သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Netanyahu ကို အဂတိလိုက်စားမှုနဲ့ အရေးယူဖို့ အစ္စရေးရဲ အကြံပြု


အဂတိလိုက်စားမှု သီးခြားစွဲချက် ၂ ခုနဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို အရေးယူဖို့ အစ္စရေးရဲက အကြံပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် Netanyahu အနေနဲ့ သန်းကြွယ် ဘီလျံနာ သူဌေးတွေ ဆီက တန်ဖိုးကြီး လက်ဆောင်တွေ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တလကြာ စုံစမ်းစစ်ဆေးပြီးနောက် ရာဇဝတှ်ုနဲ့ စွဲချက်တင်ဖို့ အင်္ဂါနေ့က အခုလို အကြံပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြုသဘောဆောင်တဲ့ သတင်းကို ဖေါ်ပြပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းစာ ထုတ်ဝေသူတဦးကို အထူးအခွင့်အရေးများ ပေးဖို့ သူက ကတိပေးခဲ့တယ် လို့လည်း စွပ်စွဲခြင်း ခံခဲ့ရပါတယ်။

အခုလို အကြံပြုချက်တွေကို ရဲက လူသိရှင်ကြားထုတ်ပြန်အပြီး မိနစ်အနည်းငယ် အကြာမှာ ဝန်ကြီးချုပ်က အင်္ဂါနေ့က အစ္စရေး ရုပ်သံကနေ တုန့်ပြန် ပြောကြားခဲ့ပါတယ်။ အစ္စရေး နိုင်ငံသားတွေက သူ့ကို ခေါင်းဆောင်ဖို့ ရွေးချယ်တဲ့ ကာလပတ်လုံး သူ့အနေနဲ့ အစ္စရေးနိုင်ငံအပေါ် တာဝန်သိသိ သစ္စာရှိရှိ ဆက်ပြီး ဦးဆောင်မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အရေးယူဖို့ ရဲတွေရဲ့ အကြံပြုချက်တွေ ဟာလည်း နောက်ဆုံးမှာတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဖူးလို့ သူက ပြောကြားခဲ့ပါတယ်။ မစ္စတာ Netanyahu ဟာ အဖိုးတန် ဆေးပြင်းလိပ်၊ အဖိုးတန်အရက်နဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ အပါအဝင် လက်ဆောင်တွေကို

အစ္စရေးနွယ်ဖွား ဟောလီဝုဒ်က ထုတ်လုပ်သူ Arnon Milchan နဲ့ Australia နိုင်ငံသား သတင်းမီဒီယာ ဘီလျံနာ သူဌေးကြီး James Packer အပါအဝင် ဘီလျံနာသူဌေးတွေ ဆီကနေ သူဟာ လက်ဆောင်ပစ္စည်းတွေ လက်ခံခဲ့တယ်လို့လည်း စွပ်စွဲထားရတာ ဖြစ်ပါတယ်။

မစ္စတာ Netanyahu ကို ရုံးတင်တရားစွဲဖို့ နောက်ဆုံးဆုံ ဖြတ်ချက်ကို အစိုးရရှေ့နေချုပ် Avichai Mandelblit က ချမှတ်ရမှာ ဖြစ်ပါတယ်။

မစ္စတာ Netanyahu အနေနဲ့ တရားစွဲဆိုခံခဲ့ရရင် ရာထူးကနေ ချက်ချင်း နှုတ်ထွက်ပေးစရာ မလိုဘူးလို့ တရားရေးဝန်ကြီး Ayelet Shaked ကပြောပါတယ်။ ဒါပေမယ့် အမာခံတွေနဲ့ အလယ်လတ်ဝါဒီတွေကြား ဖွဲ့ထားတဲ့ ညွန့်ပေါင်း အစိုးရ အားနဲနေချိန်မှာ အခုလို စွဲချက်အတင်ခံရရင် သူ့ရဲ့ နိုင်ငံအုပ်ချုပ်နိုင်စွမ်းကိုတော့ ထိခိုက်ဖို့ သေချာတယ်လို့ သုံးသပ်ကြပါတယ်။

Netanyahu ကတော့ သူအမှားတခုမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG