သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မြို့လည်က ခေါင်မိုးပေါ် ရဟတ်ယာဉ်ပျက်ကျ


နယူးယောက် Manhattan က မိုးမျှော်တိုက်တလုံးပေါ်မှာ တနင်္လာနေ့ နေ့လည်က ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မောင်း သေဆုံးသွားတယ်လို့ နယူးယောက်အရာရှိတွေက ပြောပါတယ်။ မိုးရွာပြီး မြူတွေ ဆိုင်းနေချိန်မှာ ပျက်ကျခဲ့တဲ့ပါ။

နယူးယောက်မြို့လည်က AXA Equitable Center ခေါင်မိုးမှာ ပျက်ကျတဲ့ ရဟတ်ယာဉ်က ထွက်နေတဲ့ မီးခိုးတွေ တွေ့နေရတာပါ။ ရဟတ်ယာဉ်ဟာ မီးလောင်ကျွမ်းခဲ့ပြီး မီးကို ချက်ချင်းပဲ ငြိမ်းလိုက်နိုင်တယ်လို့ မီးသတ်ရဲတွေက ပြောပါတယ်။

အခင်းဖြစ်ပွါးမှုဟာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့အထောက်အထားမတွေ့ရသလို ခြိမ်းခြောက်မှုလည်း ရှိမနေဘူးလို့ နယူးယောက်မြို့တော်ဝန် Bill de Blasio က သတင်းထောက်တွေကို ပြောပါတယ်။

ရဟတ်ယာဉ်မောင်းသူဟာ ဘယ်သူဘယ်ဝါ ဆိုတာ မပြောကြားသေးပေမယ့် ဒီရဟတ်ယာဉ်ကို မောင်းသူဟာ ပုဂ္ဂလိက ရဟတ်ယာဉ် မောင်းသမားတဦးဖြစ်ပြီး ဒီအလုပ်ကို လုပ်နေကျလူ ဖြစ်ကြောင်း မြို့တော်ဝန်က Blasio ကပြောပါတယ်။ ရဟတ်ယာဉ်ဟာလည်း လုပ်ငန်းအကြီးအကဲတွေကို တင်ဆောင်ပြီး သယ်ပို့ပေးတဲ့ ယာဉ်မျိုး ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ ခေါင်မိုးပေါ်ကို အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့ပုံရပြီး အဲဒီအဆောက်အဦးထဲက လူတယောက်မှ ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ အုပ်ချုပ်ရေးမှူး Andrew Cuomo ကပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာ အဆောက်အဦးဟာ Rockefeller Center နဲ့ရော Times Square နဲ့ပါ နီးနေတာကြောင့် အဲဒီတဝိုက်မှာ 9- 11 စက်တင်ဘာ ၁၁ ရက်က World Trade Center မိုးမျှော်တိုက်ညီနောင် အကြမ်းဖက်သမားတွေရဲ့ အတိုက်ခိုက်ခံရပြီး ပြိုကျခဲ့တာကို အမှတ်ရစေပါတယ်။ အခုရဟတ်ယာဉ်ပျက်ကျမှုအတွက် FAA ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးနဲ့ NSB နိုင်ငံတော် သယ်ယူပို့ဆောင်မှု အန္တရာယ်ကင်းရေး ဘုတ်အဖွဲ့ တို့က စုံစမ်းစစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG