သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဦးၿမိဳ႕ ေပါက္ကဲြမႈ ကေလး ၂ ဦး အပါအ၀င္ ၃ ဦးေသ


ေျမာက္ဦးၿမိဳ႕

(Zawgyi/ Unicode)

ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕မွာ မေန႔ညေနပုိင္းက ေပါက္ကဲြမႈ ျဖစ္ခဲ့တာေၾကာင့္ ကေလးငယ္ ၂ ဦး အပါအ၀င္ လူ ၃ ဦး ေသဆုံးၿပီး၊ ၄ ဦး ဒဏ္ရာရခဲ့ပါတယ္။ ေဒသခံျမန္မာစစ္တပ္နဲ႔ ေဒသခံေတြကေတာ့ မေပါက္ကဲြေသးတဲ့ လက္က်န္ဗုံး ေပါက္ကဲြမႈ ျဖစ္ႏုိင္တယ္လုိ႔ ယူဆေနၾကတာပါ။

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ေနတဲ့ ရခုိင္ျပည္နယ္ထဲမွာ အရပ္သားေတြ ထိခုိက္ေသဆုံးေနရတဲ့ ေနာက္ဆုံးအေျခအေနေတြကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပထားပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ခ်င္းပ်ံေတာရပ္ကြက္မွာ မေန႔က ညေနပိုင္းေလာက္က ေပါက္ကဲြမႈတခုျဖစ္ပြားခဲ့ရာမွာ ကေလးငယ္ ၂ ဦး ပဲြခ်င္းၿပီး ေသဆုံးၿပီး ေနာက္တဦးကေတာ့ ေဆး႐ုံမွာပဲ ဒဏ္ရာနဲ႔ ေသဆုံးခဲ့တာပါ။

ေပါက္ကဲြမႈအတြင္း ေနာက္ထပ္ လူ ၄ ဦးထက္မနည္း ဒဏ္ရာရခဲ့တယ္လုိ႔လည္း ေဒသခံ လူမႈေရးအဖဲြ႔တခုျဖစ္တဲ့ ဂရုဏာလႈိင္းေသြးလွဴရွင္အသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ေျမာက္ဦး အလယ္ေစ်းရပ္ကြက္ ခ်င္းပ်ံေတာရပ္ကြက္ မွာ က်ေနာ္တို႔ကို အကူအညီေတာင္းတာကေတာ့ ဗံုးဆံထိၿပီးေတာ့ လူနာေတြ ဒဏ္ရာရတယ္ဆိုၿပီးေတာ့ အေၾကာင္းၾကားတယ္ အဲတာေၾကာင့္ က်ေနာ္တို႔ အေရးေပၚကားနဲ႔ လူနာသြားသယ္တယ္ ။ သြားသယ္တဲ့ အခ်ိန္မွာ ေယာက်ာ္းေလးတစ္ေယာက္ အသက္ ၅ႏွစ္ မိန္းကေလးတစ္ေယာက္ အသက္ အသက္ ၂ႏွစ္ကေတာ့ တစ္ခါတည္း ပြဲခ်င္းၿပီးေသသြားတယ္။ ေနာက္ထပ္ ၅ေယာက္ ကေတာ့ ဒဏ္ရာျပင္းျပင္းထန္ထန္ေပါ့ အဲတာေတြ အကုန္လံုးကို အေရးေပၚကားနဲ႔ ေဆးရံုကို ပို႔ေပးလိုက္တယ္ ေဆးရံုကို ေရာက္လို႔ တစ္နာရီ ဝန္းက်င္ေလာက္မွာ အသက္ ၂၁ ရွိတဲ့ အမ်ိဳးသမီးတစ္ဦး ေဆးရံုေပၚမွာပဲ ထပ္ၿပီးေတာ့ ဆံုးသြားတယ္။”

လက္ရွိဒဏ္ရာေၾကာင့္ ေဆး႐ုံတင္ထားရသူ ၄ အနက္ ၂ ေယာက္ရဲ႕ ဒဏ္ရာေတြက ျပင္းထန္တယ္လုိ႔လည္း ေျပာပါတယ္။

“အခုေလာေလာဆယ္ က်န္တဲ့ ၄ေယာက္ လူနာထဲမွာကေတာ့ ႏွစ္ေယာက္ကေတာ့ သိပ္မစိုးရိမ္ရဘူး။ ေနာက္ႏွစ္ေယာက္ကေတာ့ ျပင္းျပင္းထန္ထန္ပဲ။ ေျပာရမယ္ဆိုရင္ ေျချပတ္ လက္ျပတ္အထိေရာက္ေနတယ္ ႏွစ္ေယာက္က။ တိုက္ပြဲကေတာ့ ၿမိဳ႕တြင္းထဲမွာ တိုက္ပြဲမရွိဘူး။ အစ္ကိုတို႔ၾကားတာကေတာ့ က်က်န္ခဲ့တဲ့ လက္နက္ႀကီး ေပါက္ကြဲတာလို႔ ၾကားတယ္။ အေသးစိတ္ေတာ့ မသိဘူး။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကေတာ့ ေျမာက္ဦးၿမိဳ႕ေပၚမွာ တိုက္ပြဲျဖစ္ပြားတာ မရွိခဲ့ဘဲ အခုေပါက္ကြဲမႈဟာ အရင္လက္က်န္ဗုံး ျဖစ္ႏုိင္တယ္လုိ႔ ေျပာပါတယ္။

“မေန႔က အဲဒီနားမွာ တိုက္ပြဲျဖစ္တာလည္း မရွိဘူး တပ္ကလည္း ပစ္တာမဟုတ္ဘူး။ တိုက္ပြဲျဖစ္မွာ ဗုန္းသီးဆိုတာ ပစ္လို႔ရတဲ့ အမ်ိဳး ၊ တိုက္ပြဲမျဖစ္ပဲ ဘယ္လိုလုပ္ ပစ္လို႔ရမွာလဲ။က်ေနာ္တို႔ စံုစမ္းသိရသေလာက္ကေတာ့ အရင္တုန္း က ပစ္လိုက္လို႔ မကြဲေသးတဲ့ ဗံုးသီး ဒါဘယ္သူပစ္လိုက္လဲေတာ့ က်ေနာ္လည္း မသိဘူး။ AAပစ္တာ လား ဘယ္သူပစ္တာလည္း က်ေနာ္မသိဘူး။ အဲဗုံးသီးကို ေတြၿပီး ဒီဟာဘာလဲ ဆိုၿပီးေတာ့ ေက်ာက္ခဲ့နဲ႔ ထုရင္း ထကြဲတာ။”

ေျမာက္ဦးၿမိဳ႕ေပၚမွာ မေန႔က တိုက္ပြဲျဖစ္ပြားတာမရွိခဲ့ေပမယ့္ တစ္ျခားေနရာေတြမွာ တိုက္ပြဲျဖစ္ပြားတာေတြ ရွိတယ္လို႔ ရခိုင္လက္နက္ကိုင္ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ဒီဇင္ဘာလ ႏွစ္ရက္ေန႔မွာေတာ့ ဒီဇင္ဘာလ တစ္ရက္နဲ႔ တုိုက္ပြဲျဖစ္ခဲ့တဲ့ ပုဏၰားကြ်န္းၿမိဳ႕နယ္ ၾကက္ေခ်းရြာရဲ႕ ေအေနာက္ေျမာက္ဖက္ အဲဒီမွာ တိုက္ပြဲထပ္ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ေျမာက္ဦးၿမိဳ႕နယ္ နလိပ္ရြာရဲ႕ အေရွ႕ေျမာက္ဖက္ ေတာင္တန္းမွာလည္း တိုက္ပြဲ ဆက္လက္ၿပီးေတာ့ တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ဒီေန႔ ဒီဇင္လာလ ၃ ရက္ ၁၀ နာရီေလာက္မွာ ေျမပံုၿမိဳ႕နယ္ မီးေက်ာင္းတဲ ရြာနဲ႔ ေတာင္ႀကီးရြာၾကားမွာ ရန္ကုန္-စစ္ေတြ ကားလမ္းမေပၚမွာ ျမန္မာစစ္တပ္ရဲ႕ စစ္ေၾကာင္းတစ္ခုကို က်ေနာ္တို႔ ရခိုင့္တပ္ေတာ္က ျဖတ္ေတာက္ တိုက္ခိုက္ခဲ့တာရွိတယ္။ အဲဒီမွာ ျမန္မာစစ္တပ္ဖက္ကထိခိုက္ က်ဆံုးမႈ ရွိတယ္လို႔ သိရတယ္ အေသးစိတ္ အခ်က္အလက္ကိုေတာ့ ညေနပိုင္းေလာက္မွ သိရမယ္ခင္ဗ်ာ။”

ေျမာက္ဦးၿမိဳ႕နယ္က ေက်းရြာတစ္ခ်ိဳ႕မွာ ဒီဇင္လာလ တစ္ရက္ေန႔က စတင္ၿပီး ရခိုင္လက္နက္ကိုင္ AAအဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ၃ရက္အတြင္း ေျမာက္ဦးၿမိဳ႕နယ္မွာ အရပ္သား ေသဆံုးသူ ၃ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ၁၁ ဦးအထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

မြောက်ဦးမြို့ ပေါက်ကွဲမှု ကလေး ၂ ဦး အပါအဝင် ၃ ဦးသေ

(Unicode)

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၃ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံမြန်မာစစ်တပ်နဲ့ ဒေသခံတွေကတော့ မပေါက်ကွဲသေးတဲ့ လက်ကျန်ဗုံး ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ယူဆနေကြတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေ ထိခိုက်သေဆုံးနေရတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြထားပါတယ်။

မြောက်ဦးမြို့နယ် ချင်းပျံတောရပ်ကွက်မှာ မနေ့က ညနေပိုင်းလောက်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရာမှာ ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး နောက်တဦးကတော့ ဆေးရုံမှာပဲ ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

ပေါက်ကွဲမှုအတွင်း နောက်ထပ် လူ ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံ လူမှုရေးအဖွဲ့တခုဖြစ်တဲ့ ဂရုဏာလှိုင်းသွေးလှူရှင်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြောက်ဦး အလယ်ဈေးရပ်ကွက် ချင်းပျံတောရပ်ကွက် မှာ ကျနော်တို့ကို အကူအညီတောင်းတာကတော့ ဗုံးဆံထိပြီးတော့ လူနာတွေ ဒဏ်ရာရတယ်ဆိုပြီးတော့ အကြောင်းကြားတယ် အဲတာကြောင့် ကျနော်တို့ အရေးပေါ်ကားနဲ့ လူနာသွားသယ်တယ် ။ သွားသယ်တဲ့ အချိန်မှာ ယောကျာ်းလေးတစ်ယောက် အသက် ၅နှစ် မိန်းကလေးတစ်ယောက် အသက် အသက် ၂နှစ်ကတော့ တစ်ခါတည်း ပွဲချင်းပြီးသေသွားတယ်။ နောက်ထပ် ၅ယောက် ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ပေါ့ အဲတာတွေ အကုန်လုံးကို အရေးပေါ်ကားနဲ့ ဆေးရုံကို ပို့ပေးလိုက်တယ် ဆေးရုံကို ရောက်လို့ တစ်နာရီ ဝန်းကျင်လောက်မှာ အသက် ၂၁ ရှိတဲ့ အမျိုးသမီးတစ်ဦး ဆေးရုံပေါ်မှာပဲ ထပ်ပြီးတော့ ဆုံးသွားတယ်။”

လက်ရှိဒဏ်ရာကြောင့် ဆေးရုံတင်ထားရသူ ၄ အနက် ၂ ယောက်ရဲ့ ဒဏ်ရာတွေက ပြင်းထန်တယ်လို့လည်း ပြောပါတယ်။

“အခုလောလောဆယ် ကျန်တဲ့ ၄ယောက် လူနာထဲမှာကတော့ နှစ်ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး။ နောက်နှစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်ပဲ။ ပြောရမယ်ဆိုရင် ခြေပြတ် လက်ပြတ်အထိရောက်နေတယ် နှစ်ယောက်က။ တိုက်ပွဲကတော့ မြို့တွင်းထဲမှာ တိုက်ပွဲမရှိဘူး။ အစ်ကိုတို့ကြားတာကတော့ ကျကျန်ခဲ့တဲ့ လက်နက်ကြီး ပေါက်ကွဲတာလို့ ကြားတယ်။ အသေးစိတ်တော့ မသိဘူး။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ မြောက်ဦးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘဲ အခုပေါက်ကွဲမှုဟာ အရင်လက်ကျန်ဗုံး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“မနေ့က အဲဒီနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး တပ်ကလည်း ပစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်မှာ ဗုန်းသီးဆိုတာ ပစ်လို့ရတဲ့ အမျိုး ၊ တိုက်ပွဲမဖြစ်ပဲ ဘယ်လိုလုပ် ပစ်လို့ရမှာလဲ။ကျနော်တို့ စုံစမ်းသိရသလောက်ကတော့ အရင်တုန်း က ပစ်လိုက်လို့ မကွဲသေးတဲ့ ဗုံးသီး ဒါဘယ်သူပစ်လိုက်လဲတော့ ကျနော်လည်း မသိဘူး။ AAပစ်တာ လား ဘယ်သူပစ်တာလည်း ကျနော်မသိဘူး။ အဲဗုံးသီးကို တွေပြီး ဒီဟာဘာလဲ ဆိုပြီးတော့ ကျောက်ခဲ့နဲ့ ထုရင်း ထကွဲတာ။”

မြောက်ဦးမြို့ပေါ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ပေမယ့် တစ်ခြားနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ရခိုင်လက်နက်ကိုင် AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီဇင်ဘာလ နှစ်ရက်နေ့မှာတော့ ဒီဇင်ဘာလ တစ်ရက်နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကြက်ချေးရွာရဲ့ အေနောက်မြောက်ဖက် အဲဒီမှာ တိုက်ပွဲထပ်ဖြစ်တယ်။ နောက်ပြီးတော့ မြောက်ဦးမြို့နယ် နလိပ်ရွာရဲ့ အရှေ့မြောက်ဖက် တောင်တန်းမှာလည်း တိုက်ပွဲ ဆက်လက်ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ဒီနေ့ ဒီဇင်လာလ ၃ ရက် ၁၀ နာရီလောက်မှာ မြေပုံမြို့နယ် မီးကျောင်းတဲ ရွာနဲ့ တောင်ကြီးရွာကြားမှာ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို ကျနော်တို့ ရခိုင့်တပ်တော်က ဖြတ်တောက် တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ဖက်ကထိခိုက် ကျဆုံးမှု ရှိတယ်လို့ သိရတယ် အသေးစိတ် အချက်အလက်ကိုတော့ ညနေပိုင်းလောက်မှ သိရမယ်ခင်ဗျာ။”

မြောက်ဦးမြို့နယ်က ကျေးရွာတစ်ချို့မှာ ဒီဇင်လာလ တစ်ရက်နေ့က စတင်ပြီး ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၃ရက်အတွင်း မြောက်ဦးမြို့နယ်မှာ အရပ်သား သေဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးအထိ ရှိနေပါတယ်။

XS
SM
MD
LG