သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးထိပ်သီးစည်းဝေးပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပမည်

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်များ (ဇူလိုင် ၉၊ ၂၀၂၄)
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်များ (ဇူလိုင် ၉၊ ၂၀၂၄)

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ်နဲ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့မှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပြီး ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ ပထမနေ့မှာတော့ - ဒီ မဟာမိတ်အဖွဲ့ဟာ အကြီးမားဆုံးစမ်းသပ်မှုကို ခံနေရချိန်မှာ စုပေါင်းအင်အားတွေကနေ ငြိမ်းချမ်းရေးအတွက် တည်ဆောက်ကြဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတ Joe Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျတော်တို့ အရင်ကထက် ပိုသန်မာလာတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ကျတော်တို့ရဲ့ စုပေါင်းအင်အားကိုပြသဖို့ တောင်းဆိုနေချိန် ဖြစ်ပါတယ်။ ကမ္ဘာ့မြေပုံကနေ ယူကရိန်းကို ဖယ်ရှားဖို့ နဲ့ ယူကရိန်းရဲ့ ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီကို အဆုံးသတ်ဖို့ လုပ်နေတဲ့ ရုရှားကို ယူကရိန်းရော၊ ကျွန်တော်တို့အားလုံးပါ ဟန့်တားနိုင်ပါတယ်” လို့ သမ္မတ Biden ပြောသွားတာပါ။

ယူကရိန်းအတွက် NATO မဟာမိတ်တွေရဲ့ ပံ့ပိုးကူညီမှုကို မြှင့်တင်ပြီး အဖွဲ့ဝင်တွေအကြား လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေကို တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ ဒီထိပ်သီးဆွေးနွေးပွဲမတိုင်ခင် NATO နိုင်ငံခြားရေး ဝန်ကြီးတွေပါဝင်တဲ့ ဆွေးနွေးပွဲတွေကို အခုနှစ် အစောပိုင်းထဲက လပေါင်းအတော်ကြာ ဆွေးနွေးခဲ့ကြတာပါ။

ဒီထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းအတွက် နောက်ထပ် လေကြောင်းရန် ကာကွယ်ရေးစနစ် ၅ ခု ပို့ပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ယူကရိန်းစစ်မှာ ရုရှားသာ အနိုင်ရရင် အီရန်၊ မြောက်ကိုရီးယားနဲ့ တရုတ်တို့ အနေနဲ့လည်း ပိုမိုရဲတင်းလာလိမ့်မယ်လို့ သတိပေးပါတယ်။

ယူကရိန်းစစ်ဟာ လာမယ့် ဆယ်စုနှစ်တွေရဲ့ ကမ္ဘာ့လုံခြုံရေးကို ပုံဖော်မှာဖြစ်တဲ့အတွက်လည်း ယူကရိန်းကို ဆက်ပြီး အကူအညီတွေ ပေးသွားကြဖို့ နေတိုးအတွင်းရေးမှူးချုပ်က အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းသွားပါတယ်။

နေတိုးထိပ်သီးစည်းဝေးပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပမည်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG