သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဘောလုံးသမားတွေနဲ့ နိုင်ငံတော်သီချင်းကိစ္စ လူမျိုးရေးနဲ့မဆိုင်ဟု သမ္မတ Trump ရေးသား


Jacksonville Jaguars ကစားသမားများ

အမေရိကန် နိုင်ငံတော် သီချင်းဆိုချိန်မှာ မတ်တပ်ရပ် အရိုအသေပေးဖို့ အမေရိကန် ဘောလုံးသမားတွေ ငြင်းဆန်တဲ့ ကိစ္စက လူမျိုးရေးနဲ့ ဘာမှမဆိုင်ဘူးလို့ အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

အားကစားသမားတွေကတော့ အမေရိကန် ပြည်ထောင်စု အတွင်းက လူမျိုးရေးခွဲခြားမှုတွေ၊ လူနည်းစုတွေအပေါ် ရဲတွေရဲ့ လူမဆန်စွာ ပြုမူမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လုပ်တာလို့ ပြောဆိုကြတာပါ။ ဒူးထောက်တဲ့ ကိစ္စနဲ့ လူမျိုးရေးနဲ့ ဘာမှ မဆိုင်ဘူးလို့ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပြီး ဒီကိစ္စက ကျနော်တို့ရဲ့ နိုင်ငံ၊ အလံတော်နဲ့ အမျိုးသား သီချင်းကို လေးစားမှုနဲ့ သက်ဆိုင်တယ်။ NFL အနေနဲ့ ဒါကို လေးစားရမယ်လို့ သမ္မတက ရေးသားတာပါ။

NFL လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားဘောလုံးအားကစားအဖွဲ့ချုပ်က ရာနဲ့ချီတဲ့ ကစားသမားတွေ၊ နည်းပြတွေနဲ့ အသင်းပိုင်တွေက မနေ့ တနင်္ဂနွေနေ့တုန်းက နိုင်ငံတော်သီချင်း ဆိုစဉ်မှာ ဒူးထောက်၊ လက်မောင်းချင်းချိတ်ပြီး သမ္မတ Trump ကို ဆန့်ကျင်ခဲ့ကြတာပါ။ အစဉ်အလာအရ အမေရိကန် နိုင်ငံတော် သီချင်းဆိုချိန်မှာ အလံတော်နဲ့ နိုင်ငံတော်ကိုအလေးအမြတ်ပြုတဲ့ အနေနဲ့ မတ်တပ်ရပ်ပြီး နှလုံးသားပေါ်မှာ လက်တင်ထားကြတာပါ။

သောကြာနေ့မှာတော့ သမ္မတ Trump က လူထုဟောပြောပွဲတခုအတွင်း ခုလိုဆန္ဒပြသူတွေကို ဘောလုံးအဖွဲ့အသင်းချုပ်ကနေ ထုတ်ပစ်ဖို့ပြောကြားခဲ့အပြီး သူပြောခဲ့တာကို အာခံတဲ့အနေနဲ့ အရင်အပတ်ထိ အားကစားသမားအနည်းငယ်ပဲ ဒူးထောက်ဆန္ဒပြရာကနေ အခုတော့ ရာတွေနဲ့ချီ ဆန္ဒပြတဲ့အထိ ဖြစ်လာတာပါ။ NFL ဘောလုံးအဖွဲ့ချုပ်ဘက်က သမ္မတ Trump အနေနဲ့ ခုလိုပြောခဲ့တာက သွေးကွဲစေတဲ့ စကားမျိုး ဖြစ်တယ်၊ ဒီဒူးထောက်ဆန္ဒပြမှု စလုပ်လာသူ အများစုဟာ လူမည်း အားကစားသမားတွေ ဖြစ်ပြီး၊ သမ္မတအနေနဲ့ သူတို့ရဲ့ ယုံကြည်ချက်အပေါ် လေးစားမှုပြဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG