သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နမၼတူစစ္ေရွာင္ ၁,၀၀၀ ေက်ာ္ ေနရပ္ျပန္


ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ ႔နယ္က ေနရပ္ျပန္ စစ္ေရွာင္ဒုကၡသည္မ်ား။ (ဓာတ္ပံု - တူးလီ - ဇြန္ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ ႔နယ္အတြင္းမွာ တိုင္းရင္းသားတပ္ေတြအၾကား ျဖစ္ပြားတဲ့ တုိက္ပဲြေတြ ၿငိမ္သက္သြားတာေၾကာင့္ အနည္းဆံုး စစ္ေရွာင္ ၁,၀၀၀ ေက်ာ္ ေနရပ္ရင္းျပန္ေနၾကပါၿပီ။ တခ်ိန္တည္းမွာပဲ ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ ႔နယ္ထဲမွာ ရွမ္းလက္နက္ကိုင္ႏွစ္ဖဲြ႔အၾကား တုိက္ပဲြေတြ ထပ္မံျဖစ္ပြားေနတဲ့အတြက္ လူ ၂၀၀ ေက်ာ္ေလာက္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရပါတယ္။ ရွမ္းျပည္နယ္ စစ္ေရွာင္ေတြရဲ့ အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္ဝင္းလိႈင္က ေျပာျပထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္းမွာ RCSS/SSA ႐ွမ္းျပည္ေတာင္ပိုင္းတပ္က တဘက္၊ SSPP/SSA ႐ွမ္းျပည္ေျမာက္ပိုင္းတပ္န႔ဲ တအန္း (ပေလာင္) TNLA ပူးေပါင္းတပ္ေတြက တဘက္ျဖစ္ပြားတဲ့ တုိက္ပဲြေတြက ၿပီးခဲ့တဲ့ မတ္လကုန္ေလာက္က စတင္ခဲ့တာျဖစ္ၿပီး ဒီတိုက္ပဲြေၾကာင့္ စစ္ေရွာင္ ၃,၀၀၀ နီးပါးေလာက္ဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတာပါ။

ဒီလ ၁ ရက္ေန႔ကေတာ့ သီေပါၿမိဳ ႔ကို တိမ္းေရွာင္ေနၾကရတဲ့ စစ္ေရွာင္ ၄၀၀ ေလာက္ဟာ ေနရပ္ရင္း ျပန္ၾကၿပီျဖစ္ေၾကာင္း ၂၀၀ ေက်ာ္ေလာက္ က်န္ရိွေနေသးေၾကာင္း မန္လီေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“မေန႔က ၄၀၀ နီးနီးေလာက္ ျပန္ၾကၿပီ။ မန္လီကပဲ။ မန္လီနဲ႔ ေပါင္းေနတာ တာပုလဲရိွတယ္။ မေန႔ကေတာ့ ျပန္ၾကမယ္ထင္တယ္။ တာပုလဲေရာ၊ မန္လီေရာ။ မန္လီက အိမ္ေျခက ၁၀၀ ေက်ာ္တယ္။ ၁၀၀ ေက်ာ္ထဲမွာက အိမ္မီးေလာင္တာက ၄၉ အိမ္ေပါ့။ မီးေလာင္တဲ့အိမ္ေတြက မျပန္ေသးဘူးရွင့္။ မေလာင္တဲ့အိမ္ေတြက အကုန္ျပန္သြားၿပီ မေန႔ကတည္းက။ မျပန္ေသးတာ လူဦးေရက အေယာက္ ၂၀၀ ေက်ာ္ေလာက္ေတာ့ က်န္မယ္။”

မီးေလာင္သြားတဲ့အိမ္က အမ်ိဳးသားေတြဟာ ေနရပ္ျပန္ၿပီး ယာယီေနထိုင္ဖို႔ ျပင္ဆင္ေနၾကေၾကာင္းနဲ႔ ျပင္ဆင္ၿပီးသြားရင္ ေနာက္ရက္ပိုင္းေတြ က်န္ရိွသူေတြလည္း ေနရပ္ျပန္ေတာ့မွာျဖစ္ေၾကာင္း ေျပာပါတယ္။

အဓိက တုိက္ပဲြျဖစ္ပြားရာေက်းရြာေတြဟာ ပန္လံု၊ မန္လီ၊ မန္က်န္း၊ မန္ဆာနဲ႔ ေရအိုးေက်းရြာစတဲ့ ေက်းရြာေတြ ျဖစ္ၿပီး ဒီေက်းရြာေတြက ေဒသခံ ၃,၀၀၀ ေလာက္ဟာ မန္စံ၊ ေကာင္းဟုန္း၊ မန္မိုင္၊ နားေလ၊ ပန္သေျပစတဲ့ ေက်းရြာေတြနဲ႔ သီေပါၿမိဳ ႔ကို တိမ္းေရွာင္ခဲ့ရတာပါ။

မန္စံ၊ ေကာင္းဟုန္၊ ပန္သေျပစတဲ့ေက်းရြာေတြကို တိမ္းေရွာင္ေနသူ ၁,၀၀၀ ေလာက္ ဟာလည္း ေမလကုန္ပိုင္းက ေနရပ္ရင္းေက်းရြာကို ျပန္ေနၿပီျဖစ္ေၾကာင္း စစ္ေရွာင္ေတြကို ကူညီသူ တစ္ဦးက ေျပာပါတယ္။

“ဟုတ္ ေကာင္းဟုန္းက၊ မုိင္းမုေက်းရြာအုပ္စု ေကာင္းဟုန္ေက်းရြာရယ္။ မန္စံရယ္၊ ေနာက္ၿပီးေတာ့ ပန္သေျပေက်းရြာေပါ့။ ဒီဟာေတြက အရင္ျပန္သြားတာ။ ၃၁ ရက္ေန႔တည္းက ျပန္သြားတာ။ ၃၀ ရက္ေန႔ဆိုရင္ေတာ့ ဟုိ ေကာင္းဟုန္းေက်းရြာက ျပန္ၾကတာ။ ၁,၀၀၀ ေလာက္ေတာ့ ရိွလိမ့္မယ္ခင္ဗ်။ Camp ၂ ခု၊ ၃ ခုေပါ့ေနာ္။ ၁,၀၀၀ ေလာက္။”

လက္ရိွေဒသတြင္း စစ္ေရးအေျခအေနနဲ႔ ပတ္သက္လုိ႔လည္း သူက အခုလို ဆက္ေျပာပါတယ္။

“သူတုိ႔ အင္အား ျပန္ ထပ္ျဖည့္ၿပီးတဲ့ေနာက္မွာ တုိက္ပဲြျပင္းျပင္းထန္ထန္ျဖစ္တာက ၂ ရက္၊ ၃ ရက္ေလာက္ ရိွမယ္ခင္ဗ်။ အဲဒါျဖစ္ၿပီးတဲ့ေနာက္မွာ RCSS က ဆုတ္ခြာသြားလိုက္တာ။ ဒီ ၃၁ ရက္ေန႔ ေနာက္ပိုငး္မွာေတာ့ က်ေနာ္တို႔ ေဒသတြင္းမွာေတာ့ သိပ္မၾကားရသေလာက္ပဲဗ်။”

ေမလ ၂၅ ရက္ေန႔ ပတ္၀န္းက်င္က SSPP/SSA ႐ွမ္းျပည္ေျမာက္ပိုင္းတပ္န႔ဲ တအန္း (ပေလာင္) TNLA ပူးေပါင္းတပ္ေတြက အင္အားျဖည့္တင္းတာရိွခဲ့ေၾကာင္းနဲ႔ ၂၆ ရက္ေန႔မွာေတာ့ ေရအိုးရြာဘက္မွာ တုိက္ပဲြေတြ ျပင္းထန္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာဆိုခဲ့တာပါ။

သီေပါၿမိဳ႔က စစ္ေရွာင္ေတြကုိ ကူညီေပးေနတဲ့ သီေပါလူငယ္ လူမႈကူညီေရးအသင္းက ကိုတူးလီကလည္း အခုလို သံုးသပ္ေျပာဆုိပါတယ္။

“ေလာေလာဆယ္ေတာ့ ၿငိမ္ေနတယ္ဗ်။ တုိက္ပဲြက ေလာေလာဆယ္ေတာ့ ၿငိမ္ေနတယ္၊ ေရွ ႔ကေတာ့ ဘယ္လုိျပန္ျဖစ္မလဲ မသိဘူးေပါ့။”

နမၼတူၿမိဳ ႔နယ္တြင္း တုိက္ပဲြေၾကာင့္ ေက်းရာ ၄ ရြာေလာက္က ေနအိမ္ ၁၂၀ နီးပါး မီးေလာင္ခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ ႔နယ္အတြင္းမွာ တုိက္ပဲြေတြ ၿငိမ္သက္ခဲ့လို႔ စစ္ေရွာင္ေတြ ေနရပ္ျပန္ခ်ိန္မွာ ဒီလ ၁ ရက္ေန႔က ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္အတြင္းမွာ SSPP/SSA ႐ွမ္းျပည္ေျမာက္ပိုင္းတပ္န႔ဲ RCSS/SSA ႐ွမ္းျပည္ေတာင္ပိုင္းတပ္အၾကား တုိက္ပဲြျဖစ္ခဲ့တာေၾကာင့္ ေဒသခံ ၂၀၀ ေက်ာ္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရပါတယ္။

တိမ္းေရွာင္သူအမ်ားစုဟာ သက္ၾကီးပိုင္းေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ ပါ၀င္ေၾကာင္း ေက်းသီး ေဒသခံက အခုလို ေျပာပါတယ္။

“မေန႔က စၿပီးေတာ့ ေရွာင္လာတာေပါ့ေနာ္။ တုိက္ပဲြက သူတုိ႔ ရြာနဲ႔ ၁ မိုင္ေလာက္ေတာ့ ေ၀းပါေသးတယ္။ အဲဒီလိုျဖစ္လုိ႔ စိတ္ပူလို႔ ထြက္ေျပးလာတာေပါ့။ မ်ားေသာအားျဖင့္ သက္ၾကီးရြယ္အိုနဲ႔ မိန္းကေလးေတြေပါ့ေနာ္။ကေလးငယ္ေတြ အဲဒီလုိမ်ိဳးေတြပါပဲဗ်။ သူတုိ႔ ေရွာင္သြားၾကတာကေတာ့ သူတုိ႔ရြာနဲ႔ ၂ မိုင္ေက်ာ္ေက်ာ္ေ၀းတဲ့၊ ၃ မိုင္နီးပါးေပါ့ေနာ္။ ေ၀းတဲ့ ေနာင္ဆြမ္းဘုန္းၾကီးေက်ာင္း။ လူဦးေရေတာ့ ၂၀၀ ေက်ာ္ေလာက္ေပါ့ေနာ္။ အဲဒီေလာက္ေတာ့ ရိွမယ္ဗ်။”

တုိက္ပဲြျဖစ္ပြားတာကေတာ့ ဟိုပံုေက်းရြာအုပ္စုအတြင္းမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ရွမ္းျပည္နယ္အတြင္းမွာ တုိင္းရင္းသားလက္နက္ကိုင္ေတြအၾကား အခုလို တိုက္ပဲြေတြ ျဖစ္ေနတာကို ရပ္တန္႔ဖို႔အတြက္ ရွမ္းျပည္နယ္က သံဃာေတာ္ေတြအပါအ၀င္ ႏိုင္ငံေရးပါတီေတြနဲ႔ လူထုေတြကလည္း ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။ ေမလ ၃၁ ရက္ေန႔ကလည္း ရွမ္းျပည္နယ္ရိွ တုိင္းရင္းသားလူငယ္ေတြက လက္နက္ကိုင္အဖဲြ႔ကို အိတ္ဖြင့္ေပးစာတစ္ေစာင္ေပးပို႔ခဲ့ၿပီး တိုက္ပဲြေတြ ရပ္ဆုိင္းဖို႔၊ ဖမ္းဆီးထားတဲ့ ျပည္သူေတြကို ျပန္လႊတ္ေပးဖုိ႔နဲ႔ စစ္အာဏာရွင္ေတာ္လွန္ေရးမွာ ပါ၀င္ေနတဲ့ ျပည္သူေတြကို ကူညီကာကြယ္ေပးဖုိ႔ တိုက္တြန္းထားပါတယ္။

နမၼတူစစ္ေရွာင္ ၁,၀၀၀ ေက်ာ္ ေနရပ္ျပန္
please wait

No media source currently available

0:00 0:04:17 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နမ္မတူစစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် အနည်းဆုံး စစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ရင်းပြန်နေကြပါပြီ။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတဲ့အတွက် လူ ၂၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ရှမ်းပြည်နယ် စစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်က တဘက်၊ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက တဘက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေက ပြီးခဲ့တဲ့ မတ်လကုန်လောက်က စတင်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲကြောင့် စစ်ရှောင် ၃,၀၀၀ နီးပါးလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ဒီလ ၁ ရက်နေ့ကတော့ သီပေါမြို့ကို တိမ်းရှောင်နေကြရတဲ့ စစ်ရှောင် ၄၀၀ လောက်ဟာ နေရပ်ရင်း ပြန်ကြပြီဖြစ်ကြောင်း ၂၀၀ ကျော်လောက် ကျန်ရှိနေသေးကြောင်း မန်လီဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ၄၀၀ နီးနီးလောက် ပြန်ကြပြီ။ မန်လီကပဲ။ မန်လီနဲ့ ပေါင်းနေတာ တာပုလဲရှိတယ်။ မနေ့ကတော့ ပြန်ကြမယ်ထင်တယ်။ တာပုလဲရော၊ မန်လီရော။ မန်လီက အိမ်ခြေက ၁၀၀ ကျော်တယ်။ ၁၀၀ ကျော်ထဲမှာက အိမ်မီးလောင်တာက ၄၉ အိမ်ပေါ့။ မီးလောင်တဲ့အိမ်တွေက မပြန်သေးဘူးရှင့်။ မလောင်တဲ့အိမ်တွေက အကုန်ပြန်သွားပြီ မနေ့ကတည်းက။ မပြန်သေးတာ လူဦးရေက အယောက် ၂၀၀ ကျော်လောက်တော့ ကျန်မယ်။”

မီးလောင်သွားတဲ့အိမ်က အမျိုးသားတွေဟာ နေရပ်ပြန်ပြီး ယာယီနေထိုင်ဖို့ ပြင်ဆင်နေကြကြောင်းနဲ့ ပြင်ဆင်ပြီးသွားရင် နောက်ရက်ပိုင်းတွေ ကျန်ရှိသူတွေလည်း နေရပ်ပြန်တော့မှာဖြစ်ကြောင်း ပြောပါတယ်။

အဓိက တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေဟာ ပန်လုံ၊ မန်လီ၊ မန်ကျန်း၊ မန်ဆာနဲ့ ရေအိုးကျေးရွာစတဲ့ ကျေးရွာတွေ ဖြစ်ပြီး ဒီကျေးရွာတွေက ဒေသခံ ၃,၀၀၀ လောက်ဟာ မန်စံ၊ ကောင်းဟုန်း၊ မန်မိုင်၊ နားလေ၊ ပန်သပြေစတဲ့ ကျေးရွာတွေနဲ့ သီပေါမြို့ကို တိမ်းရှောင်ခဲ့ရတာပါ။

မန်စံ၊ ကောင်းဟုန်၊ ပန်သပြေစတဲ့ကျေးရွာတွေကို တိမ်းရှောင်နေသူ ၁,၀၀၀ လောက် ဟာလည်း မေလကုန်ပိုင်းက နေရပ်ရင်းကျေးရွာကို ပြန်နေပြီဖြစ်ကြောင်း စစ်ရှောင်တွေကို ကူညီသူ တစ်ဦးက ပြောပါတယ်။

“ဟုတ် ကောင်းဟုန်းက၊ မိုင်းမုကျေးရွာအုပ်စု ကောင်းဟုန်ကျေးရွာရယ်။ မန်စံရယ်၊ နောက်ပြီးတော့ ပန်သပြေကျေးရွာပေါ့။ ဒီဟာတွေက အရင်ပြန်သွားတာ။ ၃၁ ရက်နေ့တည်းက ပြန်သွားတာ။ ၃၀ ရက်နေ့ဆိုရင်တော့ ဟို ကောင်းဟုန်းကျေးရွာက ပြန်ကြတာ။ ၁,၀၀၀ လောက်တော့ ရှိလိမ့်မယ်ခင်ဗျ။ Camp ၂ ခု၊ ၃ ခုပေါ့နော်။ ၁,၀၀၀ လောက်။”

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“သူတို့ အင်အား ပြန် ထပ်ဖြည့်ပြီးတဲ့နောက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာက ၂ ရက်၊ ၃ ရက်လောက် ရှိမယ်ခင်ဗျ။ အဲဒါဖြစ်ပြီးတဲ့နောက်မှာ RCSS က ဆုတ်ခွာသွားလိုက်တာ။ ဒီ ၃၁ ရက်နေ့ နောက်ပိုင်းမှာတော့ ကျနော်တို့ ဒေသတွင်းမှာတော့ သိပ်မကြားရသလောက်ပဲဗျ။”

မေလ ၂၅ ရက်နေ့ ပတ်ဝန်းကျင်က SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက အင်အားဖြည့်တင်းတာရှိခဲ့ကြောင်းနဲ့ ၂၆ ရက်နေ့မှာတော့ ရေအိုးရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုခဲ့တာပါ။

သီပေါမြို့က စစ်ရှောင်တွေကို ကူညီပေးနေတဲ့ သီပေါလူငယ် လူမှုကူညီရေးအသင်းက ကိုတူးလီကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“လောလောဆယ်တော့ ငြိမ်နေတယ်ဗျ။ တိုက်ပွဲက လောလောဆယ်တော့ ငြိမ်နေတယ်၊ ရှေ့ကတော့ ဘယ်လိုပြန်ဖြစ်မလဲ မသိဘူးပေါ့။”

နမ္မတူမြို့နယ်တွင်း တိုက်ပွဲကြောင့် ကျေးရာ ၄ ရွာလောက်က နေအိမ် ၁၂၀ နီးပါး မီးလောင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့လို့ စစ်ရှောင်တွေ နေရပ်ပြန်ချိန်မှာ ဒီလ ၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံ ၂၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

တိမ်းရှောင်သူအများစုဟာ သက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း ကျေးသီး ဒေသခံက အခုလို ပြောပါတယ်။

“မနေ့က စပြီးတော့ ရှောင်လာတာပေါ့နော္။ တိုက်ပွဲက သူတို့ ရွာနဲ့ ၁ မိုင်လောက်တော့ ဝေးပါသေးတယ်။ အဲဒီလိုဖြစ်လို့ စိတ်ပူလို့ ထွက်ပြေးလာတာပေါ့။ များသောအားဖြင့် သက်ကြီးရွယ်အိုနဲ့ မိန်းကလေးတွေပေါ့နော်။ကလေးငယ်တွေ အဲဒီလိုမျိုးတွေပါပဲဗျ။ သူတို့ ရှောင်သွားကြတာကတော့ သူတို့ရွာနဲ့ ၂ မိုင်ကျော်ကျော်ဝေးတဲ့၊ ၃ မိုင်နီးပါးပေါ့နော်။ ဝေးတဲ့ နောင်ဆွမ်းဘုန်းကြီးကျောင်း။ လူဦးရေတော့ ၂၀၀ ကျော်လောက်ပေါ့နော်။ အဲဒီလောက်တော့ ရှိမယ်ဗျ။”

တိုက်ပွဲဖြစ်ပွားတာကတော့ ဟိုပုံကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အခုလို တိုက်ပွဲတွေ ဖြစ်နေတာကို ရပ်တန့်ဖို့အတွက် ရှမ်းပြည်နယ်က သံဃာတော်တွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ လူထုတွေကလည်း တောင်းဆိုနေကြတာဖြစ်ပါတယ်။ မေလ ၃၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူငယ်တွေက လက်နက်ကိုင်အဖွဲ့ကို အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ပြီး တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေကို ကူညီကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG