သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်(စ်)နဲ့ အပစ်ရပ်ရေး ဆွေးနွေးဖို့ Netanyahu သဘောတူ


အစ္စရေးစစ်သားတွေနဲ့တွေ့ဆုံနေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (နိုဝင်ဘာ ၇၊ ၂၀၂၃)
အစ္စရေးစစ်သားတွေနဲ့တွေ့ဆုံနေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (နိုဝင်ဘာ ၇၊ ၂၀၂၃)

ဟားမတ်စ်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သောကြာနေ့မှာ အတည်ပြုပေးလိုက်ပါတယ်။

ဂါဇာက အငတ်ဘေးကြုံနေရတဲ့ ပါလက်စတိုင်းတွေ အတွက် အရေးပေါ် လူသားစာနာမှု အကူညီပေးဖို့ ICJ နိုင်ငံတကာ တရားရုံးက အစ္စရေးကို အမိန့်ချလိုက်ပြီး နောက်တနေ့မှာပဲ အခုလို အစ္စရေးဝန်ကြီးချုပ်က သဘောတူလိုက်တာပါ။

အစ္စရေး ဓါးစာခံတွေကို ပြန်လွှတ်ပေးရင် အလဲအလှယ် အနေနဲ့ ဂါဇာမှာ ထိုးစစ်ရပ်မယ်လို့ပြောတဲ့ အစ္စရေးက အခုထိုးစစ်ကို ခေတ္တရပ်ပြီး အပစ်ရပ် သဘောတူညီချက်ရဖို့ နောက်ထပ် ဆွေးနွေးမှာဖြစ်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

၆ လထဲ ဝင်လာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ နောက်တချီ အပစ်ရပ်ဖို့နဲ့ နိုဝင်ဘာမှာ ပထမအကြိမ် လွှတ်ပေးပြီးကတည်းက နောက်ထပ် လွှတ်မပေးသေးတဲ့ ဓါးစာခံတွေ ပြန်လွတ်ရေးအတွက် အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က ကြားဝင်ညှိနှိုင်း ပေးနေတာပါ။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကနေ အဖမ်းခံနေရတဲ့ ဓါးစာခံတွေ ပြန်လွတ်မြောက်ရေး အပြည့်အဝ လုပ်မပေးနိုင်တာအတွက် ပြည်တွင်း ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ရာဟူးက သူဟာ အစ္စရေးရဲ့ ညှိနှိုင်းရေးမှူးတွေနဲ့ ဆွေးနွေးခဲ့ကြောင်းနဲ့ လာမယ့် ရက်ပိုင်းအတွင်း ကာတာနဲ့ အီဂျစ်မှာ ပြုလုပ်မယ့် အပစ်ရပ် ညှိနှိုင်းမှုတွေမှာ ပါဝင်ဖို့ အစ္စရေး ကိုယ်စားလှယ်တွေကို ခွင့်ပြုလိုက်ကြောင်း ပြောပါတယ်။

ဟားမတ်စ်တွေ အခုထိ ဖမ်းထားတဲ့ ဓါးစာခံက အယောက် ၁၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Forum

XS
SM
MD
LG