သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်မြို့ အွန်လိုင်းလောင်းကစားလုပ်ငန်း ထိုင်း ၁၅၀ နီးပါး ဖမ်းဆီးရမိ 


မြန်မာပြည်တွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်နေပြီး တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသားတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး ပြန်ပို့စဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မြန်မာပြည်တွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်နေပြီး တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသားတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး ပြန်ပို့စဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ထိုင်း၊ မြန်မာနယ်စပ် တာချီလိတ်မြို့က အွန်လိုင်းလောင်းကစားတွေလုပ်ကိုင်နေတဲ့နေရာကို မြန်မာစစ်တပ်က ဝင်ရောက်ဖမ်းဆီးရာမှာ ထိုင်းနိုင်ငံသား ၁၄၈ ဦး အဖမ်းခံခဲ့ရတယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်ထဲက 1G1 ဟိုတယ်အနောက်ဘက် အွန်လိုင်းလောင်းကစားလုပ်ငန်း ၃ ခုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်ရောက်ရှာဖွေစီးနင်းခဲ့တာမှာ လူ ၇၀၀ နီးပါးဖမ်းဆီးခံရပြီး တရုတ်နိုင်ငံသား တဦး၊ မြန်မာနိုင်ငံသား ၅၄၀ နဲ့ ထိုင်းနိုင်ငံသား ၁၄၈ ဦးပါဝင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ကွန်ပျူတာတွေ၊ ဖုန်း၊ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်တွေကိုပါ မြန်မာစစ်ဘက်တာဝန်ရှိသူတွေ သိမ်းယူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ ထိုင်းနိုင်သားတချို့က အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ စီမံအုပ်ချုပ်ရေးပိုင်းကို တာဝန်ယူကြသူတွေဖြစ်ပြီး ထိုင်းနဲ့မြန်မာနိုင်ငံကြား ယာယီဖြတ်သန်းခွင့်လက်မှတ်တွေနဲ့ ကူးလူးသွားလာနေကြသူတွေလည်းဖြစ်တယ်လို့ ဘန်ကောက်စ်ပို့စ်မှာ ရေးပါတယ်။ ဖမ်းဆီးထားသူအားလုံးကို သက်ဆိုင်ရာနိုင်ငံဆီ ပြန်လည်လွှဲပြောင်းမပေးခင် စွဲချက်တွေနဲ့ ရင်ဆိုင်ကြရမယ်လို့ မြန်မာအာဏာပိုင်တွေက ပြောကြားထားတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် တရုတ်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းတွေကို စစ်ကောင်စီက လတ်တလောလတွေအတွင်း ပိုမိုဖမ်းဆီး နှိမ်နှင်းလာနေတာပါ။

မနှစ်တုန်းကတော့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှာ လုပ်ရှားနေကြတဲ့ တရုတ်နိုင်ငံသား ၄၁,၀၀၀ ကို တရုတ်နိုင်ငံဆီလွှဲပြောင်းပေးခဲ့တယ်လို့လည်း တရုတ်သတင်းမီဒီယာတွေက ဇန်နဝါရီလအတွင်း ဖော်ပြခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG