သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တားဆီးပေးဖို့ ပြည်ပရောက် မြန်မာတွေ တောင်းဆို


အမေရိကန်ပြည်ထောင်စုတဝှမ်းမှာရှိတဲ့ ရာနဲ့ချီတဲ့တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက မြန်မာပြည်တွင်း လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရေး ဝါရှင်တန်ဒီစီမြို့တော်မှာ တောင်းဆိုဆန္ဒပြကြစဉ်။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စုတဝှမ်းမှာရှိတဲ့ ရာနဲ့ချီတဲ့တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက မြန်မာပြည်တွင်း လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရေး ဝါရှင်တန်ဒီစီမြို့တော်မှာ တောင်းဆိုဆန္ဒပြကြစဉ်။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကနေ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေတိုက်ခိုက်နေတာတွေကို ဝိုင်းဝန်းတားဆီးပေးဖို့နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးနေရတာတွေကိုကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုတဝှမ်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့ပေါင်းစုံပါဝင်ပြီး ဝါရှင်တန်ဒီစီမြို့တော်မှာ စနေနေ့တုန်းက ရာနဲ့ချီတဲ့ အဝေးရောက်မြန်မာနိုင်ငံသားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ Save Myanmar USA အဖွဲ့က ကိုရင်အေးက အခုလိုပြောပါတယ်။

“ အဓိကကတော့ No fly zone (လေယာဉ်မပျံသန်းရဇုန်နယ်မြေသတ်မှတ်) ပေးဖို့၊ ပြီးတော့ Jet fuel sanction (လေယာဉ်ဆီတင်သွင်းမှုတားမြစ်ဖို့) တွေလုပ်ဖို့၊ ပြီးလို့ရှိရင် MOGE sanction တွေလုပ်ဖို့၊ အဲဒီကိစ္စတွေ၊ နောက်ပြီးလို့ရှိရင် ကျနော်တို့ early warning syestem လို့ခေါ်တဲ့ လေယာဉ်တွေလာလို့ရှိရင် ကြိုပြီးအသိပေးနိုင်အောင်၊ ပြည်သူတွေရှောင်နိုင်အောင် early warning syestem တွေ၊ ပြီးလို့ရှိရင် အင်တာနက်စနစ်တွေ ကျနော်တို့တိုင်းပြည်မှာ ပြန်ပြီးတော့ရရှိဖို့ အကူအညီပေးဖို့ ကျနော်တို့လာပြီး တောင်းဆိုတာဖြစ်တယ်။”

အဖွဲ့ပေါင်း ၅၄ ဖွဲ့ကစုပေါင်းပြီး အမေရိကန်အစိုးရထံ အိတ်ဖွင့်ပေးစာတစောင်ပေးပြီးတင်ပြဆောင်းဆိုခဲ့ပါတယ်။ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပေးဖို့၊ လေယာဉ်ဆီတွေပိတ်ပင်တားဆီးပေးဖို့နဲ့ မြန်မာ့စွမ်းအင်ကဏ္ဍတွေကို ပိတ်ဆို့ရေးယူပေးဖို့တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့တွက် အရပ်သားတွေ ထိခိုက်သေဆုံးရတာတွေရှိသလို ကျေးရွာတွေလည်းမီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ပြေးဒုက္ခသည်အရေအတွက်တွေလည်းတိုးလာနေတယ်လို့ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအသီးသီးကလည်း ပြောဆိုထားပါတယ်။

ဆန္ဒပြသူတွေဟာ အမေရိကန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့မှာစတင်စုစည်းဆန္ဒပြခဲ့ကြပြီး သမ္မတအိမ်ဖြူတော်ရှေ့ကိုလည်းသွားရောက်တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ ဒါ့ပြင် မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သံရုံးရှေ့ကိုသွားပြီးတော့လည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG