သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲ ဝါရီဆူးပလိုင္ေက်း႐ြာကို စစ္ဇုံအျဖစ္ PDF သတ္မွတ္


PDF ဘက္က စစ္ဇံုသတ္မွတ္လိုက္တဲ့ ဝါရီဆူးပလိုင္ေက်းရြာရွိရာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ မိုးၿဗဲၿမိဳ႕နယ္။ (Crd: MIMU)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့လက တိုက္ပြဲျပင္းထန္ခဲ့တဲ့ ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕ ဝါရီဆူးပလိုင္ေက်း႐ြာကို စစ္ဇုံအျဖစ္ သတ္မွတ္လိုက္တာမို႔ အသြားအလာမလုပ္ဖို႔ မိုးၿဗဲ PDF က မေန႔က သတိေပးထုတ္ျပန္ပါတယ္။ အဲ့ဒီေက်း႐ြာေတြမွာ စစ္ေကာင္စီက တပ္စြဲအေျခခ်ထားတာေၾကာင့္ ေဒသခံေတြ လယ္ယာစိုက္ပ်ိဳးေရး လုပ္ငန္းေတြ မလုပ္ေဆာင္ႏိုင္ဘဲ ေဘးထြက္ရာကို ထြက္ေျပးေနၾကရပါတယ္။ အလားတူ ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းက တိုက္ပြဲျဖစ္ခဲ့တဲ့ လြယ္ေပါ႐ြာ၊ လဟယ္႐ြာတေက်ာမွာ စစ္ေကာင္စီက တပ္စြဲထားၿပီး ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ေရွာင္ေနရတာမို႔ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ မလုပ္ႏိုင္ၾကပါဘူး။ ဒါေၾကာင့္ ေနာက္လာမယ့္ႏွစ္ေတြမွာ စားနပ္ရိကၡာအတြက္ ပိုမိုခက္ခဲလာမယ္လို႔ စစ္ေရွာင္တဦးက ေျပာပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားတာပါ။

ၿပီးခဲ့တဲ့ ေမလက တိုက္ပြဲျပင္းထန္ခဲ့တဲ့ မိုးၿဗဲၿမိဳ႕ ဝါရီဆူးပလိုင္ေက်း႐ြာကို စစ္ဇုံအျဖစ္ သတ္မွတ္လိုက္ၿပီမို႔ ဇြန္လ ၂၈ ရက္ကေနစၿပီး မည္သည့္ျပည္သူ၊ မည္သည့္အဖြဲ႔အစည္းမဆို အသြားအလာမလုပ္ဖို႔ မိုးၿဗဲ PDF က မေန႔က သတိေပးထုတ္ျပန္ ပါတယ္။ လိုက္နာမႈမရွိဘဲ ဆက္လက္ သြားလာေနမယ္ဆိုရင္ မိုးၿဗဲ PDF အေနနဲ႔ လုံးဝတာဝန္ယူမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ေဒသခံေတြ လယ္ယာစိုက္ပ်ိဳးလုပ္ငန္းေတြ မလုပ္ကိုင္ႏိုင္ေအာင္ လယ္ယာဧက ၁,၀၀၀ ေက်ာ္ရွိတဲ့ ဝါရီဆူးပလိုင္ေက်း႐ြာဘက္မွာ စစ္ေကာင္စီတပ္က ရည္႐ြယ္ခ်က္ရွိရွိ တပ္စြဲအေျခခ်ထားေၾကာင္းနဲ႔၊ အဲဒီ စစ္ေကာင္စီတပ္ကို ရိကၡာျဖတ္ေတာက္ဖို႔ကိုလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ဝါရီဆူးပလိုင္ေက်း႐ြာမွာ လခ်ီနဲ႔ၾကာ တပ္စြဲအထိုင္ခ်ထားဆဲျဖစ္ၿပီး ေက်း႐ြာေတြမွာ မိုင္းေထာင္ထားသလို အရပ္သားျပည္သူေတြ သြားလာတာေတြ႕ရင္ ပစ္ခတ္ေနတယ္လို႔ မိုးၿဗဲစစ္ေရွာင္ကူညီေနသူ တဦးက ေျပာပါတယ္။

“တပ္စြဲထားတာေတာ့ ၾကာပါၿပီ။ ၃ လ ၄ လနီးပါးရွိပါၿပီ။ လြန္ခဲ့တဲ့ မိုးၿဗဲတိုက္ပြဲကေပါ့ေနာ္၊ ဝါရီဆူးပလိုင္ ၂ လပိုင္းကတည္းကေနေပါ့။ အခုထိ စစ္ေကာင္စီက အဲ့မွာတပ္စြဲတုန္းပါပဲ။ အဲ့ဒါ ေနာက္အမ်ားျပည္သူ သြားလာမလုပ္ဖို႔ေတြ အဲ့လိုမ်ိဳးေပါ့ေနာ္၊ (PDF က) သူတို႔ထုတ္ျပန္ထားတာေတြေပါ့၊ သြားလာတာလုပ္ခဲ့မယ္ဆိုရင္ တာဝန္ယူမွာမဟုတ္ေၾကာင္းေပါ့ေနာ္၊ ဘာလို႔လဲဆို စစ္ဇုံလည္းျဖစ္ေနတဲ့အခါ စစ္ေကာင္စီလည္း အဲ့မွာ သူတို႔မိုင္းဆင္ထားတာေတြ ရွိတယ္၊ ေနာက္အနီးအနားသြားလာတဲ့ ျပည္သူေတြ သူတို႔ပစ္ခတ္တာေတြလည္း ရွိတယ္ေပါ့။ အဲ့ဒါေၾကာင့္မလို႔ (PDFက) သူတို႔စာထုတ္ျပန္တာျဖစ္မယ္။”

မိုးၿဗဲၿမိဳ႕ ဝါရီဆူးပလိုင္ေက်း႐ြာတဝိုက္ဟာ ဆန္ စပါးအထြက္ဆုံးေနရာေတြ ျဖစ္ပါတယ္။ လက္ရွိမွာ စစ္ေကာင္စီတပ္ေတြက ေက်း႐ြာေတြမွာ တပ္စြဲေနထိုင္တာေတြေၾကာင့္ ေဒသခံေတြ ေနရပ္မျပန္ႏိုင္ေသးသလို လယ္ယာလုပ္ငန္းလည္း မလုပ္ ႏိုင္ဘူးလို႔ မိုးၿဗဲစစ္ေရွာင္ကူညီေနသူက ေျပာပါတယ္။ လာမယ့္ႏွစ္ေတြအတြက္ ဆန္ စပါးအထြက္ႏႈန္းက်ဆင္းလာမွာျဖစ္ၿပီး စာနပ္ရိကၡာအတြက္လည္း အခက္အခဲပိုျဖစ္လာမယ္လို႔ ေျပာပါတယ္။

“မိုးၿဗဲက ထြက္တဲ့ ဆန္ စပါးေတြကက်ေတာ့ အဓိက အမ်ားအျဖစ္ထြက္တာက ဒီဝါရီဆူးပလိုင္ဘက္ကေန ထြက္တာမ်ားတယ္။ အခု ဝါရီဆူးပလိုင္က ႐ြာျပန္မရျခင္းအားျဖင့္ေပါ့၊ မိုးၿဗဲက ဆန္ စပါးအထြက္ေတြလည္း ေတာ္ေတာ္ေလးက်တယ္ေပါ့ေနာ္။ လုပ္လို႔ မရေတာ့ဘူးေပါ့၊ တခ်ိဳ႕က လုပ္လို႔ရတယ္၊ ဒါမယ့္ ဝါရီဆူးပလိုင္ ဘက္က လုံးဝလုပ္လို႔မရတာ။ အဲ့ဒါေၾကာင့္ ဒီႏွစ္ လယ္က်ေတာ့ သုံးခ်ိဳး တခ်ိဳးေလာက္ပဲေပါ့။ က်ေနာ္အရင္ေျပာထားတဲ့အတိုင္း အဲ့ေလာက္ပဲ လုပ္ႏိုင္မယ္လို႔ ထင္တယ္။ အကုန္လုံးအခက္အခဲရွိတယ္ေပ့ါ။ ဒီေငြေရးေၾကးေရးမေျပာနဲ႔ အဝတ္အစားကေနစေပါ့ဗ်ာ။ ထမင္း ဟင္းခ်က္ဖို႔ အိုးေတြေပ့ါ၊ တဲထိုးဖို႔ မိုးကာေတြကအစရယ္၊ ၿပီးေတာ့ သူတို႔ ဖ်ားနာမယ္လည္း ေဆးဝါးကုသမႈစရိတ္ေတြေပါ့ေနာ္ အဲ့ဒါေတြ (စစ္ေရွာင္ေတြ)သူတို႔မွာ လုံးဝအခက္အခဲရွိေနတာေပါ့။”

စစ္ေျပးဒုကၡသည္ အမ်ားစုဟာ အလုပ္အကိုင္မရွိ ဝင္ေငြျပတ္လပ္ၿပီး က်န္းမာေရးအေျခအေနနဲ႔ စားဝတ္ေနေရးအတြက္ အေတာ္ေလး အခက္အခဲ ျဖစ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ ေမလေလာက္က တိုက္ပြဲျဖစ္ခဲ့တဲ့ ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းက လဟယ္ေက်း႐ြာ လြယ္ေပါေက်း႐ြာေတြဘက္မွာလည္း စစ္ေကာင္စီတပ္က အခုခ်ိန္ထိ တပ္စြဲေနယူထားဆဲျဖစ္တယ္လို႔ ဆီးမီးေလာ့႐ြာခံ စစ္ေရွာင္တဦးက ေျပာပါတယ္။ ဒါေၾကာင့္ စိုက္ပ်ိဳးေရး လုပ္ငန္းေတြ ထိခိုက္တယ္လို႔ ေျပာပါတယ္။

“စစ္ေကာင္စီနဲ႔ PNO- ပအိုဝ္းတပ္ဖြဲ႕ေပါ့၊ ပူးေပါင္းတပ္ဖြဲ႕ေတြက အဲ့ဒီမွာ တပ္စြဲထားတာ။ လဟယ္႐ြာနေဘးမွာ ေဒသခံေျပာအရေတာ့ ဒီစစ္အင္အားေတာ့ ၄၀၀၊ ၅၀၀ ေလာက္ရွိတယ္ေပါ့ေနာ္၊ သူတို႔အင္အားထပ္ျဖည့္တယ္ေပါ့။ လြယ္ေပါရရယ္၊ နန္းေပၚလုံရယ္၊ လဟယ္ရယ္၊ ေတာင္ပို႔ႀကီးရယ္ အဲ့ဘက္တေၾကာေတာ့ ဒီေဆာင္နန္းခဲအထိေပါ့၊ ဘယ္႐ြာကိုမွ စိုက္ပ်ိဳးေရး မျပန္လုပ္ႏိုင္ဘူးေပါ့ေနာ္။ (စစ္ေရွာင္ေတြ) ဆီဆိုင္ဘက္ေျပးေရွာင္လိုက္၊ ေတာင္ေပၚမွာ ေတာင္တန္းေတာင္ၾကားမွာ သူတို႔ ေနလိုက္ပဲ။ စစ္ေရွာင္ကတည္းက ခက္ခဲၿပီးသား ေနာက္တႏွစ္ေတာ့ ပိုၿပီးေတာ့ စားေရးေသာက္ေရး၊ က်န္းမာေရးကအစေပါ့ အစစအရာရာ ပိုၿပီးေတာ့ အခက္အခဲျဖစ္ပါလိမ့္မယ္။ ဘာလို႔လဲဆို စိုက္ပ်ိဳးေရးအဓိက မွီမီရတဲ့အတြက္ေၾကာင့္ေပါ့ေနာ္။”

စစ္ေျပးဒုကၡသည္ေတြဟာ လက္ရွိအခ်ိန္မွာ အလႉရွင္ေတြကိုသာ အားကိုးစားေသာက္ေနရၿပီး ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ စစ္ေရွာင္ေတြနဲ႔ ကူညီေနသူေတြက ေျပာဆိုၾကပါတယ္။

#MyanmarViolence #VOABurmese #မိုးၿဗဲဝါရီဆူးပလိုင္ရြာ #စစ္ဇံု #စစ္ေဘးေရွာင္ #ဗီြအိုေအ

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


မိုးဗြဲ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုံအဖြစ် PDF သတ်မှတ်

ပြီးခဲ့တဲ့လက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုံအဖြစ် သတ်မှတ်လိုက်တာမို့ အသွားအလာမလုပ်ဖို့ မိုးဗြဲ PDF က မနေ့က သတိပေးထုတ်ပြန်ပါတယ်။ အဲ့ဒီကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲအခြေချထားတာကြောင့် ဒေသခံတွေ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ မလုပ်ဆောင်နိုင်ဘဲ ဘေးထွက်ရာကို ထွက်ပြေးနေကြရပါတယ်။ အလားတူ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက တိုက်ပွဲဖြစ်ခဲ့တဲ့ လွယ်ပေါရွာ၊ လဟယ်ရွာတကျောမှာ စစ်ကောင်စီက တပ်စွဲထားပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ရှောင်နေရတာမို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် နောက်လာမယ့်နှစ်တွေမှာ စားနပ်ရိက္ခာအတွက် ပိုမိုခက်ခဲလာမယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ မေလက တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုံအဖြစ် သတ်မှတ်လိုက်ပြီမို့ ဇွန်လ ၂၈ ရက်ကနေစပြီး မည်သည့်ပြည်သူ၊ မည်သည့်အဖွဲ့အစည်းမဆို အသွားအလာမလုပ်ဖို့ မိုးဗြဲ PDF က မနေ့က သတိပေးထုတ်ပြန် ပါတယ်။ လိုက်နာမှုမရှိဘဲ ဆက်လက် သွားလာနေမယ်ဆိုရင် မိုးဗြဲ PDF အနေနဲ့ လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေသခံတွေ လယ်ယာစိုက်ပျိုးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်အောင် လယ်ယာဧက ၁,၀၀၀ ကျော်ရှိတဲ့ ဝါရီဆူးပလိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ တပ်စွဲအခြေချထားကြောင်းနဲ့၊ အဲဒီ စစ်ကောင်စီတပ်ကို ရိက္ခာဖြတ်တောက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝါရီဆူးပလိုင်ကျေးရွာမှာ လချီနဲ့ကြာ တပ်စွဲအထိုင်ချထားဆဲဖြစ်ပြီး ကျေးရွာတွေမှာ မိုင်းထောင်ထားသလို အရပ်သားပြည်သူတွေ သွားလာတာတွေ့ရင် ပစ်ခတ်နေတယ်လို့ မိုးဗြဲစစ်ရှောင်ကူညီနေသူ တဦးက ပြောပါတယ်။

“တပ်စွဲထားတာတော့ ကြာပါပြီ။ ၃ လ ၄ လနီးပါးရှိပါပြီ။ လွန်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲကပေါ့နော်၊ ဝါရီဆူးပလိုင် ၂ လပိုင်းကတည်းကနေပေါ့။ အခုထိ စစ်ကောင်စီက အဲ့မှာတပ်စွဲတုန်းပါပဲ။ အဲ့ဒါ နောက်အများပြည်သူ သွားလာမလုပ်ဖို့တွေ အဲ့လိုမျိုးပေါ့နော်၊ (PDF က) သူတို့ထုတ်ပြန်ထားတာတွေပေါ့၊ သွားလာတာလုပ်ခဲ့မယ်ဆိုရင် တာဝန်ယူမှာမဟုတ်ကြောင်းပေါ့နော်၊ ဘာလို့လဲဆို စစ်ဇုံလည်းဖြစ်နေတဲ့အခါ စစ်ကောင်စီလည်း အဲ့မှာ သူတို့မိုင်းဆင်ထားတာတွေ ရှိတယ်၊ နောက်အနီးအနားသွားလာတဲ့ ပြည်သူတွေ သူတို့ပစ်ခတ်တာတွေလည်း ရှိတယ်ပေါ့။ အဲ့ဒါကြောင့်မလို့ (PDFက) သူတို့စာထုတ်ပြန်တာဖြစ်မယ်။”

မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာတဝိုက်ဟာ ဆန် စပါးအထွက်ဆုံးနေရာတွေ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ တပ်စွဲနေထိုင်တာတွေကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို လယ်ယာလုပ်ငန်းလည်း မလုပ် နိုင်ဘူးလို့ မိုးဗြဲစစ်ရှောင်ကူညီနေသူက ပြောပါတယ်။ လာမယ့်နှစ်တွေအတွက် ဆန် စပါးအထွက်နှုန်းကျဆင်းလာမှာဖြစ်ပြီး စာနပ်ရိက္ခာအတွက်လည်း အခက်အခဲပိုဖြစ်လာမယ်လို့ ပြောပါတယ်။

“မိုးဗြဲက ထွက်တဲ့ ဆန် စပါးတွေကကျတော့ အဓိက အများအဖြစ်ထွက်တာက ဒီဝါရီဆူးပလိုင်ဘက်ကနေ ထွက်တာများတယ်။ အခု ဝါရီဆူးပလိုင်က ရွာပြန်မရခြင်းအားဖြင့်ပေါ့၊ မိုးဗြဲက ဆန် စပါးအထွက်တွေလည်း တော်တော်လေးကျတယ်ပေါ့နော်။ လုပ်လို့ မရတော့ဘူးပေါ့၊ တချို့က လုပ်လို့ရတယ်၊ ဒါမယ့် ဝါရီဆူးပလိုင် ဘက်က လုံးဝလုပ်လို့မရတာ။ အဲ့ဒါကြောင့် ဒီနှစ် လယ်ကျတော့ သုံးချိုး တချိုးလောက်ပဲပေါ့။ ကျနော်အရင်ပြောထားတဲ့အတိုင်း အဲ့လောက်ပဲ လုပ်နိုင်မယ်လို့ ထင်တယ်။ အကုန်လုံးအခက်အခဲရှိတယ်ပေ့ါ။ ဒီငွေရေးကြေးရေးမပြောနဲ့ အဝတ်အစားကနေစပေါ့ဗျာ။ ထမင်း ဟင်းချက်ဖို့ အိုးတွေပေ့ါ၊ တဲထိုးဖို့ မိုးကာတွေကအစရယ်၊ ပြီးတော့ သူတို့ ဖျားနာမယ်လည်း ဆေးဝါးကုသမှုစရိတ်တွေပေါ့နော် အဲ့ဒါတွေ (စစ်ရှောင်တွေ)သူတို့မှာ လုံးဝအခက်အခဲရှိနေတာပေါ့။”

စစ်ပြေးဒုက္ခသည် အများစုဟာ အလုပ်အကိုင်မရှိ ဝင်ငွေပြတ်လပ်ပြီး ကျန်းမာရေးအခြေအနေနဲ့ စားဝတ်နေရေးအတွက် အတော်လေး အခက်အခဲ ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလလောက်က တိုက်ပွဲဖြစ်ခဲ့တဲ့ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက လဟယ်ကျေးရွာ လွယ်ပေါကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်က အခုချိန်ထိ တပ်စွဲနေယူထားဆဲဖြစ်တယ်လို့ ဆီးမီးလော့ရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီနဲ့ PNO- ပအိုဝ်းတပ်ဖွဲ့ပေါ့၊ ပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီမှာ တပ်စွဲထားတာ။ လဟယ်ရွာနဘေးမှာ ဒေသခံပြောအရတော့ ဒီစစ်အင်အားတော့ ၄၀၀၊ ၅၀၀ လောက်ရှိတယ်ပေါ့နော်၊ သူတို့အင်အားထပ်ဖြည့်တယ်ပေါ့။ လွယ်ပေါရရယ်၊ နန်းပေါ်လုံရယ်၊ လဟယ်ရယ်၊ တောင်ပို့ကြီးရယ် အဲ့ဘက်တကြောတော့ ဒီဆောင်နန်းခဲအထိပေါ့၊ ဘယ်ရွာကိုမှ စိုက်ပျိုးရေး မပြန်လုပ်နိုင်ဘူးပေါ့နော်။ (စစ်ရှောင်တွေ) ဆီဆိုင်ဘက်ပြေးရှောင်လိုက်၊ တောင်ပေါ်မှာ တောင်တန်းတောင်ကြားမှာ သူတို့ နေလိုက်ပဲ။ စစ်ရှောင်ကတည်းက ခက်ခဲပြီးသား နောက်တနှစ်တော့ ပိုပြီးတော့ စားရေးသောက်ရေး၊ ကျန်းမာရေးကအစပေါ့ အစစအရာရာ ပိုပြီးတော့ အခက်အခဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆို စိုက်ပျိုးရေးအဓိက မှီမီရတဲ့အတွက်ကြောင့်ပေါ့နော်။”

စစ်ပြေးဒုက္ခသည်တွေဟာ လက်ရှိအချိန်မှာ အလှူရှင်တွေကိုသာ အားကိုးစားသောက်နေရပြီး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီနေသူတွေက ပြောဆိုကြပါတယ်။

#MyanmarViolence #VOABurmese #မိုးဗြဲဝါရီဆူးပလိုင်ရွာ #စစ်ဇုံ #စစ်ဘေးရှောင် #ဗွီအိုအေ
============

XS
SM
MD
LG