ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုနှင့်အပြီး ဖြစ်ထွန်းနေတဲ့ ဖြစ်ထွန်းလာနိုင်တဲ့ နိုင်ငံရေးပြဿနာ အခြေအနေတချို့ကိုတော့ သုံးသပ်စောင့်ကြည့်နေသူတွေဖြစ်ကြတဲ့ ဦးဝင်းမင်း ဦးအောင်သူငြိမ်းတို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဝင်းမင်းတို့ ကိုအောင်သူငြိမ်းတို့က မြန်မာနိုင်ငံကို မကြာခဏ ပြန်သွားတော့ ပြန်လိုက်တိုင်း အရင်ကထက် ဒီနေရာဖြင့် တိုးတက်နေပါလား ဆိုတာမျိုးတွေ တွေ့ရပါလား။
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့။ တွေ့ရပါတယ် ဆရာ။ ဥပမာ နိုင်ငံရေးအကျင်းသား လွတ်ပေးဖို့ကိစ္စတွေမှာ။ အရင်ကဆိုလို့ရှိရင် ကျန်နေတဲ့သူတွေ လွတ်လာပေးဖို့အတွက် မျှော်လင့်ချက်က တော်တော်နည်းသွားတာကိုး။ နောက်တခေါက် ပြန်ရောက်တဲ့အချိန်မှာ ပြန်လွတ်ပေးဖို့ အဖွဲ့လေးတစ်ခု ဖွဲ့လာတယ်။ ပြီးတော့ စပြီးတော့ လွတ်ပေးလာတာ တချို့ရှိလာတယ်။ ဆက်လွတ်ပေးဖို့လည်း ကတိပေးတာတွေ တွေ့ရတယ်။ အဲဒီအခါကျတော့ အဲဒီလိုမျိုး တိုးတက်မှုမျိုးတွေ တွေ့ရသလို ဒီတိုင်းရင်းသားပြဿနာမှာလည်း ကချင်နှင့်ပတ်သက်ပြီးတော့ အရင်က ဒီတိုက်ပွဲတွေ အရမ်းဖြစ်ပြီးတော့ ဒီစေ့စပ်နိုင်တဲ့ အလားအလာပေါ့ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်တဲ့ အလားအလာ နည်းများနည်းသွားပြီလားလို့ စိုးရိမ်နေရတဲ့ကာလကနေ အခုဆိုလို့ရှိရင်တော့ ဒီအပစ်အခတ် ရပ်စဲရေးအတွက် ရှေ့မှာ အလားအလာကောင်းတဲ့ အနေအထားတစ်ခုကို ဒီသဘောတူညီချက်တချို့ ရလာတာ တွေ့ရတယ်။ ရှေ့မှာလည်း ဆက်ဆွေးနွေးဖို့အစီအစဉ်တွေ ရှိနေတယ်။ အဲဒါအပြင် သမ္မတကြီးကိုယ်တိုင်ပေါ့ မကြာခင် ဒီလပိုင်းအတွင်းမှာပေါ့ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးမျိုး ဖြစ်လာအောင် ကြိုးပမ်းဖို့အတွက် သန္ဒိဋ္ဌာန်ချထားတယ်။ နိုင်ငံရေးအရ ဆက်ဆွေးနွေးဖို့အတွက် အလားအလာတွေရှိ နေတယ်ဆိုတာကို ကျနော် အများကြီးကြားခဲ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကိုအောင်သူငြိမ်းအနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။ ကိုအောင်သူငြိမ်း တခါတလေ ပြန်သွားတိုင်း မြန်မာနိုင်ငံမှာ အဲဒီလိုပဲ တိုးတက်မှုတွေ တိုးပြီးတိုးပြီး တွေ့လာရပါသလား။
ဦးအောင်သူငြိမ်း ။ ။ ဟုတ်ကဲ့။ မြင်သာတဲ့ တိုးတက်မှုနှစ်ခုတော့ ကျနော် တွေ့ပါတယ်။ အဲဒါကတော့ ကားတွေသိပ်ကျပ်လာတယ် ခင်ဗျာ။ ဆိုလိုတာကတော့ ကားဝယ်တဲ့သူလည်း များလာတယ်။ ကားတွေ သွင်းလာတာလည်း များလာတယ်ပေါ့။ ဆိုတော့ နောက်တချက်ကတော့ ပုဂ္ဂလိကသတင်း စာတွေလည်း အခုအချိန်မှာ ထွက်လာပြီပေါ့။ ဆိုတော့ ဒါကလည်း သိသာတဲ့ လွတ်လပ်မှုလို့ ပြောလို့ရပါတယ်။ နောက်တခု ကျနော်တို့ မမြင်သာပေမယ့်လည်း တွေ့လို့ရှိရင် ခံစားနိုင်တဲ့ တိုးတက်မှုကတော့ လူတွေက တော်တော်ကို ပွင့်ပွင့်လင်းလင်းနှင့် ပြောရဲဆိုရဲလာတယ်။ နောက်တခါကျတော့ အစိုးရရဲ့ မူဝါဒတွေ Policyတွေအပေါ်မှာလည်း ဝေဖန်ကြတာတွေ တော်တော်များများ တွေ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း ပြောတဲ့ဟာ ပြန်ပြီးကြည့်ကြမယ်ဆိုရင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီးတော့ ဒါအပစ်အခတ် ရပ်စဲရေးအတွက် အလားအလာ ကောင်းလာတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဓိကပြဿနာက တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ရေးထက် ကိုယ့်ကြံမ္မာ ကိုယ်ဖန်တီးခွင့် သူတို့ဒေသအုပ်ချုပ်ရေးမှာ သူတို့ရဲ့သြဇာအာဏာ သူတို့ကျင့်သုံးချင်တယ်။ အထက်ကခိုင်းတဲ့ အာဏာ မဟုတ်ပဲနှင့်။နောက်ပြီးတော့ သူတို့ဒေသရဲ့သံယံဇာတတွေကို နေပြည်တော်ကိုချည်းပဲပေးရတာထက် သူတို့ဒေသ ဖွံ့ဖြိုးရေးအတွက် သူတို့ကိုယ်တိုင် စီမံချင်တယ်။ အနည်းဆုံး တစိတ်တဒေသအားဖြင့်ပေါ့။ ဒါမျိုးတွေကို သူတို့လိုချင်ကြတယ်။ ဆိုတော့ ဒီလိုမျိုးအခွင့်အရေးမျိုး ရနိုင်မဲ့အလားအလာကော တကယ်ရှိပါရဲ့လား ဒီဆွေးနွေးပွဲတွေမှာ။
ဦးဝင်းမင်း ။ ။ အရင်ထက်စာရင်တော့ တိုးတက်လာတယ်လု့ိ ပြောလို့ရပါတယ် ဆရာ။ ဒါပေမယ့် ဒါလည်း တဖြည်းဖြည်းချင်း သွားမယ့်သဘောတော့ ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆရာခုနကပြောတဲ့ Autonomy ပေါ့။ ဒီ ကိုယ့်ဒေသတွေမှာ ကိုယ့်လူတွေနှင့် ရွေးချယ်ခံထားတဲ့လူ တွေအနေနှင့်ပေါ့ အုပ်ချုပ်နိုင်ခွင့်၊ ခုနက ဒီငွေရေးကြေးရေးအရ အရင်းအမြစ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ခွင့်။ အဲဒီလို အခွင့်အရေးမျိုးတွေ ရဖို့အတွက် ဒီငြိမ်းချမ်းရေးလုပ်နေတဲ့ ဒီ မြန်မာ Peace Center လိုမျိုးပေါ့။ အဲဒီမှာ ဆွေးနွေးပွဲတွေ စလုပ်လာတာတွေ့ရတယ်။ ဆိုလိုတာက ဒီငြိမ်းချမ်းရေးနှင့် အပစ်အခက်ရပ်စဲရေး လုပ်နေကြတဲ့ ဝန်ကြီးထိပ်ပိုင်းတော်တော်များများက အခုလိုအခွင့်အရေးမျိုးတွေ တိုင်းရင်းသားတွေကို ပေးပြီးတော့ ဖြေရှင်းမှသာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာတဲ့ အနေအထားမျိုးတွေ ကျနော် အများကြီးတွေ့ရတယ်။ ဒါပေမယ့် ဝန်ကြီးတွေအားလုံးမှာ ဒီအယူအဆ ရှိနေပြီလားဆိုတာတော့ ကျနော် အဲဒါတော့ အတပ်မပြောနိုင်သေးဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုအယူအဆမျိုးရှိဖို့အတွက် ဘယ်အရာက ဟန့်တားထားသလဲ။ ဒီလူတွေက တိုင်းရင်းသားတွေကို မယုံတာလား။ ဘယ်လိုသဘောရသလဲ ကိုအောင်သူငြိမ်း ခင်ဗျာ။
ဦးအောင်သူငြိမ်း ။ ။ ဟုတ်ကဲ့ ကျနော်မြင်တာတော့ တလျှောက်လုံးမှာက ဒီဗဟိုအစိုးရကနေပြီးတော့ အကုန်ကို ချုပ်ကိုင်ပြီးတော့ သွားတဲ့စနစ်နှင့် ကျနော်တို့ တော်တော်ကြာခဲ့တယ်ပေါ့။ ဆိုတော့ ၁၉၆၂ လောက်ကစလို့ရှိရင် ဆယ်စုနှစ် လေးငါးခု ရှိလာတယ်။ အဲဒီအနေအထားမှာ ပြည်နယ်တွေဖက် တိုင်းတွေဖက်မှာ ကြည့်လိုက်ရင်လည်း အောက်ခြေမှာ တကယ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယ ရှိနိုင်ပါတယ်။ ဆိုတော့ နောက်တခုကတော့ ခုန ကိုဝင်းမင်း ပြောတဲ့အချက်ကို ကျနော် နည်းနည်း ဖြည့်စွက်ပြောချင်တာက ဒီ Resources Sharing လို့ခေါ်တာပေါ့။ တိုင်းရင်းသားဒေသတွေကထွက်တဲ့ သစ်တော၊ သံယံဇာတ ဒါတွေကို ပြန်ခွဲဝေပေးမှပဲ ဒီသူတို့နှင့် ပြေလည်မှုရနိုင်မယ်။ ငြိမ်းချမ်းမှု ရနိုင်မယ်။ စသဖြင့် ဒီလိုမျိုးကို အယူအဆတွေတော့ အစိုးရဖက်အပိုင်းမှာ ရှိလာပါတယ်။ ဆိုတော့ ဒါပေမယ့် ဒါကို လက်တွေ့ဖြစ်အောင် လုပ်မယ်ဆိုရင် ဘယ်လောက်ရာခိုင်နှုန်းနှင့် ခွဲကြမယ်လို့၊ တကယ့်ကို အသေးစိတ် ဆွေးနွေးဖို့အပိုင်းတွေမှာကျတော့ ကျနော်ထင်တယ် အချိန်ယူ ရလိမ့်ဦးမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီတိုင်းရင်းသားပြဿနာကိုလည်းပဲ နိုင်ငံရေးအားဖြင့်ကတော့ဆွေးနွေးပေမယ့် လက်တွေ့မှာ ပြဿနာဖြစ်ရင် ထိပ်တိုက်တွေ့တာတော့ စစ်တပ်နှင့်တွေ့တာပဲ။ ဒါကြောင့်လည်းပဲ လူတော်တော်များများက စစ်တပ်ဟာ တိုင်းရင်းသားတွေအပေါ်မှာ ပိုပြီးသဘောထားတင်းမာတယ် လို့ပြောကြတာလည်း ရှိတယ်။ ဆိုတော့ စစ်တပ်ရဲ့သဘောထားတွေကိုကော ပြောင်းလဲဖို့လွယ်ပါ့ မလား။ စစ်တပ်ထဲမှာကော ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ပြောင်းလဲချင်တဲ့အလားအလာ သဘောထားရှိနိုင်မယ်ထင်ပါသလား။
ဦးဝင်းမင်း ။ ။ ကျနော်ကိုယ်တိုင် ဒီစစ်တပ်ခေါင်းဆောင်တွေနှင့် တိုက်ရိုက်မထိတွေ့ရသေးတဲ့အတွက် တိုက်ရိုက်ခန့်မှန်းပြောဖို့တော့ ခက်တယ်ပေါ့ ဆရာ။ ဒါပေမယ့် ဒီအရင်ဖြစ်လာခဲ့တဲ့ အနေအထားတွေ အရဆိုလို့ရှိရင်တော့ စစ်တပ်ခေါင်းဆောင်ပိုင်းမှာ တော်တော်များများက ယူဆထားတာတော့ အခုလို တိုင်းရင်းသားတွေကို တစုံတရာ ဒီလွတ်လွတ်လပ်လပ် အုပ်ချုပ်နိုင်ခွင့်ပေးမယ်။ အရင်းအမြစ်တွေကို ခွဲပေးမယ်ဆိုလို့ရှိရင် တချိန်ကျရင် တိုင်းရင်းသားအဖွဲ့တွေက တိုင်းပြည်ကနေ ခွဲထွက်သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်မျိုးက သူတို့မှာ တောက်လျှောက်ရှိခဲ့တာကိုး။ အဲဒီတော့ အဲဒီလို စိုးရိမ်ချက်မျိုး ရှိတဲ့သူလည်း ဆက်ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် ကျနော် ခုနကပြောတဲ့ ဒီငြိမ်းချမ်းရေးကိစ္စမှာ လုပ်နေတဲ့ ဒီထိပ်ပိုင်းခေါင်းဆောင်တချို့မှာကျတော့ တိုင်းရင်းသားတွေဖက်က ကိုယ်တိုင်ကိုက သူတို့အနေနှင့် မခွဲထွက်ဘူးလို့ ကတိပေးထားတဲ့အပေါ်မှာ တစုံတရာ သူတို့က ယုံကြည်မှုရလာကြတာကိုး။ အဲဒီအခါကျတော့ ဒီစစ်ခေါင်းဆောင်တွေအနေနှင့် ဒီတိုင်းရင်းသားတွေ ဆွေးနွေးပွဲတွေမှာ စပြီးပါလာမယ်။ အခုဆိုလို့ရှိရင် ကချင်နှင့်ဆွေးနွေးပွဲမှာ ဆိုလို့ရှိရင် ကျနော်တို့ ဒီ စစ်ခေါင်းဆောင်တွေ ပါလာတာ တွေ့ရတယ်။ အဲဒီလိုမျိုး ဆက်စပ်မှုတွေ များလာလို့ရှိရင်တော့ နှစ်ဖက်အပြန်အလှန် ယုံကြည်မှု ပိုတည်ဆောက်လာနိုင်ပြီးတော့ ဒီစစ်တပ်ဖက်မှာလည်း သဘောတူလာနိုင်မယ့် အလားအလာမျိုး ဖြစ်လာနိုင်တယ်လို့တော့ မျှော်လင့်ကြည့်လို့တော့ ရတာပေါ့။ ဒါပေမယ့် အခုလောလောဆယ်အနေအထားမှာ အဲဒီလို အနေအထားမျိုး တိုက်ရိုက်မတွေ့ရသေးဘူး။
ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းလည်းပြောပါဦး။ စစ်တပ်နှင့်တိုင်းရင်းသားတွေရဲ့ အပြန်အလှန် သဘောထားတွေ။
ဦးအောင်သူငြိမ်း ။ ။ ဟုတ်ကဲ့။ ကျနော်ထင်တာကတော့ တချို့အချက်တွေအပေါ်မှာ စောင့်ကြည့်ရဦး မယ်ထင်ပါတယ်။ ဆိုတော့ အထူးသဖြင့် ဒီအပစ်အခတ် ရပ်စဲရေးအဖွဲ့တွေမှာ သူတို့ တိုင်းရင်းသားတွေဖက်က တောင်းထားတာက သူတို့နယ်ပယ်ထဲမှာ ရှိနေတဲ့စစ်တပ်စခန်း အကုန်လုံးတော့ မဟုတ်ဘူးပေါ့ တချို့ကို ပြန်ဆုပ်ပေးဖို့တော့ တောင်းထားတာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ ဒါတွေကို ပြန်ဆုပ်ပေး မဆုပ်ပေးဆိုတာ ကျနော်တို့ ကြည့်သင့်ပါတယ်။ ဆိုတော့ နောက်တခုကတော့ အထူးသဖြင့် ဒီ KNU တို့အပါအဝင် တချို့အဖွဲ့အစည်းတွေကတော့Code of Conduct ပေါ့ နှစ်ဖက်ရပ်စဲထားတဲ့အချိန်မှာ တဖက်နှင့် တဖက် လိုက်နာရမယ့် ကျင့်ထုံးတွေ ကိစ္စဆွေးနွေးဖို့တင်ထားတာ ကြာပါပြီ။ အခုဆိုရင် တစ်နှစ်ကျော်တောင် ရှိပြီပေါ့။ ဆိုတော့ အဲဒီအနေအထားမှာ စစ်တပ်က တကယ်လို့ လိုက်လျောဆွေးနွေးလာတယ်ဆိုရင် ဒါတိုးတက်မှုလို့ ကျနော်တို့ ကြည့်လို့ရပါတယ်။ ဆိုတော့ နောက်တတိယအချက်ကတော့ နှစ်ဖက်အပစ်အခတ် ရပ်စဲထားတုန်းမှာ ဒီပြင်ပကနေပြီးတော့ စောင့်ကြည့်လေ့လာတဲ့သူတွေပေါ့ အထူးသဖြင့် ကိုယ့်ပြည်သူလူထုတွေကိုယ်တိုင် စောင့်ကြည့်လေ့လာတဲ့ Mechanisms မျိုးတွေ စစ်တပ်ကလက်ခံလာတယ်ဆိုရင် ကျနော်ထင်တယ် ဒါတိုးတက်မှုလို့ ပြောလို့ရတယ်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက လူတော်တော်များများက သုံးသပ်ကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲလည်း နီးလာပြီပေါ့။ဒီရွေးကောက်ပွဲကာလဟာ မြန်မာနိုင်ငံသမိုင်းရဲ့ အဆစ်အချိုးတစ်ကွေ့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဆိုတော့ အဲဒီရွေးကောက်ပွဲမှာ သူတို့မျှောင်လင့်ထားတာက တော့ ဒီမိုကရေစီကြကြ စစ်မှန်တဲ့ရွေးကောက်ပွဲလုပ်ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး သမ္မတဖြစ်မယ် ဒါသာမာန်တွက်ကြတာပေါ့ဗျာ။ ဒါပေမယ့် ဖွဲ့စည်းပုံထဲမှာ ဒီအတွက် အကန့်အသတ် တွေဟာ ရှိနေတယ်။ ဖွဲ့စည်းပုံ ပြင်မဲ့ကိစ္စက ပိုပြီးအရေးကြီးနေတယ် ဆိုတဲ့ကိစ္စလည်း ရှိပါတယ်။ ဖွဲ့စည်းပုံ ပြင်မဲ့ကိစ္စဟာ အဲဒီကိစ္စတင်မကပါဘူး တခါ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ကိစ္စကိုလည်း ပြင်သင့်တယ် ပြောနေကြတယ်။ ဆိုတော့ အခု ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ ဆွေးနွေးချက်တွေလည်းပဲ မြန်မာနိုင်ငံထဲမှာ ကြားလာရပါပြီ။ အဲဒီဟာကော ဘယ်လောက် အလားအလာ ရှိလဲလို့ တွေ့ခဲ့ရပါသလဲ။
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ဒီကိစ္စကိုတော့ အထူးသဖြင့်တော့ ဒီမိုကရေစီဖက်က ခေါင်းဆောင်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိ ဒီပါလီမန်မှာ ဒီအောက်လွှတ်တော ်ဥက္ကဌပေါ့ သူတို့နှစ်ယောက်ကြားမှာ နီးနီးစပ်စပ် ဆွေးနွေးနေကြတဲ့ အနေအထားမျိုးတွေ ရှိတယ်လို့ ကျနော်တို့ တွေ့နေရပါတယ်။ အဲဒီတော့ တချို့အပိုင်းတွေတော့ ပြင်လို့ရနိုင်ပေမယ့် တချို့အပိုင်းတွေတော့ ပြင်ရခက်ဦးမယ်ထင်တယ်။ ကျနော်မြင်တာလေ။ အထူးသဖြင့် ဒီစစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ စစ်တပ်ရဲ့အာဏာကို တိုက်ရိုက်ဆုံးရှုံးနိုင်တဲ့ ဥပမာ ခုနက ၂၅ ရာခိုင်နှုန်းလို ကိစ္စမျိုး ဆိုလို့ရှိရင်တော့ ပြင်ရခက်ဦးမယ်ထင်တယ်။ ဒါပေမယ့် ခုနက ဒေါ်အောင်ဆန်းစုကြည် သမ္မတ၊ ဒုသမ္မတ ဖြစ်လာဖို့ပေါ့ ကာထားတဲ့ နိုင်ငံခြားသားနှင့် ပတ်သက်တဲ့ကိစ္စမျိုး ဆိုလို့ရှိရင်တော့ ပြင်ရဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကမကြာသေးခင်က ဒီစစ်တပ်ခေါင်းဆောင်တစ်ဦးကို ဒု-သမ္မတခန့်ဖို့ စဉ်းစားရာမှာလည်း စစ်တပ်ကိုယ်တိုင် ဒီပြန်ပြီးတော့ ခံသွားရသလိုဖြစ်ခဲ့တာကိုး။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုစဉ်းစားမိတာက ဒီမှာ စစ်တပ်ရဲ့ပြဿနာကတဲ့ တချို့ဟိုတလောတုန်းက ကျနော် အင်တာဗျူးလုပ်တော့ Professor David Williams က မြန်မာနိုင်ငံ မှာ ဖွဲ့စည်းပုံထဲမှာ စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားရတာက အဓိက ပြဿနာမဟုတ်ပါဘူးတဲ့။ စစ်တပ်ဟာ Civilian အရပ်သားအစိုးရရဲ့လက်အောက်မှာ မရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်သည် ဒီတိုင်းပြည်မှာလို သမ္မတတွေဘာတွေ မဟုတ်ဘူး။ အဲလိုဆိုတော့ မြန်မာနိုင်ငံမှာကော စစ်တပ်က ၂၅ ရာခိုင်နှုန်းကမထွက်ရင်လည်း နေပါပေးထားပါ။ ဒါပေမယ့် သမ္မတလို ပုဂ္ဂိုလ်မျိုးအရပ်သားဟာ တကယ့် ကာကွယ်ရေးဦးစီးချုပ် စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်လာနိုင်တဲ့ ပြင်ဆင်ချက်မျိုးကိုကော ဖြစ်လာနိုင်စရာ အကြောင်းရှိပါသလား။
ဦးအောင်သူငြိမ်း ။ ။ ကျနော်ထင်တာကတော့ အချိန်ယူရလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ဆိုတော့ ပြဿနာတွေကလည်း တခုနှင့်တခု ချိတ်ဆက်သလိုဖြစ်ပါတယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားခြင်းအားဖြင့် ဒီစစ်တပ်က ဘယ်သူ့ဖက်ကို ရပ်ပေးမလဲပေါ့။ ရပ်ပေးမဲ့သူက သမ္မတ ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့ စစ်တပ်ရဲ့အခန်းကဏ္ဍက King maker ပေါ့။ ဆိုတော့ ဒီလိုမျိုး Position မျိုးရှိပါတယ်။ တဖက်မှာကျတော့လည်း ဒီစစ်တပ်ကို ၂၅ ရာခိုင်နှုန်းလျှော့ဖို့ဆိုတာ လက်တွေ့အနေအထားမှာတော့ ဆွေးနွေးမယ်ဆိုရင် လွယ်နိုင်မဲ့အနေအထား မရှိသေးဘူးပေါ့။ ဆိုတော့ ဒါမျိုးတွေကတော့ ပြဿနာတွေ တခုနှင့်တခု လုံးခြားလည်လိုက်နေတဲ့အနေအထားပါ။ အဲဒီတော့ စစ်တပ်ကထောက်ခံတဲ့သူမှာ သမ္မတ ဖြစ်တယ်ဆိုရင် သူကိုယ်တိုင်ကလည်း စစ်တပ်က အလိုကျ တချို့ကိစ္စတွေကို ပြန်အပေးအယူလုပ်ရတာမျိုးတွေ ရှိဦးမယ်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး သမ္မတဖြစ်လာတယ်ဆိုရင် အဓိက စိန်ခေါ်မှုတခုကတော့ စစ်တပ်ရဲ့အခန်းကဏ္ဍကို သူဘာပဲဖြစ်ဖြစ် စစ်တပ်ကို အရပ်သား အာဏာစက် လက်အောက်ကို ရောက်အောင်တော့ သူကြိုးစားရတော့မှာပဲ။ အဲဒါကော ဖြစ်နိုင်စရာအကြောင်း ရှိပါသလား။ နည်းနည်းကြိုပြီးတော့ ကျနော်တို့ အရှေ့ကို လှမ်းကြည့်မယ်ဆိုရင်။
ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာတော့ လက်ရှိအနေအထားမှာ စစ်တပ်ရဲ့ပါဝါကို လျော့ချလိုက်ဖို့က တော်တော်ခက်ဦးမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘာသာသူတို့ ဒီယန္တရားကြီးကို မောင်းနှင်ခဲ့တာ ကြာပြီဆိုတဲ့အနေအထားမှာ ချက်ချင်းကြီး ဒီစစ်တပ်ရဲ့ အာဏာကိုလျှော့ချဖို့အတွက် မလွယ်သေးဘူး ထင်တယ်။ နောက်တခုကကျတော့ တဖက်မှာ ကျနော်တို့ စင်ပြိုင်လို့ပြောလို့ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပေါ့ ဒါမှမဟုတ်ရင်လည်း သူရဲ့မဟာမိတ်တွေကြားထဲမှာ ကျနော်တို့ ဒါကိုမကြိုက်ရင် နောက်တခုကိုအစားထိုးရွေးစရာဆိုလို့ ဒီလို မတည်ဆောက်ထားနိုင်သေးဘူးလို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခုမေးချင်တဲ့ အပိုင်းကတော့ အခုတလော မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ Communal Violence ဘာသာရေးကိုအခြေခံတဲ့ သဘောဆောင်တဲ့ ပဋိပက္ခတွေဖြစ်လာတယ်။ ဒီဟာကကော မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေအတွက် ဘယ်လောက် ကြီးမားတဲ့စိန်ခေါ်မှု ဘယ်လောက်ကြီးမားတဲ့ အဟန့်အတား ဖြစ်စေမယ်ထင်ပါသလဲ။
ဦးဝင်းမင်း။ ။ ဟုတ်ကဲ့ ဒါတကယ့်ကို အကြီးမားဆုံး စိန်ခေါ်မှုလို့တောင် ကျနော်အမြင် တိုင်းရင်းသားပဋိပက္ခတွေ တစုံတရာ ပြေလည်နေတဲ့ အနေအထားမှာပေါ့ တွက်ချက်ကြည့်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုဖြစ်လာတဲ့ ဒီမတူတဲ့လူမျိုးတွေဘာသာတွေ အဲဒီအကြားမှာ ဖြစ်လာတဲ့ ဒီ Communal Violence မှာ သေသေချာချာ မကိုင်တွယ်နိုင်ဘူး မထိန်းသိမ်းနိုင်ဘူး ဆိုလ့ိုရှိရင် စစ်တပ်က တစုံတရာ ပြန်ဝင်လာဖို့အနေအထား ကြိုးစားမှာအထိတောင် ကျနော်တို့ စိုးရိမ်ရတယ်။ ဆိုလိုတာက ဒီမိုကရေစီနောက် ပြန်ဆုတ်သွားမှာတောင် စိုးရိမ်ရတဲ့ အနေအထားရှိပါတယ် ဆရာ။ အဲဒီအခါကျတော့ ဒီပြဿနာကတော့ ကျနော်တို့ ဆက်ပြီးတော့ စိုးရိမ်နေရစဲ ဖြစ်တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာက ဒီကောလဟာလသတင်းတွေအပေါ်မှာ ယုံပြီးတော့ ခုနက မတူညီတဲ့လူမျိုး မတူညီတဲ့ဘာသာတွေအပေါ်မှာ ဒီမုန်းတီးစိတ်က တစုံတရာ ပြင်းထန် နေတယ်လို့ ပြောရမှာပေါ့ ဆရာ။ အဲဒီတော့ ကျနော်တော့ အဲဒီအပေါ်မှာ စိုးရိမ်ပါသေးတယ်။
ဦးကျော်ဇံသာ ။ ။ အခု မီဒီယာ ကိုအောင်သူငြိမ်းပြောတော့ သတင်းစာတွေဘာတွေ လွတ်လပ်ခွင့်ရှိလာတယ် လူတွေဟာ ပွင့်ပွင့်လင်းလင်း ပြောလာကြတယ်ဆိုရင်တော့ ဒါကောလဟာလကိုတော့ တပိုင်းကတော့ သူတို့ ထိန်းကောင်းထိန်းနိုင်မှာပေါ့လေ။ အဲဒီဖက်က။ ဒါပေမယ်လည်း မြန်မာပြည်လွတ်လပ် ရေးရခါစကမှာ ပိုပြီးတော့ ဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးမှုတွေ ရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံဖြစ်စဉ်က တဖြည်းဖြည်း ဆုတ်ယုတ်သွားတဲ့သဘောလား။ အဲဒီဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်လာတာကြည့်ရင်။
ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ပညာရေးနှင့် ဆိုင်တယ်လို့ ထင်တယ် ဆရာ။ တဖက်က ပညာရေး နှိပ်ကျလာတဲ့အခါမှာ ကျနော်တို့ရဲ့ ယေဘုယျ ဒီလူထုကြားထဲမှာ အတွေးအမြင်အရလည်း နှိပ်လာတယ်။ ဆိုတော့ နောက်တခုကတော့ ပြောမယ်ဆိုရင် ဒီနိုင်ငံပိုင်သတင်းစာတွေကနေ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုနှစ်ခုပေါ့ စသဖြင့်မှာ တဖက်ကို တကယ့်ကို ရင့်ရင့်သီးသီး အောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုးတွေ လုပ်ခဲ့တဲ့ ရလဒ်တွေပေါ့။ ဆိုတော့ ကျနော်ထင်တယ် ဒီနေ့ ဖြစ်လာတာတွေက ဒီရလဒ်တွေရဲ့ အကျိုးဆက်လို့လည်း ပြောရင်ရတယ်ထင်တယ်။
ဦးကျော်ဇံသာ။ ။ ကိုဝင်းမင်းကော …
ဦးဝင်းမင်း။ ။ အဲဒီလိုတော့ နှိပ်ကျလာတယ်လို့တော့ ကျနော်မထင်ဘူး။ အဓိကကတော့ အသွင်ကူးပြောင်းရေး ကာလတွေမှာ ခုနက ဖိနှိပ်မှုတစုံတရာလျော့သွားတဲ့ ကာလတွေမှာ လူတွေက တစုံတရာပေါ့ အဲဒီလို သူတို့ရဲ့ မကျေနပ်ချက်တွေဖော်ထုတ်ခွင့်ရှိတယ်ဆိုတဲ့ အတိုင်းအတာက တခါတလေမှာ အရမ်းလွန်ကဲသွားပြီးတော့ ခုနက လူမျိုးချင်း၊ ဘာသာချင်း ဒီမကျေမနပ်မှုတွေကိုပါ အဲဒီလိုပေါ့ ကိုယ်ထိလက်ရောက် ထုတ်ဖော်လာတဲ့ သဘောမျိုးတွေ ဖြစ်သွားတဲ့အပိုင်းတွေက ဥပမာ အင်ဒိုနီးရှား မှာဆိုလို့ရှိရင်လည်း တရုတ် နှင့် မွတ်စလင်နှင့်ကြားထဲမှာ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးတွေ ကျနော်တို့ ကြုံခဲ့ရတယ်လေ ဒီအသွင်ကူးပြောင်းရေးကာလမှာပဲ အဲဒီတော့ အဲဒီလိုမျိုး အနေအထားမျိုးတွေမှာ ဖြစ်သွားတက်ပါတယ်။ ဒါပေမယ့် ဒီနေရာ အဓိကအရေးကြီးတာက အစိုးရအနေနှင့် ဒီအုပ်ချုပ်မှုအပိုင်းအနေနှင့် အထူးသဖြင့်တော့ ဒီရဲတပ်ဖွဲ့အနေနှင့်ပေါ့ ဖြစ်လာတဲ့ ပြဿနာတွေကို မြန်မြန်ဝင်ရှင်းပေးနိုင်ဖို့ တရားဥပဒေအရဖြစ်ဖို့ အဲဒါက အရမ်းအရေးကြီးပါတယ်။