ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရ-မရဆိုတာ မသေချာပေမဲ့ အပစ်အခတ်ရပ်စဲရေးတော့ ရနိုင်တယ်လို့ UNFC (ခေါ်) ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ အကြီးအကဲ နိုင်ဟံသာ, က ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက်ကော ဘယ်လို အတားအဆီးတွေ ရှိနေသေးသလဲဆိုတာ နိုင်ဟံသာ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာနိုင်ဟံသာ ခင်များ … တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ကြားမှာ ငြိမ်းချမ်းရေးရတော့မယ်။ အပစ်အခတ် ရပ်စဲရေး အောင်မြင်တော့မယ်ဆိုတာ ကြားနေရပေမယ့် လက်တွေ့ဖြစ်လာတာ မတွေ့ရသေးပါဘူး။ ဆရာတို့ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို အနှောင့်အယှက် အတားအဆီးတွေ ကြုံနေရပါသလဲ ခင်များ။
နိုင်ဟံသာ ။ ။ အနှောင့်အယှက်ရယ်လို့တော့ သိပ်မဟုတ်သေးဘူးလေ။ အခုမှ နည်းနည်းလမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ အရင်ကဆိုရင် သူကလည်း တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ သူ့ရဲ့ သဘောထားနဲ့ သူ့ရဲ့ အဆိုပြုလွှာတွေနဲ့ တက်လာတယ်။ ကျနော်တို့ဖက်ကလည်း အဲဒီလို တက်လာတယ်ဆိုတော့ အဲဒီမှာ ညှိနှိုင်းရတာ သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ အခုကတော့ နှစ်ဖက်စလုံးကနေပြီးမှ ဒီလို သူ့မူကိုယ့်မူအပေါ် ဆွေးနွေးနေတာထက် မူတစောင်ထဲကို ပူးတွဲရေးပြီးတော့ အဲဒီအပေါ်မှာ ညှိနှိုင်းသွားဖို့ အဲဒီလို သဘောထားတွေ ရလာပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးသဘောတူညီချက်ထက် အပစ်အခတ်ရပ်စဲရေးကို အရင်ရအောင် လုပ်မယ်ဆိုတဲ့ သဘောပေါ့။ အခုသွားနေတဲ့ အစီအစဉ်က။
နိုင်ဟံသာ ။ ။ အခု အစီအစဉ်ကတော့ ဟုတ်တယ်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးသွားဖို့ အဲဒါကို နောက်တဆင့်မှာ ဆက်လုပ်သွားဖို့ အဲဒီလို သဘောထားရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီသဘောထားကို ကချင်လိုအဖွဲ့အစည်းတချို့က လက်မခံနေတာ ရှိတယ်မဟုတ်လား။
နိုင်ဟံသာ ။ ။ လက်ခံပါတယ်။ လက်မခံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုပါ ကချင်ဖက်က ရပ်တည်တာကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးရင် နိုင်ငံရေးအရ ဆွေးနွေးမှုကို ခပ်မြန်မြန်သွက်သွက်နဲ့ အဲဒါလည်း ခိုင်ခိုင်မာမာနဲ့ တက်လှမ်းနိုင်ဖို့ အဲဒါကိုပဲ သူတို့ အဓိကထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီ အပစ်အခတ်ရပ်စဲရေးကော ဘယ်အချိန်လောက် ဖြစ်မယ်လို့ မျှော်လင့်ပါသလဲ။
နိုင်ဟံသာ ။ ။ အတိအကျတော့ ပြောလို့မရနိုင်သေးဘူး။ အခုအချိန်မှာ ကျနော်တို့ နားလည်းမှုရထားတာကတော့ နှစ်ဖက်စလုံးက လူ (၉) ဦးစီထည့်ပြီးတော့ အဲဒီမှာ ကော်မတီတရပ်ဖွဲ့မယ်။ အဲဒီ ကော်မတီကနေ အဆိုပြုလွှာ “တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်” အဆိုပြုတဲ့ စာတန်းတရပ်ကိုရေးဖို့ အဲဒီလောက်ပဲ အဆင့်ရပါတယ်။ အဲဒါကို တကယ်တမ်း ဆွေးနွေးတဲ့အခါကြတော့ သူ့ရဲ့ ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ရပ်တည်ချက် ဘယ်လောက်ကိုက်ညီသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါရဲ့လား။
နိုင်ဟံသာ ။ ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းရေးကရော။
နိုင်ဟံသာ ။ ။ ငြိမ်းချမ်းရေးဆိုတာက တပြည်လုံး အပစ်အခတ်ရပ်စဲရေးရရင် ဒါကတော့ တဆင့်ငြိမ်းချမ်းရေးပေါ့။ ဒါပေမဲ့ ပြဿနာအားလုံး ပြေလည်တဲ့အဆင့်တော့ မဟုတ်သေးဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ တက်လှမ်းဖို့ ရှိပါသေးတယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြေလည်မှပဲ ဒါကတော့ ရေရှည်ငြိမ်းချမ်းရေးကတော့ ဖြစ်လာနိုင်ပါမယ်။
ဦးကျော်ဇံသာ ။ ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဆရာပြောသလို အဲဒီမှာ သဘောတူညီချက်ရရင် ဆရာတို့တွေက လက်နက်စွန့်ကြမလား။ ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပါဝင်လှုပ်ရှားကြမလဲ။
နိုင်ဟံသာ ။ ။ လက်နက်စွန့်ဖို့ကိစ္စကိုတော့ မပြောပါနဲ့။ ကျနော်တို့မှာ အတွေ့အကြုံရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုအားလုံးက လက်နက်စွန့်ရမယ်ဆိုတဲအပိုင်းကိုတော့ ဘယ်သူမှ လက်မခံဘူးဗျ။ ကျနော်တို့ ကိုင်ထားတဲ့ လက်နက်ကို ကျနော်တို့နိုင်ငံ ကာကွယ်ရေးအတွက် ဘယ်လိုနေရာ ချပေးမလဲ။ အဲဒီလိုပဲ မျှော်လင့်နေပါတယ်။ ကျနော်တို့လည်း တာဝန်ရှိပါတယ်။ ကျနော်တို့နိုင်ငံကို ကာကွယ်ဖို့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံရေးသဘောတူညီမှုနဲ့ ငြိမ်းချမ်းရေးရတဲ့အထိ အနည်းဆုံး ဒီတိုင်းရင်းသားအင်အားစုတွေက လက်နက်တော့ ဆက်လက်ပြီး ကိုင်ထားဆဲ ဖြစ်မှာပေါ့။
နိုင်ဟံသာ ။ ။ လက်နက်ကတော့ ကိုင်ထားဖို့တော့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံအရ ကျနော်တို့ကတော့ ကျနော်တို့ဆီမှာ လက်နက်မရှိဘူးဆိုရင်၊ ကျနော်တို့မှာ နိုင်ငံရေးအရ ဘာမှလုပ်ပိုင်ခွင့် မရှိတော့ဘူးဆိုတဲ့ အရင်က အတွေ့အကြုံအရ အဲဒီလို အခိုင်အမာ ရှိနေကြပါတယ်။
ဦးကျော်ဇံသာ ။ ။ တနည်းအားဖြင့် ယုံကြည်မှု အပြည့်အဝမရှိသေးဘူးဆိုတဲ့ သဘောကိုတော့ ပြတာပေါ့။
နိုင်ဟံသာ ။ ။ ဒီလိုလည်း ပြောလို့ရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တောင်းဆိုတာကတော့ ကျနော်တို့ အနာဂတ်မှာလည်း တပ်မတော်ကို ပြည်ထောင်စုတပ်မတော် ပုံစံအသွင်ပြောင်းဖို့လိုတယ်လို့ ကျနော်တို့က ခံယူပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုက ရေရှည်ဖြစ်ပေါ်လာတဲ့ အနေအထားအပေါ်မှာ အဲဒီလို စစ်တပ်ကို ပြည်ထောင်စုဆန်ဆန်၊ စစ်မှန်တဲ့ ပြည်ထောင်စုအသွင်သဏ္ဍာန်နဲ့ ကိုက်ညီတဲ့ပုံစံမျိုး မပြောင်းလဲဘူးဆိုရင် စစ်တပ်ဆိုတာကတော့ တဖက်က အာဏာသိမ်းနေတဲ့ အနေအထားမျိုးတွေကတော့ စိုးရိမ်စရာတော့ အများကြီးရှိနေနိုင်တယ်။ ဖြစ်နိုင်တဲ့ အလားအလာတွေက လုပ်နေတဲ့အနေအထား အများကြီးလွယ်ကူနေတယ်လို့ ကျနော်ကတော့ အဲဒီလို ခံယူပါတယ်။
ဦးကျော်ဇံသာ ။ ။ တချိန်တုန်းကလည်း မြန်မာပြည် လွတ်လပ်ရေးရပြီးချိန်က ကချင်သေနတ်ကိုင်တပ်ရင်း၊ ချင်းသေနတ်ကိုင်တပ်ရင်းတို့ဆိုတာ သီးခြားဆီရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ ဗဟိုရဲ့ စစ်တပ်မှာတော့ ဗဟို တသွေးတသံတမိန့်အရ ဗဟိုကပြောတဲ့ အမိန့်ကိုပဲ လိုက်နာရတာ ဖြစ်ပါတယ်။ ဆိုတော့ အခုက ဆရာတို့က ဘယ်လို လိုချင်တာလဲ။ ဗဟိုရဲ့ အမိန့်ကိုပဲ လိုက်နာကြရမှာ မဟုတ်ဘူးလား။
နိုင်ဟံသာ ။ ။ ဒီလိုပါ။ နိုင်ငံတခုမှာတော့ တပ်မတော်ဆိုတာ တခုပဲ ရှိဖို့လိုပါတယ်။ အဲဒီ တပ်မတော်ကို ဘယ်လိုပုံစံနည်းနဲ့ ဖွဲ့စည်းမလဲ။ ကျနော်တို့ မြင်တာကတော့ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမှာ တပ်မတော်ကို ရှေ့ဆောင်တဲ့အဖွဲ့ကလည်း လူမျိုးပေါင်းစုံအသွင်ဆောင်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ပြည်နယ်တိုင်းမှာလည်း သူ့ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိဖို့လိုမယ်လို့ ကျနော်တို့က အဲဒီလို မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ဆိုတာ ရဲ၊ ပြည်နယ်အလိုက်ထားတဲ့ ရဲ မဟုတ်ဘူးလား။
နိုင်ဟံသာ ။ ။ ရဲနဲ့တော့ မဆိုင်ပါဘူး။ ရဲကတော့ သီးသန့်ပေ့ါ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက သတင်းစာဆရာ ဘာတေးလ် လစ်တနာ (Bertil Lintner) က သုံးသပ်ပါတယ်။ ဗဟိုအစိုးရ ပင်လုံလို့ ညွှန်နေတဲ့အခါ သူတို့ပင်လုံစိတ်ဓါတ်ကိုသာ ညွှန်နေခြင်းဖြစ်တယ်။ ပင်လုံက ပြောခဲ့တဲ့စနစ်ကို ညွှန်ခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဖက်က ပြောနေတာကတော့ ပင်လုံဆိုတာမှာ ပင်လုံသဘောတူညီချက်ကို ပြောနေတာလို့ ဆိုပါတယ်။ အဲဒါကော မှန်ပါသလား။
နိုင်ဟံသာ ။ ။ ဟုတ်တယ်။ ကျနော်တို့ကတော့ ပင်လုံစိတ်ဓါတ်ကိုပဲ ပြောရမယ်ဆိုရင်တော့ ဒါက ခဲယဉ်းတယ်။ အသွင်းသဏ္ဍာန်အရ တိကျတဲ့ အနေအထားမရှိဘူး။ ကျနော်တို့ကတော့ ပင်လုံ ကတိကဝတ်တို့၊ ပင်လုံ သဘောတူညီချက်တို့ အဲဒါကို အဓိကထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါကို ပြည်ထောင်စုအစိုးရက လက်ခံနိုင်မယ့် အခြေအနေ ရှိပါသလား။ ဆရာတို့ဖက်နဲ့ ညှိလို့ရနိုင်မယ့် အလားအလာကော ရှိရဲ့လား။
နိုင်ဟံသာ ။ ။ အဲဒါက တကယ်တမ်း ညှိတဲ့အခါကျမှ သိမှာပါ။ အခုကတည်းက ကျနော်တို့ ပြောထားရင်တော့ စောလွန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ဘာတေးလ် ထောက်ပြတဲ့အထဲမှာ နောက်တခုက ပြည်ပအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးအတွက် ကူညီတယ်။ ပိုက်ဆံတွေ အများကြီးထည့်ပြီးတော့ လုပ်နေကြတယ်ဆိုပေမယ့် အဲဒါဟာ စီးပွားရေးလုပ်ငန်းတခုပဲ ဖြစ်လာစရာရှိတယ်။ တကယ်တော့ နိုင်ငံရေးပြေလည်မှုအတွက် သိပ်ပြီးတော့ အလားအလာ မရှိဘူးလို့ ဆိုပါတယ်။ ဆရာ ဒီကိစ္စကို ဘာပြန်ပြောချင်ပါသလဲ။
နိုင်ဟံသာ ။ ။ အဲဒီ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု ပိုက်ဆံတွေကတော့ ကျနော်တို့နဲ့ ဆက်စပ်မှုမရှိတော့ ကျနော်တို့လည်း မပြောတတ်ဘူး။
ဦးကျော်ဇံသာ ။ ။ ဆရာတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဆရာတို့နဲ့ လာပြီး ညှိတာ ရှိပါသလား။ အဲဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေ။
နိုင်ဟံသာ ။ ။ တွေ့ဆုံတာတော့ ရှိပါတယ်။ အားပေးတာတော့ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ ငွေရေးကြေးရေးတွေကိုတော့ ကျနော်တို့ကို ထောက်ပံ့တာတော့ မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့က နိုင်ငံရေးအဖြေ ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ အကြံပေးတာကော ရှိပါသလား။ ဥပမာ အပစ်အခတ်ရပ်စဲကြပါ။ ငြိမ်းချမ်းအောင် နေကြပါလို့ ဒီလောက်ပဲ ပြောတာပဲလား။ ဘာများ တိတိကျကျ သူတို့ဖက်က ပြောနိုင်သလဲ။
နိုင်ဟံသာ ။ ။ သူတို့ဖက်က ဘယ်အပိုင်းက ကူညီပေးရမလဲ။ ဘယ်အချိန်မှာ ဘာကူညီရမလဲ စသဖြင့် ဒါတွေကိုလည်း မေးပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေဖက်မှာ အားလုံးတူညီတဲ့ သဘောတူညီချက် - အပစ်အခတ်ရပ်စဲရေးအတွက်တော့ သဘောတူညီမှု ရကြပြီဆိုတဲ့ သဘောပေါ့။
နိုင်ဟံသာ ။ ။ ဟုတ်ကဲ့ အဲဒီလိုတော့ ရှိပါတယ်။ ဒါပေမဲ့ တခုရှိပါတယ်။ ကျနေုာ်တို့ရဲ့ လိုင်ဇာ၊ လော်ခီလာ သဘောတူညီချက်ထဲမှာတော့ တချို့တိုင်းရင်းသားအဖွဲ့အစည်းတွေ မပါသေးဘူး။ ဒါပေမဲ့ သူတို့ကို လိုက်ပြီးဆွေးနွေးတဲ့နေရာမှာ အတတ်နိုင်ဆုံး ကျနော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် သိရတာက တချို့က အဲဒီအထဲမှာ ဆွေးနွေးပွဲကိုတော့ တက်မယ်။ အနည်းဆုံး လေ့လာသူအဖြစ်တော့ တက်မယ်။ ဆွေးနွေးပွဲကိုတော့ အနှောက်အယှက်ပြုမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့လဲ သူတို့တွေက အခြေခံအားဖြင့် သဘောတူညီမှု မရှိသေးဘူးဆိုတော့ အဲဒီမှာ ရလဒ်က ဘယ်လောက်အထိ အလားအလာ ကောင်းပါသလဲ။ တကယ်ကော ကောင်းရဲလား။
နိုင်ဟံသာ ။ ။ တချို့ကတော့ ဒါကတော့ ဥပမာ RCSS ဆိုရင် ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ နှစ်ခါစလုံး ပါပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့အဆင့်တော့ မရှိဘူး။ သူတို့ကတော့ သီးသန့်နေတယ်။ ကျန်တဲ့ ဝ၊ မိုင်းလားတို့ကတော့ ဆွေးနွေးတဲ့အထဲမှာလည်း မပါခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့ လေ့လာမိသလောက်၊ ဆွေးနွေးပြီးတဲ့အခါမှာ သူတို့နဲ့ သွားညှိနှိုင်းတယ်။ သူတို့ကတော့ တကယ်တမ်း နိုင်ငံရေး ဆွေးနွေးတဲ့အခါကြရင် ကျနော်တို့နဲ့ တပူးတပေါင်းတည်း ပါဝင်မယ်လို့တော့ ပြောပါတယ်။
ဦးကျော်ဇံသာ ။ ။ တအောင်းပလောင်တွေကြတော့။
နိုင်ဟံသာ ။ ။ ပါပါတယ်။ ကျနော်တို့နဲ့ အတူတူပါ။ ပလောင်၊ ကချင် ပါပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူတို့နဲ့ အစိုးရတပ်ဖွဲ့ကြားမှာလည်း တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတာကြားရပါတယ်။ အဲဒီတော့ ဆရာတို့နဲ့ ဆွေးနွေးတဲ့အခါမှာတွေ့ရင် ဒီကိစ္စအတွက် ပြေလည်အောင် ဘာမှမညှိနိုင်ကြဘူးလား။
နိုင်ဟံသာ ။ ။ ဒီလိုပါ … အခုအနေအထားမှာ ကချင် နဲ့ ပလောင် တို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးဘူး။ အဲဒါကြောင့် သူတို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်ပြီးတော့ မေးချင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့်ကာလဟာ သေနတ်သံတွေ ငြိမ်ဆိတ်ပြီးတော့ တနိုင်ငံလုံးမှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်မယ် ထင်ပါသလား။ သို့တည်းမဟုတ် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့နေရာတွေမှာ ဆက်ပြီးတော့ သေနတ်သံတွေ ကြားနေရအုံးမလား။ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ပျက်မလား။
နိုင်ဟံသာ ။ ။ အဲဒါကိုတော့ အတိအကျတော့ ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ကျနော်ထင်တာကတော့ အဲဒီ ရွေးကောက်ပွဲကာလကြရင်တော့ သေနတ်သံတွေကတော့ တိတ်နိုင်လိမ့်မယ်လို့တော့ အဲဒီလို ယုံကြည်ပါတယ်။