အမေရိကန် ရွေးကောက်ပွဲမှာ နယူးဟမ်ရှိုင်းယား ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ရီပါဘလီကန် ပါတီက Kelly Ayotte ဖြစ်လာတဲ့အတွက် လာမယ့်နှစ်မှာ အမေရိကန် မှာ အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၃ ယောက် အဖြစ် စံချိန်တင်လိုက်ပါတယ်။ ယခင် အမေရိကန် အထက်လွှတ်တော်အမတ် Ayotte ဟာ ဒီမိုကရက် ပါတီ အုပ်ချုပ်ရေးမှူးလောင်း Joyce Craig ကို အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ရွေးကောက်ပွဲအထိက အမျိုးသမီး ပြည်နယ် အုပ်ချုပ်ရေးမှူး က ၁၂ ပဲ ရှိတာပါ။ အမေရိကန် အောက်လွှတ်တော် အမတ်နေရာတွေမှာလည်း နယူးဟမ်ရှိုင်းယား ပြည်နယ်ကို ကိုယ်စားပြုဖို့ အမျိုးသမီးတွေချည်း အမတ်နေရာ ယူထားကြတာပါ။ နယူးဟမ်ရှိုင်းယား ပြည်နယ် ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌရာထူးတွေ နဲ့ အထက်လွှတ်တော်မှာ အမျိုးသမီး အမတ် အများစု ရှိနေတဲ့ ပထမဆုံး ပြည်နယ် ဖြစ်လာပါတယ်။
အမေရိကန် နိုင်ငံမှာ ပြည်နယ် ၅၀ ရှိပြီး ၁၈ ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးရာထူးကို အမျိုးသမီးတွေ ဘယ်တုန်းကမှ မရရှိသေးပါဘူး။ ပြည်နယ် ၅၀ မှာ ၁၃ ယောက်ပဲ အမျိုးသမီး အုပ်ချုပ်ရေးမှူး ရှိတာမို့ ကိုယ်စားပြုမှုအရ နည်းနေပါသေးတယ်လို့ Rutgers အမေရိကန် အမျိုးသမီး နဲ့ နိုင်ငံရေး လေ့လာရေး ဌာန ညွှန်ကြားရေးမှူး Kelly Dittmar က ဆိုပါတယ်။ Kelly Ayotte ဟာ နယူးဟမ်ရှိုင်းယားရဲ့ တတိယမြောက် အမျိုးသမီး ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။
Forum