သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်သမ္မတရဲ့အရေးပေါ်အခြေအနေထုတ်ပြန်ချက် တနှစ်သက်တမ်းတိုး 


မြန်မာ့အရေးကို အရေးပေါ်အခြေအနေအဖြစ် သက်တမ်းတနှစ်ထပ်တိုးမိန့်ထုတ်လိုက်တဲ့ အမေရိကန်သမ္မတ Joe Biden
မြန်မာ့အရေးကို အရေးပေါ်အခြေအနေအဖြစ် သက်တမ်းတနှစ်ထပ်တိုးမိန့်ထုတ်လိုက်တဲ့ အမေရိကန်သမ္မတ Joe Biden

မြန်မာနိုင်ငံအခြေအနေဟာ အမေရိကန်ပြည်ထောင်စုလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ချက်သမ္မတအိမ်ဖြူတော်က နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

မြန်မာ့အရေး ကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အရေးပေါ်အခြေအနေထုတ်ပြန်ချက် တနှစ်သက်တမ်းတိုးကြောင်း ထုတ်ပြန်ချက် (Crd: White House/ Feb 7, 2024)
မြန်မာ့အရေး ကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အရေးပေါ်အခြေအနေထုတ်ပြန်ချက် တနှစ်သက်တမ်းတိုးကြောင်း ထုတ်ပြန်ချက် (Crd: White House/ Feb 7, 2024)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချမှု၊ မြန်မာလူထုရဲ့ဆန္ဒသဘောထားကို ငြင်းပယ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေရုံသာမက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကိုပါ ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ သတ်မှတ်ပြီး အမေရိကန်အရေးပေါ်အက်ဥပဒေအရ သမ္မတအမိန့်နဲ့ မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေထဲ ထည့်သွင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စပြီး အဲဒီ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

အဲဒီအမိန့် သက်တမ်းတိုးမှုကို အမေရိကန်လွှတ်တော်ကိုလည်း အသိပေးစာ ပေးပို့ထားတယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီအမိန့်အရ နောက်ဆက်တွဲအားဖြင့် စစ်တပ်အာဏာသိမ်းမှုနဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှာ ပါဝင်ပတ်သက်သူတွေ အနွယ်အပွားတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမိန့်အရ မြန်မာနိုင်ငံကာကွယ်ရေးကဏ္ဍအပါအဝင် တခြားစီးပွားရေးကဏ္ဍတွေမှာ လုပ်ကိုင်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနဲ့ နိုင်ငံခြားရေးဌာနကဆုံးဖြတ်တဲ့ နိုင်ငံခြားသားဘယ်သူမဆိုရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတွေကို ပိတ်ဆို့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG