ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ SEA Games အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းရှုံးနှိမ့်ပြီး အုပ်စုပွဲကနေ ထွက်သွားရတဲ့အခြေအနေ၊ မကျေနပ်ဖြစ်ကြတဲ့ ပရိသတ်ရဲ့ ရုန်းရင်ဆန်ခတ် ဖြစ်ကြတဲ့ အခြေအနေတွေကို ဦးကျော်ဇံသာ က မြန်မာစာနယ်ဇင်းဆရာတွေနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာချစ်ဝင်းမောင် ခင်များ … အခု မြန်မာနိုင်ငံမှာ ဘောလုံးပွဲ ရှုံးလို့ ပရိသတ်က ဒေါသမထိန်းနိုင်ဘဲနဲ့ ဆူဆူပူပူ ဖြစ်တယ်ဆိုတဲ့ကိစ္စ။ ဒါ ဘာကိုဖော်ပြသလဲ။ မြန်မာအားကစားပရိသတ်တွေဟာ စိတ်ဓါတ်ရင့်ကျက်မှု ပိုလိုသလား။ ဘာများ ပြောသင့်သလဲဆိုတာကို ဆွေးနွေးလိုခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး ဖြစ်ရပ်လေးကို အကြမ်းမျဉ်းလေး ပြောပြပါလား။
ဦးချစ်ဝင်းမောင် ။ ။ SEA Games ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်မှာ ဒီပွဲက မြန်မာအသင်းအတွက် သရေကျရုံနဲ့ နောက်တဆင့် semi-final ကိုတက်မယ့် အခွင့်အရေးကောင်းရှိနေတယ်။ ရှေ့ပိုင်းမှာ ကျနော်တို့က နှစ်ပွဲနိုင်ထားတယ်။ တပွဲသရေကျထားတယ်။ (၇) မှတ်ရထားတယ်။ ကျနော်တို့နဲ့ ပြိုင်ရမယ့် အင်ဒိုနီးရှားက သူက တပွဲနိုင်၊ တပွဲသရေ (၄) မှတ်ပဲ ရထားတယ်။ ကျနော်တို့က ရှေ့ပိုင်းမှာ ထိုင်းကိုလည်း ကျနော်တို့က သရေကစားထားတယ်။ နောက်တခါ အရှေ့တီမော်ကိုလည်း နိုင်ထားတယ်။ (၃) ဂိုး (၁) ဂိုးနဲ့ နောက် ကမ္ဘောဒီးယားကိုလည်း (၃) ဂိုးပြတ် နိုင်ထားတယ်ဆိုတော့ အင်ဒိုနီးရှားကို မရှုံးအောင်၊ သရေကျအောင် ကစားရုံနဲ့ နောက်တဆင့် တက်မယ့်အနေအထားမျိုးမှာ ကျနော်တို့ရဲ့ နည်းပြကြီး ကိုးရီးယားနိုင်ငံသား ပက်ဆောင်ဟွာ ကနေ အဓိကဖြစ်တဲ့ တိုက်စစ်မှူးတချို့ကို သူမထည့်ဘဲနဲ့ အင်မတန် weak ဖြစ်တဲ့ line-up နဲ့ ပွဲထုတ်တဲ့အခါမှာ သရေမကျတဲ့အပြင် (၁) ဂိုးတောင် ရှုံးသွားတယ်။ အဲဒီလို ရှုံးသွားတဲ့အခါမှာ ပရိသတ်က မကျေမနပ်နဲ့ ဒေါသပေါက်ကွဲမှုလေးတွေ အနည်းအပါး ဖြစ်ခဲ့တာပေါ့။ အဲဒါပါ ဖြစ်ရပ်ကတော့။
ဦးကျော်ဇံသာ ။ ။ တကယ်တော့လည်း အတော်လေး ခံပြင်းစရာကောင်းတဲ့ ဖြစ်ရပ်ပေါ့။
ဦးချစ်ဝင်းမောင် ။ ။ ဟုတ်တာပေါ့။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါသပေါက်ကွဲပြီး ဖြစ်လာတဲ့အခြေအနေအထိ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘာပြောလိုပါသလဲ။
ဦးချစ်ဝင်းမောင် ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာလူမျိုးတွေကလေ ဘောလုံးနဲ့ ပတ်သက်ရင် အင်မတန်ကို crazy ဖြစ်ကြတယ်။ Crazy ဖြစ်တယ်ဆိုတာ အရူးအမှုးဖြစ်တယ်။ ဘောလုံးကလည်း ကျနော်တို့ အောင်မြင်မှုမရတာ တော်တော်လေး ကြာခဲ့ပြီ။ အဲဒီတော့ ကိုယ့်နိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ ကိုယ်က အိမ်ရှင်လုပ်တဲ့ပွဲမှာ ကျနော်တို့က အစောကပြောသလို - semi တက်ဖို့ကို အခြေအနေ တော်တော်လေး ပေးနေပြီ။ ကျနော်တို့ ပရိသတ်တွေက အပြင်မှာ လက်မှတ်တစောင်ကို (၁) သောင်း၊ (၂) သောင်း၊ (၃) သောင်း၊ (၄) သောင်း မှောင်ခိုကနေ လက်မှတ်တွေကို ဝယ်ပြီးတော့ ခလေးလူကြီး မိန်းမယောကျ်ားမကျန် အားတက်သရောနဲ့ ကွင်းလုံးပြည့် လာပြီးတော့ အားပေးကြတာ။ အားပေးတဲ့အချိန်မှာ ကျနော်တို့အသင်းဟာ လိုအပ်တဲ့ ရလဒ်ကို ကျနော်တို့ မရခဲ့ဘူးပေါ့။ စောစောကပြောသလို အင်ဒိုနီးရှားအသင်းကို ပထမပိုင်းမှာတင် ပယ်နတီပေးပြီးတော့ ရှုံးသွားတယ်။ ချေပဂိုး သွင်းမလားဆိုတော့လည်း မိနစ် (၉၀) အထိ မသွင်းနိုင်ခဲ့ဘူး။ မသွင်းနိုင်ခဲ့တဲ့ အနေအထားမှာ အားမလိုအားမရဖြစ်တာကတော့ နည်းပြဆရာပေါ့။ နည်းပြဆရာက အဓိကကျတဲ့ ကစားသမားတချို့ကို မထည့်ဘဲ ထားခဲ့တဲ့အတွက်ကြောင့်မို့ ကျနော်တို့က နောက်ဆုံး ရှင်းရှင်းပြောရင်တော့ ပရိသတ်က သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာ နဂိုကတည်းက ဘောလုံးပေါ်မှာ အရူးအမှုးဖြစ်ကြတော့ ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါမှာ ပရိသတ်အားလုံးတော့ မဟုတ်ပါဘူး။ တချို့သော ပရိသတ်တွေက ပေါက်ကွဲမှုလေးတွေ ဖြစ်ကြတယ်။ ဒါက အရင်တုန်းကလည်း ဘောလုံးပွဲတွေမှာ ဒီလိုမျိုးဖြစ်တဲ့ သဘာဝလေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အရေးကြီးတဲ့ပွဲပေါ့။ လူဆိုတာကတော့ ကိုယ်အရမ်းမျှော်လင့်တဲ့အချိန်မှာ မျှော်လင့်သလို ဖြစ်မလာတဲ့အခါမှာ နည်းနည်း ဒေါသပေါက်ကွဲပြီးတော့ ဖြစ်သွားတာပါ။
ဦးကျော်ဇံသာ ။ ။ ပရိသတ်ကိုတော့ သိပ်ပြီးတော့ အပြစ်မဆိုသာဘူး။ ဖြစ်တာကလည်း သိပ်မပြင်းထန်လှဘူးလို့ ဆရာက သုံးသပ်လိုတယ့် သဘောလား။
ဦးချစ်ဝင်းမောင် ။ ။ ကျနော် ဆိုလိုတာကတော့ ဘောလုံးပွဲတွေမှာ။ ကျနော် ထင်ပါတယ် အင်္ဂလန်၊ ဥရောပတို့မှာ ဘောလုံးပွဲတွေမှာ ဒီလိုမျိုး ပြဿနာလေးတွေ ရှိတတ်ပါတယ်။ ရှိကြပါတယ်။ တချို့ဆိုရင် သေကျေထိခိုက်မှုတွေတောင် ရှိခဲ့ပါတယ်။ ကျနော်ထင်ပါတယ် ဒီမိုကရေစီနိုင်ငံတွေမှာ၊ တကယ် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ပြဿနာလေးတွေကတော့ ကြုံရတတ်တယ်လို့ ကျနော် ထင်တယ်။ နောက်တခုက ကျနော်တို့ မြန်မာလူမျိုးတွေကလည်း ဘောလုံးပေါ်မှာ crazy အရူးအမှုး ဖြစ်ကြတဲ့အတွက်လည်း ပါပါတယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ SEA Games ကြီးက လုံးဝအသက်မဲ့သလို ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ SEA Games အားကစားပြိုင်ပွဲဆိုပေမယ့် လူတွေက ဘောလုံးအားကစားပေါ်မှာပဲ အဓိက အာရုံရှိပြီးတော့ ဘောလုံးကရတဲ့ ရွှေတဆိပ်ကိုပဲ ဘောလုံးဗိုလ်စွဲတာကို အရမ်းလိုချင်ကြတယ်။ အဲဒီလို ဖြစ်မလာတဲ့အခါမှာ အခု မြန်မာအသင်း မနေ့က နုတ်ထွက်သွားချိန်ကစပြီး ကျနော်တို့ တပြည်လုံးက ပြည်သူလူထုက ဝမ်းနည်းပက်လက်နဲ့ ကျန်ခဲ့တယ်။ အဲဒီလို အနေအထားမျိုး ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာရဲမင်းဦး ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပါအုံးခင်များ။ မြန်မာပရိသတ်ရဲ့ ဆူဆူပူပူ ဖြစ်တယ်ဆိုတဲ့ကိစ္စဟာ နည်းနည်းရုပ်ပျက်ဆင်းပျက် ဖြစ်သလား။ သို့တည်းမဟုတ် ဒါဟာ သဘာဝပဲလို့ ဆရာ မြင်သလား။
ဦးရဲမင်းဦး ။ ။ အဓိကတော့ မှတ်ချက်ပေးရမယ်ဆိုရင်တော့ အရမ်းမျှော်လင့်ထားတာ။ ပရိသတ်က အရမ်းကို ပင်ပန်းခံပြီးတော့ စိတ်ရောကိုယ်ပါ နှစ်ပြီးတော့ သူတို့ အားပေးကြတယ်။ ပုံမှန်အားပေးမှု မဟုတ်ဘူး။ မျှော်လင့်ချက်က တော်တော်ကို ကြီးကြီးမားမား ရှိတယ်။ အဲဒါကြောင့် နောက်တခုက လက်မှတ်ဖိုးတွေ၊ ဘာတွေကအစ၊ နောက်တခါ ဝတ်စားဆင်းယဉ်မှုကအစ၊ နောက်ဆုံး timing ကိုက် ဟစ်ကြွေးအားပေးမှုတွေ လုပ်တာမျိုးကအစ အရမ်းကို အားပေးခဲ့တယ်။ ပြောချင်တာက ကဗျာဆန်ဆန် ပြောရင်တော့ နှလုံးသားနဲ့ ဘောပွဲကြည့်တာ။ အဲဒီတော့ ရှုံးတော့ ရှုံးရတာလည်း ရှုံးသင့်ရှုံးထိုက်တဲ့ အရှုံးမျိုး မဟုတ်ဘူး။ တကယ်တော့ မြန်မာအသင်းရဲ့ ခြေစွမ်းက တော်တော်လေးကို အိမ်ကွင်းလည်းဖြစ်တယ်၊ အားရစရာ အနေအထားလေးလည်း ရှိခဲ့တယ်။ အုပ်စုပွဲစဉ် (၃) ပွဲမှာ။ အဲဒီလို ဖြစ်ပြီးတော့မှ ဖိုင်နယ် အုပ်စုနောက်ဆုံးပွဲ ကစားတဲ့အချိန်ကျတော့မှ ပွဲထွက်လာတဲ့ လူစာရင်းအနေအထား။ တကယ်ကန်မယ့် အခြေအနေ၊ ကစားကွက် အခင်းအကျင်း။ နောက်ဆုံး ဘောလုံးတွေပေးတဲ့ passing ကအစ စနစ်မကျဘူး။ control မလုပ်နိုင်ဘူး။ တိုက်စစ်ကစားမလား၊ ခံစစ်ကစားမလား ဒါမျိုးတွေလည်း နည်းဗျူဟာပိုင်းလည်း ပီပီပြင်ပြင် ကွင်းထဲမှာ ရုပ်လုံးပေါ်မလာဘူး။ နောက်တခါ လူစားလည်၊ လူနေရာချထားမှုတွေ။ ဒါကတော့ နည်းပြအဖွဲ့မှာလည်း အဓိက တာဝန်ရှိတယ်။ အဲဒီလိုမျိုးပေါ့။ တဖတ်မှာ အင်ဒိုနီးရှားကလည်း တကယ်ကို ကောင်းတယ်။ သူတို့က နိုင်ရင်တက်ပြီဆိုတဲ့ mindset ဝင်ထားတယ်။ အဲဒီလိုမျိုးဆိုတော့ အသင်းလိုက် teamwork က တကယ်ကောင်းတယ်။ Combination က တအားကောင်းတယ်။ သူတို့က အဲဒီလို ကောင်းတယ်အချိန်မှာ ကျနော်တို့ဖက်က ပေါ့ပေါ့လျော့လျော့နဲ့ ကစားနေသလိုလို၊ pressure ဝင်နေသလိုလို အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာတော့ နောက်ဆုံးမှာ ဘောလုံးပွဲကတော့ အနိုင်အရှုံးကတော့ ပေါ်တာပေါ့။ နိုင်စေချင်တဲ့ ဇောကလည်း တအားကြီး၊ နိုင်စေချင်တဲ့ စေတနာက တအားများပြီး အားပေးပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်မလာတော့ ပေါက်ကွဲတာပေါ့။
ဦးကျော်ဇံသာ ။ ။ အဲဒီ ပေါက်ကွဲမှုက နားလည်း သဘာဝကျတဲ့ ဖြစ်ရပ်ပေါ့။
ဦးရဲမင်းဦး ။ ။ သဘာဝကျတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီကိစ္စမှာ လောင်းထားတဲ့ ပိုက်ဆံရှုံးတာ၊ ဘာညာ ဒီပရောဂတွေ လုံးဝမပါဘူးပေါ့။ အဲဒီလို ဆူဆူပူပူ ဖြစ်ရတဲ့ကိစ္စမှာ။
ဦးရဲမင်းဦး ။ ။ လောင်းကြေးတွေ ဘာတွေက အဓိကကျတယ်လို့တော့ ကျနော်အနေနဲ့ လုံးဝမထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် သေသေချာချာ ကျကျနန ပြင်ဆင်အားပေးတာပါ။ အဲဒီလို ပြင်ဆင်အားပေးတာကို ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်မလာတဲ့အခါမှာ တရားခံကလည်း ဘယ်သူမှန်း မသိတော့ဘူးပေါ့။ နည်းပြလား၊ ကစားသမားလား၊ ဒိုင်လူကြီးလားပေါ့။ နောက်ဆုံးမှာ ပေါက်ကွဲတာပေါ့။ ပေါက်ကွဲပြီးတော့ သူတို့ဝယ်ထားတဲ့၊ ရင်းနှီးမြှုပ်နံှထားတာတွေကို သူတို့ မီးရှို့လိုက်တာပေါ့။ လိုတာထက်ပိုပြီးတော့ သူတို့မျှော်လင့်ချက်အားလုံး ပျက်စီးတယ်ဆိုတဲ့သဘောပေါ့။
ဦးကျော်ဇံသာ ။ ။ ဆရာချစ်ဝင်းမောင် ပြောပါအုံး။ လူတိုင်းကတော့ ဝမ်းနည်းကြမှာပေါ့လေ။ ပြည်သူတွေလည်း ယူကြုံးမရဖြစ်မယ်။ ဒါပေမဲ့လဲ ဒီလို ဆူဆူပူပူ ဖြစ်လာတဲ့ကိစ္စဟာ သွေးရိုးသားရိုး ဒေါသပေါက်ကွဲတာလား။ သို့တည်းမဟုတ် ဒီဟာနဲ့ ပတ်သက်ပြီး လောင်းထားတာ၊ ပိုက်ဆံတွေ အများကြီး ရှုံးတဲ့ကိစ္စလား။
ဦးချစ်ဝင်းမောင် ။ ။ ဒီလိုမျိုး မဟုတ်ပါဘူး။ အဓိကတော့ ကျနော်တို့ ဘောလုံးပရိသတ်တွေက ကိုယ့်အသင်းကို နိုင်စေချင်ကြတယ်။ မရှုံးအောင် ကစားရုံနဲ့ နောက်တဆင့် တက်နိုင်ပါရဲ့နဲ့ ကျနော်တို့ မတက်တဲ့အခါမှာ ပရိသတ်က မချင့်မရဲ ဖြစ်ပြီးတော့ ဆူဆူပူပူ ဖြစ်တာပါ။ စောစောတုန်းက ပြောသလို လောင်းထားလို့၊ နိုင်ငံရေးပရောဂတို့ ဒါတွေမရှိပါဘူး။ ကျနော်တို့ ပရိသတ်တွေရဲ့ သဘာဝပေါ့။ ကျနော်တို့ လူမျိုးတွေမှာလည်း တခါတရံ ဘောလုံးပွဲတွေမှာ အဲဒီလိုပဲ သွေးဆူပေါက်ကွဲလွယ်တတ်တဲ့ လူတချို့ကြောင့် ဖြစ်တာပါ။ လူအားလုံး ဖြစ်တာမဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက မြန်မာနိုင်ငံ ပရိသတ်ဟာ အားကစားပွဲတွေမှာ ကိုယ့်နိုင်ငံ အိမ်ရှင်အသင်းနဲ့ ဧည်နိုင်ငံအသင်းတွေနဲ့ ကစားတဲ့အခါမှာ အားပေးမှု မျှတပါရဲ့လား။
ဦးချစ်ဝင်းမောင် ။ ။ အားပေးမှု မျှတသလား ဆိုတာကတော့ ကျနော်တို့ လူမျိုးတွေကတော့ များသောအားဖြင့်တော့ ကိုယ့်အသင်းကို အရူးအမှုး အသဲအသန် အားပေးတတ်တဲ့ အစဉ်အလာရှိတယ်။ မျှမျှတတ အားပေးတာလည်း ရှိပါတယ်။ သို့သော်လဲပဲ ဘယ်သူမဆို Premier League မှာတောင် အိမ်ကွင်း၊ အဝေးကွင်း ရှိသေးတာပဲ။ အိမ်ကွင်းကစားသမားတွေက အိမ်ကွင်းကိုယ့်ကစားသမားတွေကို သဲသဲမဲမဲ အားပေးသလိုပဲ၊ ကိုယ့်အိမ်ရှင်အဖြစ် လုပ်တဲ့နိုင်ငံပွဲတွေမှာတောင် ကျနော်တို့ ပရိသတ်တွေက ကိုယ့်အိမ်ရှင်ဖက်ကနေ သဲသဲမဲမဲ အားပေးတာကတော့ သဘာဝပဲလို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် တချို့ကြားတာကတော့ ထိုင်းနဲ့ ကန်တဲ့နေတုန်းကဆိုရင် သမိုင်းနဲ့ ပတ်သက်ပြီးတော့ နာကျည်းချက်တွေ၊ အောင်နိုင်မှုတွေ၊ အဲဒီ ဓါတ်ပုံတွေထောင်ပြီးတော့ လုပ်ကြတယ်။ သတင်းသမားတချို့တောင်မှ ဝေဖန်သုံးသပ်ကြတယ်ဆိုတာကို ကြားရလို့ပါ။ အဲဒီ ကိစ္စကိုရော။
ဦးချစ်ဝင်းမောင် ။ ။ ဒါက ဒီလိုရှိပါတယ်။ တချိန်တုန်းက ကျနော်တို့ ထိုင်းအပေါ်မှာ ကျနော်တို့က သြဇာလွှမ်းမိုးမှု ရှိခဲ့တဲ့ သမိုင်းတွေရှိခဲ့တယ်။ ဒီဘောလုံးပွဲကြတော့ ကျနော်တို့ တချို့သော ပရိသတ်တွေက ဒို့နိုင်ငံက မင်းတို့ထက်သာတယ်။ ဒို့ဟာ ဘယ်လိုကြီးမြတ်ခဲ့တယ်ဆိုတာကို ကျနော်တို့ ဥပမာအားဖြင့် ဘုရင်နောင်ရဲ့ ပန်းချီကားကြီးကို ကိုင်ပြီးတော့ ဒါကတော့ လှုံဆော်မှုတခုပေါ့။ နိုင်ငံရေး လှုံဆော်မှုမဟုတ်ဘူး။ ကိုယ့်နိုင်ငံ ကိုယ်ချစ်တယ်ဆိုတဲ့ မျိုးချစ်စိတ်ကို ထုတ်ပြတာလို့ပဲ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာရဲမင်းဦး ဘယ်လို ထင်ပါသလဲ။ ကျန်တဲ့ပွဲတွေမှာရော မြန်မာပရိသတ်ရဲ့ အားပေးမှုက ရင့်ကြတ်မှု ရှိပါသလား။ မျှမျှတတ ရှိပါရဲ့လား။ ထိုင်းနဲ့ကန်တဲ့ နေ့တုန်းကဆိုရင် ရာဇဝင်ထဲက သမိုင်းထဲက နာကျည်းစရာတွေ ဖော်ထုတ်ပြီးတော့ လုပ်တာတွေ ကြားရလို့ပါ။ ဆရာ ဒါကို ဘယ်လိုသုံးသပ်လိုပါသလဲ။
ဦးရဲမင်းဦး ။ ။ အဲဒါကြတော့ ဘောလုံးပွဲနဲ့ မဆိုင်ဘူး။ အားကစားနဲ့ မဆိုင်တဲ့ အားပေးနည်းမျိုးတွေ ကျင့်သုံးလာတာပေါ့။ ဒါပေမဲ့ ကျနော်အနေနဲ့ ခြုံပြီးကြည့်ရမယ်ဆိုရင်တော့ အရင့်အရင် ပွဲစဉ်တွေ၊ ယှဉ်ပြိုင်မှုတွေနဲစာရင်တော့ အများစုကတော့ mature ဖြစ်လာပါတယ်။ တိုးတက်လာပါတယ်။ နိုင်ငံတကာပုံစံမျိုးတော့ ဖြစ်လာပါတယ်။ ဥပမာ အီတလီတို့ ဘာတို့ဆိုရင်လည်း ကွင်းထဲမှာ မီးရှို့တာတွေ ဘာတွေလည်း ရှိတာပဲ။ တခြားနေရာတွေမှာဆိုရင်လည်း အများကြီး ရှိပါတယ်။ အာဂျင်းတီးနားဆိုရင်လည်း အရမ်းကို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်တာမျိုးတွေရှိတယ်။ အဲဒီလောက်အထိ အခြေအနေ မဆိုးပါဘူး။ ဒါပေမဲ့ စောစောက ပြောသလို ထိုင်းပွဲမှာ ဦးအောင်ဇေယျ ပုံတွေဘာတွေ ထုတ်သုံးတာမျိုးတွေလည်းရှိတယ်။ ဒါမျိုးတွေကြတော့ နိုင်ငံရေးတွေ ပါလာတဲ့သဘောပေါ့။ ဒါကလည်း တကယ့်ကို အနည်းအကျဉ်းပါ။ အိမ်ရှင်နိုင်ငံတွေမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီ SEA Games ပြိုင်ပွဲတွေ၊ တခြား အာရှပွဲတွေ၊ ဒေသအတွင်းပြိုင်ပွဲတွေ ဒါမျိုးတွေ ရှိပါတယ်။ ကမ္ဘာ့ဖလားပွဲတွေမှာတောင် ဒါမျိုးတွေ ရှိပါတယ်။ ပရိသတ်ကို ဘာမှအပြစ်ပြောစရာ ကြီးကြီးမားမား မရှိပါဘူး။ ပြောလည်း မပြောသင့်ဘူးလို့ ထင်ပါတယ်။