သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တပ်ချုပ်ကို အရေးယူရေးလှုပ်ရှားမှု နယူးယောက်မှာစတင်


လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တပ်ချုပ်ကို အရေးယူရေးလှုပ်ရှားမှု နယူးယောက်မှာစတင် ( Amnesty International )
လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တပ်ချုပ်ကို အရေးယူရေးလှုပ်ရှားမှု နယူးယောက်မှာစတင် ( Amnesty International )

ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အလိုရှိတယ်ဆိုတဲ့ ကြေညာချက် ပုံတွေကို နယူးယောက်မြို့တဝန်းမှာ ကပ်ထားပါတယ်။

မြန်မာနိုင်ငံတွင်း တာဝန်ခံမှု ရှိလာစေရေး လှုပ်ရှားမှု အနေနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Amnesty International က ဆောင်ရွက်တာပါ။ နယူးယောက် တဝန်းက လမ်းတွေပေါ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံတွေပေါ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အတွက် အလိုရှိတယ်၊ သူ့ကို မလွတ်စေနဲ့လို့ ရေးသားထားတာတွေ၊ နောက် လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေရဲ့ သူတို့ အတွေ့အကြုံ ပြောပြချက်တွေကို ဖော်ပြထားပါတယ်။

၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန် နယူးယောက်မြို့မှာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ အပါအဝင် ကမ္ဘာတဝန်းက ခေါင်းဆောင်တွေ ရောက်ရှိနေကြချိန်မှာ AI အဖွဲ့ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံတွေကို မြို့တဝန်းကပ်ပြီး လှုပ်ရှားမှု ဖော်ဆောင်ခဲ့တာပါ။ နယူးယောက်မြို့က အထင်ကရ နေရာတွေ အပါအဝင် နေရာ ၃၀ လောက်မှာ Amnesty International အဖွဲ့ကြီးက ပို့စတာတွေ ကပ်ထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတွင်း လူသားထု အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကြီးကြပ်ခဲ့မှု အတွက် တာဝန်ရှိတယ်၊

ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ တာဝန်ယူမှု အတွက် ဆွေးနွေးကြတဲ့ အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မျက်နှာကို စိတ်ထဲမှာ စွဲမြဲသွားစေလိုတယ်လို့ AI အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Kumi Naidoo က ပြောပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်မှုကိုတော့ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG