သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောနဲ့ သံတွဲက စစ်ကောင်စီ တပ်စခန်းနှစ်ခု AA သိမ်းယူ


သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)
သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်နဲ့ တောင်ပိုင်းသံတွဲ ငပလီကမ်းခြေက စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ဒီရက်ပိုင်းထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ပါတယ်။ သံတွဲမြို့နယ် ငပလီကမ်းခြေကစစ်ကောင်စီရဲ့ လက်ကျန်စခန်းတခုဖြစ်တဲ့ ခလရ ၅၅ တပ်ရင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကသိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်မှာ လက်ကျန်စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကူလာတဲ့ တပ်သားတွေပူးပေါင်းပြီး သံတွဲမြို့ပေါ်နဲ့ မြို့အနီးအနားမှာ ခုခံစစ်ပြင်ဆင်နေတယ်လို့လည်း AA ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ သံတွဲမြို့နယ်တခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာတော့ နခခ (၅) အနီး ပတ်ဝန်းကျင်က မကျဉ်းချောင်းနယ်ခြားစောင့်တပ်စခန်းကို ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတော်တော်များများ သိမ်းဆည်းရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ မောင်တောဒေသက နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ နခခ (၅) မြို့သူကြီးစခန်း ကို AA ဘက်က ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း မောင်တောမြို့ မဆုံးရှုံးရေးအတွက် အပြင်းအထန်ခုခံနေတယ်လို့သိရပါတယ်။ ရခိုင် နောက်ဆုံးစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG