သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခု အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မယ့် သတင်းထွက်


မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFDB
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFDB

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မဲ့ စာရင်းမှာ ထည့်သွင်းမယ့်အကြောင်း ဒီနေ့ ဗုဒ္ဓဟူးနေ့ ကြေညာနိုင်တယ်လို့ နီးနီးစပ်စပ်သိသူ နှစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖေါ်ပြပါတယ်။ ဒီသီတင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း သံတမန်အသိုင်းအဝိုင်းမှာ ပျံ့နှံ့နေခဲ့ပြီး စစ်ကောင်စီ ပြောခွင့်ရဘက်ကတော့ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်ကို မစိုးရိမ်တဲ့ အကြောင့်း တုံ့ပြန်ပြောဆိုနေပါတယ်။ တချိန်တည်းမှာ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံရပေမဲ့ မစိုးရိမ်ကြဖို့ အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အရင်က ကြုံခဲ့ပေမဲ့ နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးရပ်တန့်မှု မရှိဘဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားသုံးငွေ လွှဲပြောင်းတာ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေနဲ့ လစာလွှဲပြောင်းပေးတာတွေကို အဆင်ပြေအောင် ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူပုဂ္ဂိုလ် ၈၀ လောက်နဲ့ လုပ်ငန်း ၃၀ လောက်အပေါ် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဿ်ခတ်ထားပြီး ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေးအရ ပတ်သက်သူတွေကို ပစ်မှတ်ထားအရေးယူတာဖြစ်ပြီး ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခကို ပိုပြီး ဆိုးဝါးနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ အမေရိကန်လွှတ်တော်က ပြဌာန်းထားတဲ့ BURMA Act ဥပဒေ အကောင်အထည်ဖေါ်မှု အခြေအနေကို ပြန်လည်သုံးသပ်တဲ့ ကြားနာပွဲတရပ် မနက်ဖြန် ကြာသပတေးနေ့ အမေရိကန် အောက်လွှတ်တော် Tom Lantos လူ့အခွင့်အရေးကော်မရှင်မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

XS
SM
MD
LG