(Zawgyi / Unicode)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေပြီး စနေနေ့က အဆိပ်အတောက်ဖြစ်စေတဲ့ အဆင့်ထိ ရောက်လာခဲ့ပေမယ့် အိန္ဒိယ လယ်သမားတွေကတော့ သူတို့တောင်ယာထဲ ရိုးပြတ်တွေ မီးရှို့နေတာကို ရပ်ပစ်ဖို့ ငြင်းဆန်နေကြပါတယ်။
စနေနေ့က ဒေလီမြို့တော် နေရာတချို့မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးအဆင့် ရောက်ခဲ့တာပါ။ အိန္ဒိယရဲ့ လေထုညစ်ညမ်းမှု အတော်ကို ဆိုးဝါးနေပြီလို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ လေထုစောင့်ကြည့်ရေး အေဂျင်စီတွေက လတ်တလောမှာ လေမတိုက်တဲ့အတွက် နောက် ၂ ရက်အတွင်း အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။
နယူးဒေလီဝန်းကျင်မှာ ခွင့်ပြုချက်မရှိဘဲ တောင်ယာရိုးပြတ်တွေ မီးရှို့နေသူတွေကို ဖမ်းမိနိုင်ဖို့ တာဝန်ရှိအဖွဲ့တွေ လိုက်လံ ရှာဖွေနေကြပါတယ်။
ပြီးခဲ့တဲ့လကပဲ ပန်ဂျပ်ပြည်နယ် တခုတည်းမှာတင် မီးရှို့တဲ့တောင်သူ ၁,၃၀၀ နီးပါးကို ဒဏ်ရိုက်ခဲ့ပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေ စုံစမ်းမှုအရ အဲဒီပြည်နယ်မှာ တရားမဝင် တောင်ယာမီးရှို့မှု ၁၂,၀၀၀ ကျော် ရှိခဲ့ပါတယ်။
----------------------------
(Unicode)