သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအကူအညီပေးရေးပိတ်ဆို့မှု အစ္စရေးကို ကုလအတွင်းရေးမှူးချုပ်ဝေဖန် 


ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အစ္စရေး-ဟာမတ်စ်ယာယီအပစ်ရပ်စဲရေး ညှိနှိုင်းဖို့ အီဂျစ်နိုင်ငံကိုရောက်ခိုက် အီဂျစ်ဘက်ခြမ်းက ရာဖာမြို့က ပါလက်စတိုင်းဘက်ဖြတ်တဲ့နယ်စပ်ဂိတ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစကားပြောစဥ်။ (မတ်လ ၂၃၊ ၂၀၂၄)
ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အစ္စရေး-ဟာမတ်စ်ယာယီအပစ်ရပ်စဲရေး ညှိနှိုင်းဖို့ အီဂျစ်နိုင်ငံကိုရောက်ခိုက် အီဂျစ်ဘက်ခြမ်းက ရာဖာမြို့က ပါလက်စတိုင်းဘက်ဖြတ်တဲ့နယ်စပ်ဂိတ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစကားပြောစဥ်။ (မတ်လ ၂၃၊ ၂၀၂၄)

ဂါဇာဒေသကပြည်သူတွေဟာ ကြောက်ရွံထိတ်လန့်နေရသလို ငတ်မွတ်ခေါင်းပါးမှုနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အဲဒီလူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ထပ်မပို့နိုင်အောင် ပိတ်ပင်ဟန့်တားထားတာတွေကို အစ္စရေးနိုင်ငံကသာ ဖယ်ရှားနိုင်တယ်လို့လည်း ပြောပါတယ်။ အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား သီတင်း ၆ ပတ်ကြာအပစ်ရပ်ရေး ဆွေးနွေးမှုတွေကို ထောက်ခံအားပေးနိုင်ဖို့ အီဂျစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံချိန်မှာ အတွင်းရေးမှူးချုပ်က အဲဒီလိုပြောလိုက်တာပါ။

အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်တို့ရဲ့စက်ဆုပ်စရာတိုက်ခိုက်မှုနဲ့ ဓားစားခံတွေဖမ်းသွားတဲ့လုပ်ရပ်တွေဟာ လုံးဝမှားယွင်းပြီး အဲဒီဖြစ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူတွေကို ဝိုင်းပြီးအပြစ်ပေးနေတာတော့ မဖြစ်သင့်ဘူးလို့လည်း ပြောဆိုသွားပါတယ်။ အီဂျစ်နိုင်ငံနဲ့နယ်စပ် ဂါဇာဒေသထဲက Rafah မြို့ထဲကို စနေနေ့ကသွားရောက်ခဲ့တဲ့ မစ္စတာ ဂူတာရက်စ်က စာနာမှုအကူအညီတွေဝင်မလာနိုင်အောင် ဟန့်တားထားတာဟာ အလွန်ရက်စက်တဲ့ စိတ်ဓာတ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပိတ်ထားတဲ့နယ်စပ်ဂိတ်တဘက်ခြမ်းမှာ စာနာမှုအကူအညီကားတန်းရှည်ကြီးကိုတွေ့ရပြီး တခြားတဘက်မှာတော့ ဆာလောင်ငတ်မွတ်နေတဲ့ လူတန်းရှည်ကြီးကိုမြင်ခဲ့ရပါတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အမေရိကန်ရဲ့ ကန့်ကွက်နေတဲ့ကြားက ဂါဇာဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကာတာမှာ အပစ်ရပ်ရေးဆွေးနွေးပွဲကျင်းပနေချိန်မှာ အတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်စကားထွက်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG