သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေစက္ကူအသစ်ရိုက်ထုတ်မယ်ဆိုတာမဟုတ်ဘူးလို့ဗဟိုဘဏ်ပြော


This photo taken on September 1, 2016 shows a banker with a stack of Myanmar kyat notes at the bank in Yangon. - Myanmar is spinning through a thrilling economic revival since shedding junta rule in 2011. But with an embryonic banking system - an estimate
This photo taken on September 1, 2016 shows a banker with a stack of Myanmar kyat notes at the bank in Yangon. - Myanmar is spinning through a thrilling economic revival since shedding junta rule in 2011. But with an embryonic banking system - an estimate

ငွေစက္ကူအသစ်ရိုက်ထုတ်မယ်ဆိုတာမဟုတ်ဘူးလို့ဗဟိုဘဏ်ပြော

{{Zawgyi/Unicode}}

ငွေစက္ကူရိုက်နှိပ်တဲ့ စက္ကူတွေ ပြည်တွင်းကိုရောက်ရှိနေပြီး မကြာခင်မှာ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်တော့မယ်ဆိုတဲ့သတင်းတွေမှာ မဟုတ်မှန်ဘူးလို့ ဗဟိုဘဏ်က ပြောကြားပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ သတင်းတွေက ကောလဟာလတွေဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ငွေစက္ကူသစ်တွေထွက်လာမယ်ဆိုတဲ့ သတင်းတွေထွက်နေချိန်မှာပဲ ရွှေဈေး ၁ ကျပ်သားကို ၄ သောင်းဝန်းကျင် ဈေးတက်ခဲ့ပါတယ်။
ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုရဲမွန် က ပြောပြပေးမှာပါ။

ပြည်တွင်းက လေဆိပ်တခုကို ငွေစက္ကူရိုက်နှိပ်တဲ့ စက္ကူကုန်ကြမ်းတွေ ရောက်နေပြီဆိုတဲ့စာတွေ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နေပြီး ငွေစက္ကူသစ်တွေ ထွက်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဗဟိုဘဏ်ကတော့ ဒါဟာမဟုတ်မှန်ဘူးလို့ တုံ့ပြန်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ တသောင်းတန်ထက်ကြီးတဲ့ ငွေစက္ကူထုတ်ဖို့ မရှိသလို ငွေစက္ကူအသစ်တွေလည်း ထွက်လာဖို့ မရှိဘူးလို့ မြန်မာနိုင်ငံဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီပိုက်ဆံထုတ်တာနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ချက် အစီအစဉ်အတိုင်းပဲ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီဟာတွေက ကောလာဟလတွေကတော့ ထုံးစံအတိုင်း ပေါ်နေတဲ့ကိစ္စတွေပါဗျာ။ လက်ရှိ ၁၀,၀၀၀ တန်ပဲ ကျနော်တို့က ထုတ်နေတာဖြစ်ပါတယ်။ အဲဒီတော့ ပိုက်ဆံတန်ဖိုး အမျိုးအစားပဲဖြစ်ဖြစ် ပုံစံအသစ်တွေပဲဖြစ်ဖြစ် ထုတ်မယ်ဆိုရင် ကျနော်တို့က ကြိုတင်ပြီး ကြေညာပါတယ်ဗျာ။”

ငွေစက္ကူရိုက်နှိပ်မယ့် စက္ကူကြမ်းတွေ မြန်မာနိုင်ငံကို ရောက်လာတယ်ဆိုပြီး စာရွက်စာတမ်းအထောက်အထားတွေ အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့တာပါ။ ဒါဟာလည်း မဟုတ်မှန်ဘူးလို့ ငွေကြေးစီမံခန့်ခွဲမှုဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ငြင်းဆိုပါတယ်။

ငွေစက္ကူသစ်တွေ ထွက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် ဒီနေ့ ရွှေဈေး တကျပ်သားကို ၄၀,၀၀၀ ကျပ်လောက် ရုတ်တရက် တက်သွားပါတယ်။ ဒီဇင်ဘာလ ၈ ရက်ညနေပိုင်းက တကျပ်သားကို ၁၇ သိန်း ၇ သောင်းကျော် (၁,၇၇၇,၅၀၀ ကျပ်)နဲ့ ဈေးပိတ်ခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေ ဈေးနှုန်းဟာ ဒီနေ့မှာတော့ ၁၈ သိန်း ၂ သောင်းနီးပါး (၁,၈၁၇,၀၀၀) ဖြစ်သွားတဲ့အတွက် တရက်အတွင်းမှာ ကျပ် ၄၀,၀၀၀ လောက်တက်သွားတာဖြစ်ပါတယ်။ သီတင်းတပတ်လောက်ငြိမ်ပြီးမှ ရွှေဈေး ပြန်တက်လာတဲ့ကိစ္စက ငွေစက္ကူသစ်ထွက်မယ်ဆိုတဲ့ သတင်းကြောင့်လို့မထင်ကြောင်း ရွှေဈေးကွက်အကြံပေးတယောက်ဖြစ်တဲ့ ဒေါ်မိုးမိုးက ပြောပါတယ်။

“မြန်မာ့ရွှေရယ်မဟုတ်ဘူး ကမ္ဘာ့ရွှေလည်းတက်မှာပဲ။ ကမ္ဘာ့ရွှေက အခုတော့ နည်းနည်းလေးအောက်ကို ကျနေတာပေါ့နော်၊ ၁၈၀၀ အောက်ဖြစ်တယ်၊ ၁၇၈၀-၉၀ အဲဒီဝန်းကျင်ပေါ့နော် အောက်ကိုရောက်နေတာပေါ့။ ဒါပေမဲ့ တက်ဖို့ရာခိုင်နှုန်းက ပိုပြီးတော့များတယ်။ ဘာကြောင့်တက်လဲဆိုရင် တရုတ်ဝယ်လိုအား တရုတ်နှစ်ကူးရှိလို့ပေါ့နော် အဲဒါကြောင့်မို့ပါ။”

ဒီဇင်ဘာလ ၁ ရက်နေ့က ရွှေဈေး တကျပ်သားကို ၁,၇၇၀,၀၀၀ နဲ့ ၁,၇၆၀,၀၀၀ ကြားရှိနေပြီး အခု တပတ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်တက်လာတာပါ။ ဒီရက်ပိုင်းထဲမှာ အကယ်ဒမီအခေါက်ရွှေတကျပ်သားကို ၁၈ သိန်းခွဲ (၁,၈၅၀,၀၀၀) လောက်ကို ရောက်လာပြီဆိုရင်တော့ ဆက်တက်မယ့် အလားအလာရှိတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က သုံးသပ်နေပါတယ်။

အမေရိကန်ဒေါ်လာကတော့ ပုဂ္ဂလိကဘဏ်တွေမှာ ဒီနေ့ တဒေါ်လာကို ၁၇၈၈ ကျပ်နဲ့ ဈေးဖြတ်ထားပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်ငွေလဲတန်ဖိုးကတော့ တဒေါ်လာကို ၁၇၈၀ ကျပ်ပါ။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၃ သန်းကို ထုတ်ရောင်းတယ်လို့ ဒီနေ့ ကြေညာထားတဲ့အတွက် ဒီဇင်ဘာလထဲမှာ ဒုတိယအကြိမ် ထုတ်ရောင်းတာ ဖြစ်ပါတယ်။

............................................

တိုက်ရိုက် လင့်ခ်


ငှစေက်ကူအသဈရိုကျထုတျမယျဆိုတာမဟုတျဘူးလို့ဗဟိုဘဏျပွော
{{Unicode}}










XS
SM
MD
LG