သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂဒေသ ဝက်သက်ရောဂါကူးစက်မှု မထိန်းချုပ်နိုင်သေး


Choy yetishtiriladigan dalaning yuqoridan ko'rinishi. Xitoy
Choy yetishtiriladigan dalaning yuqoridan ko'rinishi. Xitoy

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ဖြစ်ပွါးနေတဲ့ ပြင်းထန်ဝက်သက်ကူးစက်ရောဂါကို အစိုး ရကျန်းမာရေးဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေကနေ ကွင်းဆင်းကုသပေးနေပေမဲ့ ရောဂါမကုသနိုင်သေးတဲ့ ဒေသ တချို့မှာ အခြေအနေကိုမထိန်းချုပ်နိုင်သေးဘဲ ကလေးငယ်တွေ သေပျောက်မှုတွေရှိနေဆဲလို့ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ လက်ရှိအချိန်အထိတော့ ကလေးငယ်ဦးရေ(၆၈)ဦး သေဆုံးခဲ့တယ်လို့လဲ အတည်ပြုပြောဆိုတာပါ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဖြစ်ပွားနေတဲ့ရောဂါနောက်ဆုံး အခြေအနေနဲ့ ပက်သက်လို့ ထိုင်းအခြေစိုက်VOAသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဖြစ်ပွားနေတဲ့ပြင်းထန်ဝက်သက်ကူးစက်ရောဂါကြောင့် ယနေ့အထိ ကလေး ငယ် ၆၈ ဦးသေဆုံးသွားခဲ့ပြီးလို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးစိန်းမောင်က အခုလို ပြောပါ တယ်။

“ကျနော်တို့အတည်ပြုချက်အရဆိုရင်တော့ ၆၈ ယောက် ရှိတယ်ခင်ဗျ ဒီနန်းယွန်းမြို့နယ်က အများဆုံးဖြစ်တယ်ခင်ဗျ။ နန်းယွန်းမှာက လူဦးရေ ၄၀ ဗျ လဟယ်မြို့နယ်မှာက ၂၈ ဦးဗျ။”

အစိုးရကျန်းမာရေးဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေအနေနဲ့ ရောဂါဖြစ်ပွါးရာ နာဂဒေသက လဟယ်မြို့နယ်နဲ့ နန်း ယွန်းမြို့နယ်နှစ်ခုအနက်က လဟယ်မြို့နယ်မှာသာ ဆေးဝါးကုသနေခဲ့ပြီးတော့ နန်းယွန်းမြို့နယ်ထဲမကုသနိုင်သေးတဲ့ အတွက် ကဲဆန်ဆာလင်နဲ့ ကဲဆန်ကားလန်ကျေးရွာမှာ ရောဂါအခြေအနေဆိုးဝါးနေစဲလို့ ဦးစိမ်းမောင်ကဆိုပါတယ်။

“အခုသူက တိုင်းအဆင့်သော်၎င်း၊ ပြည်ထောင်စုအဆင့်သော်၎င်း၊ ကျန်းမာရေးဌာနကနေပြီးတော့မှ လာရောက်ကူသတာက လဟယ်မြို့နယ်မှာပဲအခြေပြုပြီးတော့ ကုသနေပါတယ်ခင်ဗျ။ နန်းယွန်းမြို့နယ်မှာကတော့ တိုင်းကသော်၎င်း ၊ ပြည်ထောင်စုအဆင့်သော်၎င်း၊ စေလွှတ်ထားတဲ့ ဆရာဝန်တွေ ရောက်ရှိခြင်းမရှိတာကိုတွေ့ရတယ်ခင်ဗျ။ ကဲဆန်ဆာလင်နဲ့ ကဲဆန်ကားလန်မှာ ကျန်းမာရေး ဖျားနာမှုတွေကလည်း ပုံမှန်ရှိနေသလို ၊ ကလေးတွေလည်း ပုံမှန်သေနေတယ်ခင်ဗျ။ ကျန်းမာရေးဌာနကတော့ နန်းယွန်းမြို့နယ်ကို သူတို့လာဖို့အစီအစဉ်မရှိတာလားမသိဘူးပေါ့နော်။ အခုထက်ထိတော့ လာရောက်ပြီးတော့ ဆေးဝါးကုသတာမတွေ့ရဘူးခင်ဗျ။ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အချိန်ကာလမှာ ကုသမှုပိုင်းဆိုင်ရာမှာတော့ လုံးဝအားမရဘူးလို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးချင်ပါတယ်ခင်ဗျ။”

ဒီကူးစက်ရောဂါနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရတို့ကနေ အရေးပေါ်ဆေးကုသမှု အဖွဲ့တွေကိုစေလွှတ်ပြီး ရောဂါကိုကုသပေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းက အခုလိုပြောပါတယ်။

“အခုကျန်းမာရေးဝန်ကြီးဌာနက ကလေးအထူးကု ၅ ဦး၊ အထွေထွေရောဂါကု ၅ ဦးကိုလွှတ်ထားတယ်ခင်ဗျ။ ကျနော်တို့ တိုင်းအစိုးရက လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်တက်သွားတယ်ခင်ဗျ နာဂဒေသကိုပေါ့နော်။ လူမှုရေးဝန်ကြီးမသွားခင်၊ ကျန်းမာရေးဦးစီးဌာနက ကုသရေးအဖွဲ့တွေ တဖွဲ့ပြီး တဖွဲ့လွှတ်ပါတယ်ခင်ဗျ။”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဖြစ်ပွါးနေတဲ့ဲ ကူးစက်ရောဂါထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးရဲ့စီစဉ်မှုနဲ့ နေပြည်တော် ခန္တီးတပ်မတော်ဆေးရုံကအထူးကုဆရာဝန်တွေ၊ ဗဟိုကကူးစက် ရောဂါ တိုက်ဖျက်ရေးအဖွဲ့နဲ့စစ်ကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ်က ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ကနေ သြဂုတ် လဒုတိယအပါတ်ကစလို့ ကွင်းဆင်းကုသမှုကြောင့် အသေပျောက်နည်းပါးလာခဲ့ပေမဲ့ နန်းယွန်းမြို့နယ်ထဲမှာတော့ ရောဂါ ကုသနိုင်မှုကအားနဲနေပါသေးတယ်။

နာဂဒေသအတွင်းဆေးဝါးကုသမှုနဲ့ပက်သက်ပြီးတွေ့ကြုံနေရတဲ့အခက်ခဲအခြေအနေကိုတော့ ဒေါက်တာ ကျော်သူ ဟန်ထွန်းက အခုလိုပြောပါတယ်။

“အဓိကက ကလေးတွေက ကာကွယ်ဆေးမထိုးရတာ ။ ကာကွယ်ဆေးထိုးဖို့ အခက်အခဲဖြစ်တာပေါ့ အဲဒီမှာ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးကခက်တာကြောင့်၊ ပြီးတော့ ကာကွယ်ဆေးတွေ သိုလှောင်ဖို့ကို ခက်တာမို့ ကလေးတွေက ကာကွယ်ဆေးမထိုးရတာ။ ကာကွယ်ဆေးမထိုးရတာနဲ့ များသောအားဖြင့်ကူးစက်ဖြစ်သွားတာပေါ့ ။ ပြီးတော့ နာဂဒေသက အိမ်တွေရဲ့ နေထိုင်မှုပုံစံတွေကလည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်နိုင်တယ် သူတို့ရဲ့ lifestyle ပေါ့နော်။”

အစိုးရဝန်ကြီးဌာနတွေကနေ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ပြင်းထန်ဝက်သက်ကူးစက်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကိုထိန်းချုပ်နိုင်ပြီးလို့ကြေညာထားပေမဲ့ မြေပြင်အနေအထားအရ အပြည့်အဝမထိန်းချုပ်နိုင်သေးဘဲ သေဆုံးမှုထပ်မံဖြစ်ပွါးနေတယ်လို့ နာဂအမျိုးသားရေးရာ ကောင်စီကတာဝန်ရှိသူတွေကနေ ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသမှာ ဇွန်လပထမအပတ်လောက်ကတည်းကစတင်ပြီး လဟယ်မြို့နယ်အပြင် နန်း ယွန်းမြို့နယ်ဒုံဟီးမြို့နယ်ခွဲကကျေးရွာတွေမှာ ကူးစက်ရောဂါဖြစ်ပွားလာခဲ့ပြီး ကလေးငယ်(၆၈)ဦးအသေအပျောက်ရှိ ခဲ့ပြီးလို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကနေ အတည်ပြုပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မဖွံ့ဖြိုးသေးတဲ့ဒေသတခုဖြစ်ပြီးလမ်းပမ်းဆက် သွယ်ရေးခက်ခဲမှု ဒေသခံတွေကလဲ ကျန်းမာရေးအသိပညာချို့တဲ့မှု ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု စတဲ့ပြဿနာ တွေရှိနေဆဲလို့လဲ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG