃၀၀ ဝန္းက်င္ရွိတဲ့ ကန္စုေက်း႐ြာထဲကို စစ္တပ္ေတြ ဝင္ေရာက္ မီး႐ႈိ႕ခဲ့တာေၾကာင့္ အိမ္အလံုး ၃၀ ေက်ာ္ မီးေလာင္ခဲ့တယ္လို႔ ခုလိုေျပာျပပါတယ္။

“ဒီကေန႔ ကန္စုမွာက ၁၀ နာရီေလာက္က ရႈိ႕ေနတာေပါ့ေနာ္။ အခု အခ်ိန္ထိလည္း ေလာင္ေနဆဲေပါ့။ အခုေတာ့ ေက်း႐ြာကလူေတြ ေတာ္ေတာ္မ်ားမ်ား ေတာထဲ ေရွာင္တိမ္းေနၾကတာဆိုေတာ့ ၃၅ အိမ္ေတာ့ ပါသြားတယ္ၾကားတယ္။”

ဧၿပီ ၁၁ ရက္ တနလၤာေန႔ကလည္း ဘန္႔ေဘြးေက်း႐ြာအုပ္စုထဲကပဲ လူဦးေရ ၂၀၀ ဝန္းက်င္ေလာက္ရွိတဲ့ ေရေသာက္ကန္ေတာျပင္ေက်း႐ြာက အိမ္ေတြကို မီးရႈိ႕ခဲ့တာေၾကာင့္ ေနအိမ္ ၁၈ လုံး မီးထဲပါသြားတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မေန႔က ၁၁ ရက္ေန႔ကေတာ့ ေရေသာက္ကန္ေတာျပင္မွာရွိတဲ့ ဒီ ေတာမွာေနၾကတဲ့ေတာင္သူေတြေပါ့ ဗ်ာ။ အဲ့ဒီအိမ္ေတြေလာင္တာ မီးရႈိ႕ခံရတာ။ ၁၈ လုံးေတာ့ ပါသြားတယ္ မေန႔က။”

စစ္တပ္လိုလားတဲ့ ပ်ဴေစာထီးေတြအင္အားေကာင္းတဲ့ ဘန္႔ေဘြးေက်း႐ြာထဲမွာ စစ္ေကာင္စီတပ္ေတြ ၁ လ ေက်ာ္ကတည္းက စခန္းခ်ၿပီး အနီးအနား႐ြာေတြထဲ ဝင္ေရာက္ ႐ွာေဖြမီး႐ႈိ႕တာေတြလုပ္ေနတာလို႔ ေဒသခံေတြက ေျပာၾကပါတယ္။ ဘန္႔ေဘြးေက်း႐ြာအုပ္စုထဲမွာ ဘန္႔ေဘြး႐ြာ၊ ဘန္႔ေဘြးေျမာက္႐ြာ၊ နဘူေတာ၊ သိၾကားစက္၊ ေ႐ြစု၊ ထန္းဇဥ္၊ လက္ပန္၊ ကံစု ဆိုတဲ့ ႐ြာ ၈ ႐ြာပါဝင္ပါတယ္။ ဘန္႔ေဘြး႐ြာမွာ စစ္တပ္ေတြ စတင္တပ္စြဲေနခ်ိန္ထဲက က်န္႐ြာေတြက ႐ြာသားေတြအားလံုး ေဘးလြတ္ရာ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကတာ ၁ လခြဲေလာက္ ရွိေနၾကၿပီလို႔ ေဒသခံတစ္ဦးက ခုလိုေျပာပါတယ္။

“ဒီေန႔ဆိုရင္ ရက္ေပါင္း ၄၆ ရက္၊ ၁ လနဲ႔ ၁၆ ရက္ ရွိၿပီ။ အၿမဲတမ္းလည္ၿပီးကင္းလွည့္ေနတာပဲ သူတို႔ကေတာ့။ ဘန္႔ေဘြးအုပ္စုထဲမွာ ႐ြာက ၈ ႐ြာပဲ ရွိတာ။ အဲ့ဒီ ၈ ႐ြာလုံး အကုန္ေျပးေနၾကရတာဗ်ာ။”

အခုႏွစ္ ေဖေဖာ္ဝါရီလပိုင္းကစလို႔ ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား ထိေတြ႔တိုက္ပြဲေတြ စျဖစ္ခဲ့ပါတယ္။ အခုရက္ပိုင္း ဘန္႔ေဘြးေက်း႐ြာတဝိုက္ ထိေတြတိုက္ပြဲေတြမရွိဘဲ စစ္ေကာင္စီတပ္ေတြက ႐ြာေတြထဲကိုဝင္ၿပီး မီးရႈိ႕တာလို႔ ေဒသခံေတြ ေျပာပါတယ္။ စစ္တပ္ေတြ ႐ြာထဲဝင္လာၾကရင္ ႐ြာသားေတြကို ဖမ္းဆီးတာ၊ သတ္ျဖတ္တာေတြအျပင္ အိမ္ေတြ ရာနဲ႔ခ်ီ မီးရႈိ႕ေနတာေၾကာင့္ ေဘးကင္းရာ ထြက္ေျပးေနၾကတာလို႔ ေတာင္ယာအလုပ္လုပ္ၾကတဲ့ ႐ြာခံေတြက ေျပာပါတယ္။ တခ်ိဳ႕ေတြက စစ္ေကာင္စီတပ္ေတြ ထြက္သြားတဲ့အခ်ိန္ ႐ြာကို ျပန္လာေနၾကတာမ်ိဳးေတြ ရွိေပမယ့္ ေျပာင္းေ႐ြ႕ရခက္တဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ကေလးငယ္ေတြ မ်ားတဲ့ မိသားစုေတြကေတာ့ ေတာထဲမွာပဲ ေနေနၾကရတာပါ။ လက္ရွိမွာေတာ့ ယင္းမာပင္ဘက္က အိုးအိမ္စြန္႔ ထြက္ေျပးေနၾကသူေတြအတြက္ စားေသာက္ေရးနဲ႔ ေနထိုင္ေရးကိစၥေတြမွာ အခက္အခဲေတြ အမ်ားႀကီးရွိေနၾကတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

ယင်းမာပင်နယ် ကျေးရွာနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်တွေ ဝင်ရောက် ရှာဖွေ ရှင်းလင်းနေတာမှာ ရေသောက်ကန်တောပြင်ကျေးရွာ၊ ကန်စုကျေးရွာ စတဲ့ ကျေးရွာတွေက နေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁ လကျော်ကတည်းက ဒေသထဲမှာတပ်စွဲပြီး စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတောင်သူတွေ ဘေးလွတ်ရာမှာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ ယင်းမာပင်မြို့နယ်ထဲမှာ ဒီနေ့ အထိ ဖြစ်နေတဲ့အခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီတပ်တွေကလည်း စစ်ကိုင်းမြို့နယ်တော်တော်များများမှာ နယ်မြေရှင်းလင်းနေပါတယ်။ ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးကျေးရွာနားမှာ ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့တုန်းက တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ပြီးနောက် ဘန့်ဘွေးကျေး ရွာအုပ်စုထဲမှာပါတဲ့ ရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ဒီနေ့ ဧပြီ ၁၂ ရက်မှာတော့ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကန်စုကျေးရွာထဲကို စစ်တပ်တွေ ဝင်ရောက် မီးရှို့ခဲ့တာကြောင့် အိမ်အလုံး ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ခုလိုပြောပြပါတယ်။

“ဒီကနေ့ ကန်စုမှာက ၁၀ နာရီလောက်က ရှို့နေတာပေါ့နော်။ အခု အချိန်ထိလည်း လောင်နေဆဲပေါ့။ အခုတော့ ကျေးရွာကလူတွေ တော်တော်များများ တောထဲ ရှောင်တိမ်းနေကြတာဆိုတော့ ၃၅ အိမ်တော့ ပါသွားတယ်ကြားတယ်။”

ဧပြီ ၁၁ ရက် တနင်္လာနေ့ကလည်း ဘန့်ဘွေးကျေးရွာအုပ်စုထဲကပဲ လူဦးရေ ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ ရေသောက်ကန်တောပြင်ကျေးရွာက အိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၈ လုံး မီးထဲပါသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ၁၁ ရက်နေ့ကတော့ ရေသောက်ကန်တောပြင်မှာရှိတဲ့ ဒီ တောမှာနေကြတဲ့တောင်သူတွေပေါ့ ဗျာ။ အဲ့ဒီအိမ်တွေလောင်တာ မီးရှို့ခံရတာ။ ၁၈ လုံးတော့ ပါသွားတယ် မနေ့က။”

စစ်တပ်လိုလားတဲ့ ပျူစောထီးတွေအင်အားကောင်းတဲ့ ဘန့်ဘွေးကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ ၁ လ ကျော်ကတည်းက စခန်းချပြီး အနီးအနားရွာတွေထဲ ဝင်ရောက် ရှာဖွေမီးရှို့တာတွေလုပ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဘန့်ဘွေးကျေးရွာအုပ်စုထဲမှာ ဘန့်ဘွေးရွာ၊ ဘန့်ဘွေးမြောက်ရွာ၊ နဘူတော၊ သိကြားစက်၊ ရွေစု၊ ထန်းဇဉ်၊ လက်ပန်၊ ကံစု ဆိုတဲ့ ရွာ ၈ ရွာပါဝင်ပါတယ်။ ဘန့်ဘွေးရွာမှာ စစ်တပ်တွေ စတင်တပ်စွဲနေချိန်ထဲက ကျန်ရွာတွေက ရွာသားတွေအားလုံး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာ ၁ လခွဲလောက် ရှိနေကြပြီလို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ဒီနေ့ဆိုရင် ရက်ပေါင်း ၄၆ ရက်၊ ၁ လနဲ့ ၁၆ ရက် ရှိပြီ။ အမြဲတမ်းလည်ပြီးကင်းလှည့်နေတာပဲ သူတို့ကတော့။ ဘန့်ဘွေးအုပ်စုထဲမှာ ရွာက ၈ ရွာပဲ ရှိတာ။ အဲ့ဒီ ၈ ရွာလုံး အကုန်ပြေးနေကြရတာဗျာ။”

အခုနှစ် ဖေဖော်ဝါရီလပိုင်းကစလို့ ယင်းမာပင်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ စဖြစ်ခဲ့ပါတယ်။ အခုရက်ပိုင်း ဘန့်ဘွေးကျေးရွာတဝိုက် ထိတွေတိုက်ပွဲတွေမရှိဘဲ စစ်ကောင်စီတပ်တွေက ရွာတွေထဲကိုဝင်ပြီး မီးရှို့တာလို့ ဒေသခံတွေ ပြောပါတယ်။ စစ်တပ်တွေ ရွာထဲဝင်လာကြရင် ရွာသားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေအပြင် အိမ်တွေ ရာနဲ့ချီ မီးရှို့နေတာကြောင့် ဘေးကင်းရာ ထွက်ပြေးနေကြတာလို့ တောင်ယာအလုပ်လုပ်ကြတဲ့ ရွာခံတွေက ပြောပါတယ်။ တချို့တွေက စစ်ကောင်စီတပ်တွေ ထွက်သွားတဲ့အချိန် ရွာကို ပြန်လာနေကြတာမျိုးတွေ ရှိပေမယ့် ပြောင်းရွေ့ရခက်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ များတဲ့ မိသားစုတွေကတော့ တောထဲမှာပဲ နေနေကြရတာပါ။ လက်ရှိမှာတော့ ယင်းမာပင်ဘက်က အိုးအိမ်စွန့် ထွက်ပြေးနေကြသူတွေအတွက် စားသောက်ရေးနဲ့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲတွေ အများကြီးရှိနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
================

XS
SM
MD
LG