သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ သဘာဝဘေးအန္တရာယ်အတွက် အကုန်ကျဆုံးနှစ်ဖြစ်


Irma ဟာရီကိန်းမုန်တိုင်းကြောင့် အပျက်အစီးများ
Irma ဟာရီကိန်းမုန်တိုင်းကြောင့် အပျက်အစီးများ

ပြီးခဲ့တဲ့နှစ်အတွင်း ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ၃ခုကြောင့် ကြီးမားတဲ့သဘာဝဘေးအန္တရာယ်တွေ စံချိန်တင်လောက် အောင်ကြုံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု ပင်လယ်ပြင်နဲ့လေထုဆိုင်ရာဌာနရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

အဲဒီအဖြစ်အပျက်တွေကြောင့် ၂၀၁၇ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ပျက်စီးဆုံးရှုံးမှုပမာဏ ဒေါ်လာ ၃၀၆ဘီ လျှံရှိခဲ့တယ်လို့ဆိုပါတယ်။ ကြုံခဲ့ရတဲ့မုန်တိုင်း ၃ခုအတွင်း Harvey မုန်တိုင်းက ဆုံးရှုံးမှုအများဆုံးဖန်တီးခဲ့တာပါ။

အမေရိ ကန်တောင်ပိုင်းတက္ကဆက်ပြည်နယ်မှာ အဲဒီမုန်တိုင်းကြောင့်မိုးကြီးရေကြီးဖြစ်ခဲ့ပြီး ဒေါ်လာ၁၂၅ဘီလျှံဖိုးလောက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၀၅ခုနှစ်တုန်းကလည်း အခုလိုအဖြစ်ဆိုးမျိုးကြုံခဲ့ရပြီး အခုထက်ပိုပြီး ထိခိုက် ပျက်စီးမှုက ကြီးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ခိုက်ခဲ့တဲ့ Irma နဲ့ Mariaလို့ခေါ်တဲ့ ဟာရီကိန်းမုန်တိုင်းတွေကြောင့် ဒေါ်လာ ၁၄၀ဘီလျှံ ဖိုးလောက်ပျက်စီးဆုံရှုံးခဲ့ရပါတယ်။ မုန်းတိုင်းတွေဝင်ခဲ့ပြီးနောက်များမကြာခင်မှာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းမှာ တောမီးတွေအကြီးအကျယ်လောင်ခဲ့လို့ ဒေါ်လာငွေ၁၈ဘီလျှံဖိုး လောက်ထပ်ပြီး ပျက်စီး ဆုံးရှုံးခဲ့ရပါသေးတယ်။ အမေရိကန်ပြည်နယ်၃ခုမှာလည်း အပူချိန်တိုးခဲ့တဲ့နှုန်းက စံချိန်ကျိုးခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG