သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ အပြောင်းအလဲ ဗီယက်နမ်နဲ့ ဆက်ဆံရေး ထိခိုက်မည်မဟုတ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗီယက်နမ်နိုင်ငံ ကို ဆိုက်ရောက်စဉ်။ (ဇန်နဝါရီ ၁၃၊ ၂၀၁၇)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗီယက်နမ်နိုင်ငံ ကို ဆိုက်ရောက်စဉ်။ (ဇန်နဝါရီ ၁၃၊ ၂၀၁၇)

အမေရိကန်ပြည်ထောင်စုမှာ မကြာခင်ဖြစ်လာမယ့် အစိုးရအပြောင်းအလဲက ၂ နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းတက္ကသိုလ်မှာ ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ခေါင်းဆောင်မှု အပြောင်းအလဲကြောင့် ပြောင်းလဲမသွားနိုင်တဲ့ စံတန်ဖိုးတွေ ၂ နိုင်ငံကြားမှာ ရှိတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။ ၂ နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုက လူပုဂ္ဂိုလ်တဦးတစ်ယောက်၊ ဒါမှမဟုတ် သမ္မတ တဦးတစ်ယောက် ဒါမှမဟုတ် ပါတီတခုအပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ၂ နိုင်ငံကြားမှာ အတူရှိနေတဲ့ အကျိုးစီးပွားတွေနဲ့ အနာဂတ်အတွက် သဘောတူထားတဲ့ အရာတွေပေါ်မှာ အမြစ်တွယ်တည်ရှိလာခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့် ရှေ့သီတင်းပတ် သမ္မတတာဝန် စထမ်းဆောင်တဲ့အချိန်ကျရင် ဒေါ်နယ်လ်ထရမ့်က - ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ဖက်နိုင်ငံများ သဘောတူညီမှုအပေါ်မှာ ဆန့်ကျင်နေတာကြောင့် ဒီသဘောတူညီချက် ပျက်ကောင်းပျက်နိုင်တယ် ဆိုတာကို ဝန်ကြီးကယ်ရီက အသိအမှတ် ပြုပြောကြားသွားပါတယ်။

ဒါပေမဲ့ အလုပ်အကိုင်တွေဆုံးရှုံးတာဟာ ကုန်သွယ်ရေးသဘော တူညီချက်ကြောင့် မဟုတ်ဘဲ နည်းပညာတိုးတက်လာောကြာင့်ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်အတွင်းမှာမကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး - နိုင်ငံတနိုင်ငံချင်းစီက သူပိုင်ကိုယ်ပိုင် ပြောနေတဲ့ နယ်မြေပိုင်ဆိုင်မှုတွေ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်ဘက်ကမှ ရပ်တည်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ဒီမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေ အားလုံးအနေနဲ့ ရန်စတဲ့လုပ်ရပ်တွေကို မလုပ်ကြဖို့ ဝန်ကြီးကယ်ရီက ပြောကြားလိုက်ပါတယ်။ တရုတ်၊ ဗီယက်နမ်၊ အပါအဝင် နိုင်ငံ ၆ နိုင်ငံက တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG