သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ဂ်ီးရီးယားမွာ ျပန္ေပးဆဲြခံရတဲ႔ ေက်ာင္းသူ ၃၀၀ ခန္႔ ျပန္လႊတ္


(Zawgyi/Unicode)

ေက်ာင္းသူ ၂၇၉ ဦးကို ျပန္ေပးသမားေတြက ျပန္လႊတ္ေပးလိုက္ျပီး သူတို ့ဟာ က်န္းမာေရးစစ္ေဆးျပီးေနာက္ မိသားစုေတြထံ ျပန္လည္ေရာက္ရွိေနၾကျပီလုိ ့နိင္ဂ်ီးရီးယားနိုင္ငံရဲ့ Zamfara ျပည္နယ္အရာရွိေတြက ေျပာပါတယ္။

ဖခင္တဦးျဖစ္တဲ့ Yakubu Sani ကေတာ့ အခုမွျပန္လည္လြတ္ေျမာက္လာတဲ့ သမီးျဖစ္သူရဲ႕ အသံကိုၾကားရျပီးေနာက္ သူဟာ အသစ္ျပန္လည္ေမြးဖြားသလို ျဖစ္သြားတယ္လို ့ဆိုပါတယ္။

ျပည္နယ္ရဲမင္းႀကီး Abutu Yaro ကေတာ့ သူတို ့ကို စစ္ေဆးေမးျမန္းျပီးေနာက္ မိန္းကေလးငယ္ေတြဟာ က်န္းမာ ေပ်ာ္ရႊင္ေနၾကတယ္လို ့ဆိုပါတယ္။ ဆက္လက္ျပီးသူက အစိုးရဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္က မိန္းကေလးငယ္ေတ ြလြတ္ေျမာက္ေရးအတြက္ အေထာက္အကူျဖစ္ေစခဲ့တယ္လို ့လည္းဆိုပါတယ္။

သူက ေနာက္ပိုင္းမွာ အေသးစိတ္ကို ထုတ္ျပန္ေၾကညာမယ္လို ့ေျပာဆိုခဲ့ျပီး ျပန္ေပးေငြ အစီအစဥ္နဲ ့လြတ္ေျမာက္ခဲ့ၾကသလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

နိုင္ဂ်ီးရီးယားသမၼတ Muhammadu Buhari က သူ ့ရဲ့တြစ္တာမွာ ေျပာဆိုတာကေတာ့ တုန္လွုပ္ေျခာက္ျခားဖြယ္အေတြ ့အၾကံဳဟာ ျငိမ္းခ်မ္းစြာအဆံုးသတ္သြားတာမို ့ေပ်ာ္ရႊင္မိတယ္လို ့ဆိုပါတယ္။ ဆက္လက္ျပီး သမၼတ Buhari စစ္တပ္နဲ ့ရဲေတြက ျပန္ေပးသမားေတြကို လိုက္လံရွင္းလင္းေနျပီး လူထုကိုလည္း ရာဇ၀တ္မႈေတြရပ္တန္ ့ေစဖို ့ တတ္နိုင္သမွ် သတင္းအခ်က္အလက္ေတြ ေပးပို ့ကူညီၾကဖို ့တိုက္တြန္းထားပါတယ္။

ေ၀းလံေခါင္သီတဲ့ Jangebe ရြာက အစိုးရ အလယ္တန္းေက်ာင္းတခုက မိန္းကေလးငယ္ ၃၁၇ ဦးကို ၿပီးခဲ့တဲ့ ေသာၾကာေန ့မွာ ေသနတ္သမားေတြက ျပန္ေပးဆြဲခဲ့တာျဖစ္ပါတယ္။

နိုင္ဂ်ီးရီးယားနုိင္ငံမွာ ၿပီးခဲ့တဲ့နွစ္ေတြအတြင္း လူအေျမာက္အမ်ားပမာဏနဲ ့ျပန္ေပးဆြဲတာေတြ အေတာ္မ်ားမ်ား ျဖစ္ပြားခဲ့ၿပီး ျပန္ေပးဆြဲသူေတြက မၾကာခဏ ျပန္ေပးေငြေတာင္းခံတာေတြရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ ၃၀၀ ခန့် ပြန်လွှတ်

(Unicode)

ကျောင်းသူ ၂၇၉ ဦးကို ပြန်ပေးသမားတွေက ပြန်လွှတ်ပေးလိုက်ပြီး သူတို့ဟာ ကျန်းမာရေးစစ်ဆေးပြီးနောက် မိသားစုတွေထံ ပြန်လည်ရောက်ရှိနေကြပြီလို့နိင်ဂျီးရီးယားနိုင်ငံရဲ့ Zamfara ပြည်နယ်အရာရှိတွေက ပြောပါတယ်။

ဖခင်တဦးဖြစ်တဲ့ Yakubu Sani ကတော့ အခုမှပြန်လည်လွတ်မြောက်လာတဲ့ သမီးဖြစ်သူရဲ့ အသံကိုကြားရပြီးနောက် သူဟာ အသစ်ပြန်လည်မွေးဖွားသလို ဖြစ်သွားတယ်လို့ဆိုပါတယ်။

ပြည်နယ်ရဲမင်းကြီး Abutu Yaro ကတော့ သူတို့ကို စစ်ဆေးမေးမြန်းပြီးနောက် မိန်းကလေးငယ်တွေဟာ ကျန်းမာ ပျော်ရွှင်နေကြတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးသူက အစိုးရဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က မိန်းကလေးငယ်တေ ွလွတ်မြောက်ရေးအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့လည်းဆိုပါတယ်။

သူက နောက်ပိုင်းမှာ အသေးစိတ်ကို ထုတ်ပြန်ကြေညာမယ်လို့ပြောဆိုခဲ့ပြီး ပြန်ပေးငွေ အစီအစဉ်နဲ့လွတ်မြောက်ခဲ့ကြသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

နိုင်ဂျီးရီးယားသမ္မတ Muhammadu Buhari က သူ့ရဲ့တွစ်တာမှာ ပြောဆိုတာကတော့ တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံဟာ ငြိမ်းချမ်းစွာအဆုံးသတ်သွားတာမို့ပျော်ရွှင်မိတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီး သမ္မတ Buhari စစ်တပ်နဲ့ရဲတွေက ပြန်ပေးသမားတွေကို လိုက်လံရှင်းလင်းနေပြီး လူထုကိုလည်း ရာဇဝတ်မှုတွေရပ်တန့်စေဖို့ တတ်နိုင်သမျှ သတင်းအချက်အလက်တွေ ပေးပို့ကူညီကြဖို့တိုက်တွန်းထားပါတယ်။

ဝေးလံခေါင်သီတဲ့ Jangebe ရွာက အစိုးရ အလယ်တန်းကျောင်းတခုက မိန်းကလေးငယ် ၃၁၇ ဦးကို ပြီးခဲ့တဲ့ သောကြာနေ့မှာ သေနတ်သမားတွေက ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူအမြောက်အများပမာဏနဲ့ပြန်ပေးဆွဲတာတွေ အတော်များများ ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူတွေက မကြာခဏ ပြန်ပေးငွေတောင်းခံတာတွေရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG