နိုက်ဂျီးရီးယား ကက်သိုလစ်ဘုရားကျောင်း တိုက်ခိုက်မှု လူပေါင်းဒါဇင်နဲ့ချီ သေဆုံး
{{Zawgyi/Unicode}}
နိုက်ဂျီးရီးယားနိုင်ငံမှာ အနောက်တောင်ပိုင်းက ကက်သလစ်ဘုရားကျောင်းတခုမှာ ဝတ်ပြုဆုတောင်းနေသူတွေကို သေနတ်သမားတွေက ပစ်ခတ်ခဲ့ပြီး ဖေါက်ခွဲရေးပစ္စည်းတွေကိုပါ ဖေါက်ခွဲခဲ့တဲ့အတွက် လူပေါင်း ၅၀ လောက် သေဆုံးနိုင်ဖွယ်ရာ ရှိတယ်လို့ နိုက်ဂျီးရီးယားလွှတ်တော်အမတ်တွေက ပြောပါတယ်။
Ondo ပြည်နယ်ထဲက စိန့်ဖရန်စစ် ကက်သလစ်ဘုရားကျောင်းမှာ တနင်္ဂနွေ ဆုတောင်းပွဲတက်ရောက်လာသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ကြောင်း လွှတ်တော်အမတ် Ogunmolasuyi Oluwole က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်အများအပြား ပါနေသလို ဆုတောင်းပွဲဦးစီးတဲ့ ဘုန်းတော်ကြီးကိုပါ ဖမ်းသွားတယ် လို့လည်း ပြောပါတယ်။
သေဆုံးရသူ အရေအတွက် အတိအကျကိုတော့ နိုက်ဂျီးရီးယား အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။ အနည်းဆုံး လူ ၅၀ လောက် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ လွှတ်တော်အမတ်တဦးက ပြောသလို အခင်းဖြစ်ပွါးတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ဘုရားကျောင်းကို လာရောက်ဝတ်ပြူသူ အများအပြား သွေးအိုင်တွေထဲ လဲကျနေတာ တွေ့ရတာပါ။
ဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်ဆောင်တယ် ဆိုတာတော့ မသိရသေးပါဘူး။ နိုက်ဂျီးရီးယား နိုင်ငံမှာ လုံခြုံရေးပြဿနာ နဲ့ ရင်ဆိုင်နေရပေမယ့် အခင်းဖြစ်ပွါးရာ Ondo ပြည်နယ်ဟာ နိုက်ဂျီးရီးယားက အငြိမ်းချမ်းဆုံးလို့ သတ်မှတ်ထားတဲ့ နေရာတခု ဖြစ်ပါတယ်။
.............................................
{{Zawgyi/Unicode}}