သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲကြား ထိုင်းနိုင်ငံသား ရာနဲ့ချီ ပိတ်မိ


မြန်မာနိုင်ငံ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းတွေကို တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းဘက်ကို ပြန်ပို့ - Thai Special force
မြန်မာနိုင်ငံ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းတွေကို တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းဘက်ကို ပြန်ပို့ - Thai Special force

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသမှာ ထိုင်းနိုင်ငံသား ရာနဲ့ချီ ပိတ်မိနေဆဲပဲလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၄၁ ယောက်ကို အောက်တိုဘာလ ၁၈ ရက် စနေနေ့က ထိုင်းနိုင်ငံ ဘက် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့တာ ရှိပေမဲ့လို့ နောက်ထပ် ထိုင်းနိုင်ငံသား ၂၆၀ လောက် ပိတ်မိနေဆဲပဲလို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်အနီးက စစ်စခန်းတခုမှာ ဒီ ထိုင်းနိုင်ငံသားတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ စတင် ခဲ့ပြီးနောက် တရုတ် မြန်မာနယ်စပ်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေ ရာနဲ့ချီ ပိတ်မိနေတာပါ။

သူတို့ဟာ တရုတ်−မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အွန်လိုင်းကနေ ငွေကြေးလည်လိမ်တဲ့ ဆိုက်ဘာ ရာဇဝတ် လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေလို့ ယူဆရပါတယ်။ စနေနေ့တုန်းကတော့ ထိုင်း အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၄၁ ဦးကို ထိုင်းနယ်ခြားကော်မတီ TBC တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ရှမ်းပြည်နယ် တာချီလိတ် အုပ်ချုပ်ရေးအဖွဲ့က ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ ပိတ်မိနေဆဲ ထိုင်းနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအပြင်၊ လူသားခြင်းစာနာ မှုဆိုင်ရာ NGOs တွေရဲ့ အကူအညီကိုပါ ရယူပြီး ဆောင်ရွက်နေတယ်လို့ ထိုင်းစစ်ဘက် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီအတောအတွင်း ရှမ်းမြောက်ဒေသ တလျှောက် ထိုးစစ်ဆင်နေတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ကတော့ လောက်ကိုင်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မှာ ဖြစ်တဲ့အတွက် မြို့အတွင်းမှာ ရှိတဲ့ နိုင်ငံခြားသားတွေနဲ့ တရားမဝင် နေထိုင်နေသူတွေ ဘေးလွတ်ရာကို ထွက်ခွာကြဖို့ နိုဝင်ဘာ ၁၈ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG