သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေဒလီ ေလထုညစ္ႏြမ္းမႈ အႏၱရာယ္အဆင့္ ေရာက္ရွိ


မီးခုိးျမဴမ်ား ဖုံးလႊမ္းေနတဲ့ နယူးေဒလီၿမိဳ႕ေတာ္ျမင္ကြင္း။ (ႏုိဝင္ဘာ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ အႏၲရာယ္ရွိတဲ့ မီးခိုးျမဴေတြ ေန႔စဥ္ရက္ဆက္ ဖုံးလႊမ္းေနတာ တပတ္ေက်ာ္လာခဲ့ပါၿပီ။

ေလထုသန္႔ရွင္းမႈ အရည္အေသြး တိုင္းတာခ်က္အရ တနဂၤေႏြေန႔မွာ ေလထုထဲ အမႈန္ပါဝင္မႈ PM အၫႊန္းကိန္းက ၃၄၇ မွာ ရွိပါတယ္။ အၫႊန္းကိန္း ၃၀၁ ကေန ၅၀၀ ၾကားကို အႏၲရာယ္အရွိဆုံးအဆင့္ သတ္မွတ္ထားတာပါ။ ၂၀၁ ကေန ၃၀၀ ၾကားကိုေတာ့ က်န္းမာေရးအတြက္ အလြန္စိုးရိမ္ရတဲ့အဆင့္၊ ၁၅၁ ကေန ၂၀၀ ၾကားကေတာ့ က်န္းမာေရး ထိခိုက္ေစတဲ့အဆင့္ အသီးသီး သတ္မွတ္ထားတယ္လို႔ မိုးေလဝသနဲ႔ ေလထုအရည္အေသြး ေစာင့္ၾကည့္အဖြဲ႔ SAFAR က ဆိုပါတယ္။

ကမၻာေပၚက ေလထုအညစ္ညမ္းဆုံး ၿမိဳ႕ႀကီးေတြထဲမွာ နယူးေဒလီလည္း ပါဝင္ၿပီး ေဆာင္းရာသီေရာက္တိုင္း အပူခ်ိန္ က်ဆင္းတာနဲ႔အမွ် ဆိုးရြားတဲ့ ေလထုညစ္ညမ္းမႈ အႏၲရာယ္ကို ႏွစ္ကာလၾကာရွည္ ရင္ဆိုင္လာခဲ့ရတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ႏုိဝင္ဘာလမွာ ေလထုညစ္ညမ္းမႈ ပိုဆိုးေလ့ရွိၿပီး ဒီလိုျဖစ္ရတဲ့အထဲမွာ လယ္သမားေတြက ေနာက္တရာသီ စိုက္ပ်ဳိးေရးအတြက္ ေတာင္ယာအမႈိက္ေတြကို မီး႐ႈိ႕ၾကတာကလည္း အေၾကာင္းတခ်က္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

နယူးဒေလီ လေထုညစ်နွမ်းမှု အန္တရာယ်အဆင့် ရောက်ရှိ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အန္တရာယ်ရှိတဲ့ မီးခိုးမြူတွေ နေ့စဉ်ရက်ဆက် ဖုံးလွှမ်းနေတာ တပတ်ကျော်လာခဲ့ပါပြီ။

လေထုသန့်ရှင်းမှု အရည်အသွေး တိုင်းတာချက်အရ တနင်္ဂနွေနေ့မှာ လေထုထဲ အမှုန်ပါဝင်မှု PM အညွှန်းကိန်းက ၃၄၇ မှာ ရှိပါတယ်။ အညွှန်းကိန်း ၃၀၁ ကနေ ၅၀၀ ကြားကို အန္တရာယ်အရှိဆုံးအဆင့် သတ်မှတ်ထားတာပါ။ ၂၀၁ ကနေ ၃၀၀ ကြားကိုတော့ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရတဲ့အဆင့်၊ ၁၅၁ ကနေ ၂၀၀ ကြားကတော့ ကျန်းမာရေး ထိခိုက်စေတဲ့အဆင့် အသီးသီး သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ လေထုအရည်အသွေး စောင့်ကြည့်အဖွဲ့ SAFAR က ဆိုပါတယ်။

ကမ္ဘာပေါ်က လေထုအညစ်ညမ်းဆုံး မြို့ကြီးတွေထဲမှာ နယူးဒေလီလည်း ပါဝင်ပြီး ဆောင်းရာသီရောက်တိုင်း အပူချိန် ကျဆင်းတာနဲ့အမျှ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှု အန္တရာယ်ကို နှစ်ကာလကြာရှည် ရင်ဆိုင်လာခဲ့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုဝင်ဘာလမှာ လေထုညစ်ညမ်းမှု ပိုဆိုးလေ့ရှိပြီး ဒီလိုဖြစ်ရတဲ့အထဲမှာ လယ်သမားတွေက နောက်တရာသီ စိုက်ပျိုးရေးအတွက် တောင်ယာအမှိုက်တွေကို မီးရှို့ကြတာကလည်း အကြောင်းတချက် ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG