သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးထိပ်သီးစည်းဝေးပွဲ ဒီကနေ့ စတင်မည်


အမေရိကန်အလံနဲ့ နေတိုးမဟာမိတ်အဖွဲ့အလံတို့ကို ဝါရှင်တန်ဒီစီမြို့တော်မှာ ချိတ်ဆွဲထားစဉ် (ဇူလိုင် ၈၊ ၂၀၂၄)
အမေရိကန်အလံနဲ့ နေတိုးမဟာမိတ်အဖွဲ့အလံတို့ကို ဝါရှင်တန်ဒီစီမြို့တော်မှာ ချိတ်ဆွဲထားစဉ် (ဇူလိုင် ၈၊ ၂၀၂၄)

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဒီကနေ့ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ စတင်မှာဖြစ်ပြီး ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေတဲ့ရတဲ့ ယူကရိန်းကို ကူညီရေးကိစ္စ အဓိက ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ဖို့ NATO အဖွဲ့ရဲ့ အစီအစဥ်ထဲမှာ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံချင်းစီက ဘယ်လို စစ်ရေး အကူအညီတွေ ပေးသွားမယ်ဆိုတဲ့ အစီအစဥ်ကို အခုထိပ်သီး ဆွေးနွေးပွဲမှာ NATO ခေါင်းဆောင်တွေ အပြီးသတ် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရုရှားတပ်ဖွဲ့တွေက လေကြောင်းကရော၊ မြေပြင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ခုခံကာကွယ်နိုင်အောင် ယူကရိန်းအတွက် လက်နက်ခဲယမ်းတွေ၊ လေကြောင်းရန် ကာကွယ်ရေး နဲ့ တခြား အကူအညီသစ်တွေ ထပ်တိုး ပေးအပ်သွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အခု ထိပ်သီး ဆွေးနွေးပွဲမှာ ယူကရိန်းကို NATO မဟာမိတ် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံဖို့ လျှောက်ထားချက်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြပါလိမ့်မယ်။ ဒါ့အပြင် ဒီကနေ့ ဆွေးနွေးကြမယ့် အကြောင်းအရာတွေ ထဲမှာတော့ အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေလည်း ပါဝင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် ဦးဆောင် ကျင်းပသွားမှာပါ။

နေတိုး မဟာမိတ်အဖွဲ့ အကြီးအကဲ Jens Stoltenberg ကတော့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေး ခေါင်းဆောင်တွေ၊ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ စစ်လက်နက် ပစ္စည်းတွေ တိုးမြှင့် ထုတ်လုပ်ဖို့ကိစ္စကို ဆွေးနွေးဖို့ ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲ ဆက်ဖြစ်နေတာနဲ့အမျှ ယူကရိန်းကို စစ်ရေးအရ ဆက်လက် ကူညီပေးသွားဖို့နဲ့ နေတိုး မဟာမိတ်နိုင်ငံတွေကို ကာကွယ်သွားနိုင်ဖို့အတွက် စစ်လက်နက်နဲ့ ခဲယမ်းပစ္စည်းတွေ ပမာဏ အမြောက်အများ တိုးမြှင့် ထုတ်လုပ်သွားဖို့ နေတိုးမဟာမိတ်အဖွဲ့က အဓိက အာရုံထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG