သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ပိုင္း သုံးရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားေန


ဧၿပီလ ၂၆၊ ၂၀၂၂ သံုးရက္ဆက္တုိက္ တိုက္ပြဲျဖစ္ေနခဲ့ၿပီး ေနအိမ္ေတြမီး႐ိႈ႕ခံရတဲ့ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက နတ္ေခ်ာင္း၊ နတ္ေျမာင္းနဲ႔ ေခ်ာင္းခြေက်းရြာမ်ား။ (MIMU)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္ေတာင္ပိုင္း နတ္ေခ်ာင္းနဲ႔ေခ်ာင္းခြေက်း႐ြာဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြအၾကား ဒီေန႔ ဧၿပီလ၂၆ ရက္ေန႔ပါဆို တိုက္ပြဲျဖစ္ပြါးေနတာ ၃ ရက္ ရွိေနပါၿပီ။ တိုက္ပြဲအတြင္း ႐ြာ ၂ ႐ြာေပါင္း ေနအိမ္အလုံး ၃၀ ထက္မနည္း မီးရႈိ႕ခံရၿပီး ေဒသခံ ႐ြာသားေတြလဲ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ကုိင္းတိုင္းထဲမွာ စစ္ေရးတင္းမာေနဆဲ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း နတ္ေခ်ာင္းနဲ႔ ေခ်ာင္းခြေက်းရြာတို႔ဘက္မွာ ေဒသခံကာကြယ္ေရး PDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပဲြျဖစ္ေနတာ ၃ ရက္ ဆက္တိုက္႐ွိေနပါၿပီ။ ဒီေန႔ ဧၿပီလ ၂၆ ရက္ အဂၤါေန႔မနက္က တိုက္ပြဲျဖစ္ပြါးတဲ့အေျခအေနကို နတ္ေခ်ာင္းရြာသားတဦးက ခုလိုေျပာျပပါတယ္။

“သူတို႔ ထိေတြ႔တိုက္ပြဲျဖစ္ပြါးေနတဲ့အေနအထားပဲဗ်။ လက္နက္ႀကီးသံေတြ မၾကာမၾကာ ၾကားေနရတုန္းပဲ။ ဒီေန႔တိုက္ပြဲက မေန႔ကက်န္ခဲ့တဲ့ သူတို႔ရဲ႕မိုင္းထိတဲ့ကားေတြ သူတို႔ ရည္မွန္းခ်က္ဆီ ျပန္ဆြဲၿပီး ပါေအာင္ဆြဲဖို႔ ေစာင့္ရင္းနဲ႔လုပ္တဲ့ပြဲထင္ပါတယ္။ လက္နက္ႀကီးေတြေတာ့ အျပန္အလွန္ ထုၾကတယ္။ တိုက္ပြဲက မေန႔က ပိုျပင္းထန္တာေပါ့။”

တနဂၤေႏြေန႔ကစၿပီး ဒီကေန႔အထိ တိုက္ပြဲ ၃ ရက္ဆက္ ျဖစ္ပြါးေနတာပါ။ ဒီလိုျဖစ္ပြါးတဲ့တိုက္ပြဲမွာ နတ္ေခ်ာင္းနဲ႔ ေခ်ာင္းခြေက်းရြာေတြ မီးရွိဳ႕ခံရတယ္လို႔ အဆိုပါရြာသားကပဲ ဆက္ေျပာပါတယ္။

“အဲဒီ မီးတိုက္ခံရတာက တိုက္ပြဲေတာ္ေတာ္ျဖစ္ၿပီးေတာ့ အတိုက္ခံရတဲ့ ေနရာေတြအမ်ားစုကို သူတို႔ မီး႐ိႈ႕သြားတာခင္ဗ်ာ။ နတ္ေခ်ာင္းကေတာ့ ဒီတႀကိမ္ အိမ္ေျခနည္းတယ္။ ေခ်ာင္းခြကေတာ့အိမ္ေျခပိုမ်ားတယ္ဗ်။ ပါသြားတာက။ (၃၀) ေလာက္ ပါမယ္လို႔ ေျပာတယ္ဗ်။ ေခ်ာင္းခြရြာက။ နတ္ေခ်ာင္းက (၈) အိမ္ေလာက္ ထပ္ပါသြားတယ္။ အခုထိ တိုက္ပြဲျဖစ္ေနဆဲမို႔လို႔ အဲဒီ မီးရွိဳ႕ခံရတဲ့အိမ္ေတြဆီကို မသြားနိုင္ေသးဘူးေပါ့ဗ်ာ။ အဲဒါေၾကာင့္ အေသးစိတ္ကိုမသိနိုင္ေသးဘူး။ အခုမနက္အထိ တိုက္ ပြဲျဖစ္ေနဆဲ ျဖစ္တဲ့အတြက္ ဝင္လို႔ မရေသးဘူးေပါ့။ ရြာဘက္ဆီကို။ ရြာသားေတြကေတာ့ ထုံးစံအတိုင္းပဲေပါ့ဗ်ာ။ သူတို႔ လာၿပီဆိုတာနဲ႔ ေတေတြ ေတာင္ေတြထဲ၊ ယာတဲေတြထဲ၊ တခ်ိဳ႕ကဘုန္းႀကီးေက်ာင္းေတြထဲ ခိုၾက ေရွာင္ၾကတာ။”

ညေနပိုင္းအထိ ခန္႔မွန္းေျခစာရင္းအရ ေခ်ာင္းခြရြာနဲ႔ နတ္ေခ်ာင္း႐ြာ ၂ ႐ြာေပါင္း ေနအိမ္ ၃၀ ေက်ာ္ မီး႐ႈိ႕ခံရတယ္လို႔ သူကေျပာပါတယ္။

ေဒသခံကာကြယ္ေရးအဖြဲ႔တခုျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ (ပကဖ) အဖြဲ႔ တာဝန္ရွိသူတဦးကေတာ့ တနဂၤေႏြေန႔နဲ႔ တနလၤာေန႔မွာျဖစ္ပြါးတဲ့ တိုက္ပြဲအေျခအေနနဲ႔ပက္သက္လို႔ အခုလိုေျပာပါတယ္။

“တိုက္ပြဲအေျခအေနကေတာ့ မေန႔က သူတို႔ နတ္ေျမာင္းမွာပဲ အထိုင္ခ်ထားတာကိုး။ ေတာက္ေလွ်ာက္ တေန႔က မနက္ (၄) နာရီေလာက္က သူတို႔က ကား (၅) စီးေလာက္က ကေလးကေန ထြက္လာတယ္ ေတာင္ပိုင္းကိုေလ။ အဲဒါ ေထာက္ၾကံ႕မွာ တစီးကပ်က္လို႔ ခနနား၊ မိုင္းမွန္။ ေနာက္မွ အတူတူတက္လာနတ္ေခ်ာင္းဘက္ကို။ မေန႔ကလည္း နတ္ေျမာင္းဘက္ ဖန္းခါးဘက္မွာ ပစ္ၾကတယ္ေလ။ သူတို႔က ရြာေတြမီးရွိဳ႕တယ္ဗ်။ နတ္ေျမာင္းမွာ က်ေနာ္တို႔ ပကဖထဲတေယာက္ က်သြားတယ္ဗ်။ စစ္ေကာင္စီဘက္ကလည္း က်သြားတယ္ဗ်။ (၁၃) ေယာက္ေလာက္က်တယ္ဗ်။”

စစ္ေကာင္စီဘက္က အက်အဆံုးနဲ႔ပတ္သက္လို႔ ဗီြအိုေအက သီးျခားအတည္ျပဳႏိုင္ျခင္း မ႐ွိေသးပါဘူး။ ကေလးၿမိဳ႕နယ္ဘက္တိုက္ပြဲအေျခအေနနဲ႔ အိမ္မီးေလာင္မွဳျဖစ္စဥ္ကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ရာမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကအခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ေျပာခ်င္တာေတာ့ အဲဒီ ကေလး-နတ္ေခ်ာင္းေဒသမွာ တခ်ိဳ႕ေနရာေတြမွာ က်ေနာ္တို႔ ထိေတြ႔မွဳေတြရွိတယ္။ အဓိကေတာ့ PDF နဲ႔ KIA ပူးေပါင္းအဖြဲ႔ေတြနဲ႔ ထိေတြ႕မွဳေလးေတြရွိတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ KIA နဲ႔ PDF ေတြရဲ႕စခန္းေတြနဲ႔ပက္သက္ၿပီးေတာ့ အဓိက က်ေနာ္တို႔ လုံျခံဳေရးအရ ေဆာင္ရြက္လွ်က္ရွိတယ္။ အဲဒီလိုေဆာင္ရြက္တဲ့ေနရာမွာ ရြာထဲမွာ ပုန္းေအာင္းေနတဲ့ဟာေတြလည္း ရွိပါတယ္။ ရြာကိုအကာကြယ္လုပ္ၿပီးေတာ့ ေဆာင္ရြက္ေနတဲ့ဟာေတြလည္း ရွိတယ္။ ရြာနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ လုပ္ေဆာင္တာမရွိဘူး။ စခန္းေတြနဲ႔ပက္သက္ၿပီးေတာ့က် သူတို႔ ယာယီအေျချပဳေနတဲ့စခန္းေတြ၊ ယာယီအေျခခ်ေနတဲ့စခန္းေတြနဲ႔ပတ္သက္ၿပီးေတာ့ နယ္ေျမေအးခ်မ္းေရးအတြက္ က်ေနာ္တို႔အေနနဲ႔ လုံျခံဳေရးအရ ဆက္လက္ေဆာင္ရြက္ေနတာ ရွိပါတယ္။”

နတ္ေျမာင္း၊ နတ္ေခ်ာင္း၊ ေခ်ာင္းခြ၊ စည္သာ၊ ေအာင္ခ်မ္းသာ အစရွိတဲ့ေက်းရြာဘက္မွာ ကာကြယ္ေရးအဖြဲ႔ေတြ လွဳပ္ရွားေနသလို စစ္ေကာင္စီတပ္ကလည္း နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ရင္း တိုက္ပြဲမၾကာခနျဖစ္ပြါးေနပါတယ္။ တိုက္ပြဲျဖစ္တဲ့အခါေတြမွာ ေက်း႐ြာက ေနအိမ္ေတြ မီး႐ႈိ႕ခံရေလ့႐ွိပါတယ္။ စစ္ေကာင္စီတပ္ေတြ မီး႐ႈိ႕တာလို႔ ေဒသခံျပည္သူေတြက ေျပာေပမယ့္ စစ္ေကာင္စီကေတာ့ သူတုိ႔အဆို အၾကမ္းဖက္အဖဲြ႔ေတြက ႐ႈိ႕တာလို႔ အၿမဲေျပာေလ့႐ွိပါတယ္။

နတ္ေခ်ာင္းနဲ႔ စည္သာေက်းရြာေတြမွာလည္း ဧၿပီလ ၁၁ ရက္ေန႔က ေနအိမ္ေတြ မီး႐ႈိ႕ခံရပါတယ္။ ၂၀၂၁ ဒီဇင္ဘာကေန ၂၀၂၂ ဧၿပီလအထိ ၄ ႀကိမ္ မီးရွိဳ႕ခံရတာမွာ စုစုေပါင္း အိမ္ေျခ ၂၀၀ နီးပါးဆံုး႐ႈံုးခဲ့ၾကပါတယ္။ နတ္ေခ်ာင္း ေအာင္ခ်မ္းသာ စည္သာစတဲ့ အိမ္မီးရွိဳ႕ခံရြာသားေထာင္ေက်ာ္ဟာ ေတာေတာင္ထဲမွာ ဘုန္းႀကီးေက်ာင္းမွာနဲ႔ နီးစပ္ရာေဆြမ်ိဳးသားခ်င္းအိမ္မွာ ခိုလွံဳေနရၿပီး စားေသာက္ ေနထိုင္ေရးမွာအခက္ခဲရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ကလေးမြို့တောင်ပိုင်း သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းနဲ့ချောင်းခွကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား ဒီနေ့ ဧပြီလ၂၆ ရက်နေ့ပါဆို တိုက်ပွဲဖြစ်ပွါးနေတာ ၃ ရက် ရှိနေပါပြီ။ တိုက်ပွဲအတွင်း ရွာ ၂ ရွာပေါင်း နေအိမ်အလုံး ၃၀ ထက်မနည်း မီးရှို့ခံရပြီး ဒေသခံ ရွာသားတွေလဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ရေးတင်းမာနေဆဲ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းနဲ့ ချောင်းခွကျေးရွာတို့ဘက်မှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာ ၃ ရက် ဆက်တိုက်ရှိနေပါပြီ။ ဒီနေ့ ဧပြီလ ၂၆ ရက် အင်္ဂါနေ့မနက်က တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေကို နတ်ချောင်းရွာသားတဦးက ခုလိုပြောပြပါတယ်။

“သူတို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတဲ့အနေအထားပဲဗျ။ လက်နက်ကြီးသံတွေ မကြာမကြာ ကြားနေရတုန်းပဲ။ ဒီနေ့တိုက်ပွဲက မနေ့ကကျန်ခဲ့တဲ့ သူတို့ရဲ့မိုင်းထိတဲ့ကားတွေ သူတို့ ရည်မှန်းချက်ဆီ ပြန်ဆွဲပြီး ပါအောင်ဆွဲဖို့ စောင့်ရင်းနဲ့လုပ်တဲ့ပွဲထင်ပါတယ်။ လက်နက်ကြီးတွေတော့ အပြန်အလှန် ထုကြတယ်။ တိုက်ပွဲက မနေ့က ပိုပြင်းထန်တာပေါ့။”

တနင်္ဂနွေနေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲ ၃ ရက်ဆက် ဖြစ်ပွါးနေတာပါ။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာ နတ်ချောင်းနဲ့ ချောင်းခွကျေးရွာတွေ မီးရှို့ခံရတယ်လို့ အဆိုပါရွာသားကပဲ ဆက်ပြောပါတယ်။

“အဲဒီ မီးတိုက်ခံရတာက တိုက်ပွဲတော်တော်ဖြစ်ပြီးတော့ အတိုက်ခံရတဲ့ နေရာတွေအများစုကို သူတို့ မီးရှို့သွားတာခင်ဗျာ။ နတ်ချောင်းကတော့ ဒီတကြိမ် အိမ်ခြေနည်းတယ်။ ချောင်းခွကတော့အိမ်ခြေပိုများတယ်ဗျ။ ပါသွားတာက။ (၃၀) လောက် ပါမယ်လို့ ပြောတယ်ဗျ။ ချောင်းခွရွာက။ နတ်ချောင်းက (၈) အိမ်လောက် ထပ်ပါသွားတယ်။ အခုထိ တိုက်ပွဲဖြစ်နေဆဲမို့လို့ အဲဒီ မီးရှို့ခံရတဲ့အိမ်တွေဆီကို မသွားနိုင်သေးဘူးပေါ့ဗျာ။ အဲဒါကြောင့် အသေးစိတ်ကိုမသိနိုင်သေးဘူး။ အခုမနက်အထိ တိုက် ပွဲဖြစ်နေဆဲ ဖြစ်တဲ့အတွက် ဝင်လို့ မရသေးဘူးပေါ့။ ရွာဘက်ဆီကို။ ရွာသားတွေကတော့ ထုံးစံအတိုင်းပဲပေါ့ဗျာ။ သူတို့ လာပြီဆိုတာနဲ့ တေတွေ တောင်တွေထဲ၊ ယာတဲတွေထဲ၊ တချို့ကဘုန်းကြီးကျောင်းတွေထဲ ခိုကြ ရှောင်ကြတာ။”

ညနေပိုင်းအထိ ခန့်မှန်းခြေစာရင်းအရ ချောင်းခွရွာနဲ့ နတ်ချောင်းရွာ ၂ ရွာပေါင်း နေအိမ် ၃၀ ကျော် မီးရှို့ခံရတယ်လို့ သူကပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ တာဝန်ရှိသူတဦးကတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာဖြစ်ပွါးတဲ့ တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ အခုလိုပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ မနေ့က သူတို့ နတ်မြောင်းမှာပဲ အထိုင်ချထားတာကိုး။ တောက်လျှောက် တနေ့က မနက် (၄) နာရီလောက်က သူတို့က ကား (၅) စီးလောက်က ကလေးကနေ ထွက်လာတယ် တောင်ပိုင်းကိုလေ။ အဲဒါ ထောက်ကြံ့မှာ တစီးကပျက်လို့ ခနနား၊ မိုင်းမှန်။ နောက်မှ အတူတူတက်လာနတ်ချောင်းဘက်ကို။ မနေ့ကလည်း နတ်မြောင်းဘက် ဖန်းခါးဘက်မှာ ပစ်ကြတယ်လေ။ သူတို့က ရွာတွေမီးရှို့တယ်ဗျ။ နတ်မြောင်းမှာ ကျနော်တို့ ပကဖထဲတယောက် ကျသွားတယ်ဗျ။ စစ်ကောင်စီဘက်ကလည်း ကျသွားတယ်ဗျ။ (၁၃) ယောက်လောက်ကျတယ်ဗျ။”

စစ်ကောင်စီဘက်က အကျအဆုံးနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ကလေးမြို့နယ်ဘက်တိုက်ပွဲအခြေအနေနဲ့ အိမ်မီးလောင်မှုဖြစ်စဉ်ကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“ကျနော်တို့ ပြောချင်တာတော့ အဲဒီ ကလေး-နတ်ချောင်းဒေသမှာ တချို့နေရာတွေမှာ ကျနော်တို့ ထိတွေ့မှုတွေရှိတယ်။ အဓိကတော့ PDF နဲ့ KIA ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့မှုလေးတွေရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ KIA နဲ့ PDF တွေရဲ့စခန်းတွေနဲ့ပက်သက်ပြီးတော့ အဓိက ကျနော်တို့ လုံခြုံရေးအရ ဆောင်ရွက်လျှက်ရှိတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရွာထဲမှာ ပုန်းအောင်းနေတဲ့ဟာတွေလည်း ရှိပါတယ်။ ရွာကိုအကာကွယ်လုပ်ပြီးတော့ ဆောင်ရွက်နေတဲ့ဟာတွေလည်း ရှိတယ်။ ရွာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်တာမရှိဘူး။ စခန်းတွေနဲ့ပက်သက်ပြီးတော့ကျ သူတို့ ယာယီအခြေပြုနေတဲ့စခန်းတွေ၊ ယာယီအခြေချနေတဲ့စခန်းတွေနဲ့ပတ်သက်ပြီးတော့ နယ်မြေအေးချမ်းရေးအတွက် ကျနော်တို့အနေနဲ့ လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်နေတာ ရှိပါတယ်။”

နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ စည်သာ၊ အောင်ချမ်းသာ အစရှိတဲ့ကျေးရွာဘက်မှာ ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားနေသလို စစ်ကောင်စီတပ်ကလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း တိုက်ပွဲမကြာခနဖြစ်ပွါးနေပါတယ်။ တိုက်ပွဲဖြစ်တဲ့အခါတွေမှာ ကျေးရွာက နေအိမ်တွေ မီးရှို့ခံရလေ့ရှိပါတယ်။ စစ်ကောင်စီတပ်တွေ မီးရှို့တာလို့ ဒေသခံပြည်သူတွေက ပြောပေမယ့် စစ်ကောင်စီကတော့ သူတို့အဆို အကြမ်းဖက်အဖွဲ့တွေက ရှို့တာလို့ အမြဲပြောလေ့ရှိပါတယ်။

နတ်ချောင်းနဲ့ စည်သာကျေးရွာတွေမှာလည်း ဧပြီလ ၁၁ ရက်နေ့က နေအိမ်တွေ မီးရှို့ခံရပါတယ်။ ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၂ ဧပြီလအထိ ၄ ကြိမ် မီးရှို့ခံရတာမှာ စုစုပေါင်း အိမ်ခြေ ၂၀၀ နီးပါးဆုံးရှုံးခဲ့ကြပါတယ်။ နတ်ချောင်း အောင်ချမ်းသာ စည်သာစတဲ့ အိမ်မီးရှို့ခံရွာသားထောင်ကျော်ဟာ တောတောင်ထဲမှာ ဘုန်းကြီးကျောင်းမှာနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်မှာ ခိုလှုံနေရပြီး စားသောက် နေထိုင်ရေးမှာအခက်ခဲရှိနေပါတယ်။
===========

XS
SM
MD
LG