(Zawgyi / Unicode)
အစၥေရးလ္ႏိုင္ငံကုိ ၁၂ ႏွစ္ၾကာ ဦးေဆာင္လာခဲ့တဲ့ Benjamin Netanyahu ရဲ႕ အခန္းက႑ကို အဆုံးသတ္ေစၿပီး ဘာသာေရး အမ်ဳိးသားေရးအစြန္းေရာက္ New Right ပါတီရဲ႕ေခါင္းေဆာင္ Naftali Bennett က ဝန္ႀကီးခ်ဳပ္အျဖစ္နဲ႔ အစၥေရးလ္အစိုးရအဖြဲ႔ကို ဦးေဆာင္သြားဖို႔ တနဂၤေႏြေန႔က က်မ္းသစၥာ က်ိန္ဆိုလိုက္ပါတယ္။
ဝန္ႀကီးခ်ဳပ္အျဖစ္ ၁၂ ႏွစ္ၾကာလာၿပီျဖစ္တဲ့ Netanyahu ရဲ႕ ႏိုင္ငံေရးသက္တမ္း ႀကီးထြားလာမႈကို အဆုံးသတ္ေစခ်င္တဲ့ ရည္ရြယ္ခ်က္ တခုတည္းမွာသာ ဘုံသေဘာတူညီခ်က္ ရွိၾကၿပီး အျခား ဘုံသေဘာဆႏၵ သိပ္မရွိၾကတဲ့ ပါတီ ၈ ခုနဲ႔ စုဖြဲ႔ထားတဲ့ ညြန္႔ေပါင္းအစိုးရထဲမွာ Bennett က ပထမ ၂ ႏွစ္တာကာလကို ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူသြားမွာ ျဖစ္ပါတယ္။
အသက္ ၄၉ အရြယ္ Bennett ဟာ Netanyahu နဲ႔ ႏိုင္ငံေရးလက္တြဲေဖာ္ျဖစ္ၿပီး ၂၀၁၉ ကေန ၂၀၂၀ ၾကား ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူ ျဖစ္ပါတယ္။
Bennett ရဲ႕ ဝန္ႀကီးခ်ဳပ္သက္တမ္း ၂ ႏွစ္ၿပီးရင္ေတာ့ Netanyahu ျဖဳတ္ခ်ေရးမွာ သေဘာတူခဲ့တဲ့ တခ်ိန္က ႐ုပ္သံသတင္း ေၾကညာသူလည္းျဖစ္၊ ဘ႑ာေရးဝန္ႀကီးေဟာင္းလည္း ျဖစ္တဲ့ အသက္ ၅၇ ႏွစ္အရြယ္ Yair Lapid က ဝန္ႀကီးခ်ဳပ္ ျဖစ္လာမွာပါ။ Lapid ဟာ ၿပီးခဲ့တဲ့မတ္လ ေရြးေကာက္ပဲြအတြင္း Netanyahu ရဲ႕ လီကြတ္ပါတီၿပီးရင္ ဒုတိယ မဲအမ်ားဆုံး အႏိုင္ရခဲ့သူ ျဖစ္ပါတယ္။
Netanyahu ကေတာ့ အဓိက အတုိက္အခံအျဖစ္ ဆက္ရွိေနမွာျဖစ္ၿပီး ေလာေလာဆယ္ အဂတိလုိက္စားမႈ စြပ္စဲြခ်က္ေတြအတြက္ တရားရင္ဆိုင္ေနရပါတယ္။
အသစ္ဖြဲ႔စည္းလုိက္တဲ့ အစၥေရးလ္ ညြန္႔ေပါင္းအစိုးရထဲမွာ အာရပ္ပါတီျဖစ္တဲ့ အစၥလာမၼစ္ Ra’am ပါတီလည္း ပါဝင္လာၿပီး အစၥေရးလ္ႏိုင္ငံတြင္း ေနထိုင္တဲ့ အာရပ္လူမ်ဳိးေတြကို အက်ဳိးျပဳေရး လုပ္ေဆာင္သြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အစၥေရးလ္ႏိုင္ငံ လူဦးေရရဲ႕ ၂၀ ရာခုိင္ႏႈန္းဟာ အာရပ္ေတြျဖစ္ၾကပါတယ္။
---------------------
(Unicode)
အစ္စရေးလ် ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို
အစ္စရေးလ်နိုင်ငံကို ၁၂ နှစ်ကြာ ဦးဆောင်လာခဲ့တဲ့ Benjamin Netanyahu ရဲ့ အခန်းကဏ္ဍကို အဆုံးသတ်စေပြီး ဘာသာရေး အမျိုးသားရေးအစွန်းရောက် New Right ပါတီရဲ့ခေါင်းဆောင် Naftali Bennett က ဝန်ကြီးချုပ်အဖြစ်နဲ့ အစ္စရေးလ်အစိုးရအဖွဲ့ကို ဦးဆောင်သွားဖို့ တနင်္ဂနွေနေ့က ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် ၁၂ နှစ်ကြာလာပြီဖြစ်တဲ့ Netanyahu ရဲ့ နိုင်ငံရေးသက်တမ်း ကြီးထွားလာမှုကို အဆုံးသတ်စေချင်တဲ့ ရည်ရွယ်ချက် တခုတည်းမှာသာ ဘုံသဘောတူညီချက် ရှိကြပြီး အခြား ဘုံသဘောဆန္ဒ သိပ်မရှိကြတဲ့ ပါတီ ၈ ခုနဲ့ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအစိုးရထဲမှာ Bennett က ပထမ ၂ နှစ်တာကာလကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
အသက် ၄၉ အရွယ် Bennett ဟာ Netanyahu နဲ့ နိုင်ငံရေးလက်တွဲဖော်ဖြစ်ပြီး ၂၀၁၉ ကနေ ၂၀၂၀ ကြား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
Bennett ရဲ့ ဝန်ကြီးချုပ်သက်တမ်း ၂ နှစ်ပြီးရင်တော့ Netanyahu ဖြုတ်ချရေးမှာ သဘောတူခဲ့တဲ့ တချိန်က ရုပ်သံသတင်း ကြေညာသူလည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ အသက် ၅၇ နှစ်အရွယ် Yair Lapid က ဝန်ကြီးချုပ် ဖြစ်လာမှာပါ။ Lapid ဟာ ပြီးခဲ့တဲ့မတ်လ ရွေးကောက်ပွဲအတွင်း Netanyahu ရဲ့ လီကွတ်ပါတီပြီးရင် ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
Netanyahu ကတော့ အဓိက အတိုက်အခံအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး လောလောဆယ် အဂတိလိုက်စားမှု စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်နေရပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ အစ္စရေးလ် ညွန့်ပေါင်းအစိုးရထဲမှာ အာရပ်ပါတီဖြစ်တဲ့ အစ္စလာမ္မစ် Ra’am ပါတီလည်း ပါဝင်လာပြီး အစ္စရေးလ်နိုင်ငံတွင်း နေထိုင်တဲ့ အာရပ်လူမျိုးတွေကို အကျိုးပြုရေး လုပ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်။ အစ္စရေးလ်နိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အာရပ်တွေဖြစ်ကြပါတယ်။