သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦးလွှတ်ဖို့ သံအမတ် Nikki Haley တောင်းဆို


ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ဖေဖော်ဝါရီလ ၉ ရက်၊ သောကြာနေ့ ထုတ်ပြန်ချက်တခုမှာ တောင်းဆိုထားပါတယ်။

သူတို့နှစ်ဦးဟာ ရခိုင်ပြည်နယ်မှာ လူအများအပြားကိုသတ်ပြီး အစုအပြုံလိုက် မြှုပ်ထားတာတွေနဲ့ပတ်သက်လို့ သတင်းလိုက်ရင်း အဖမ်းခံရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူအစုအဝေးလိုက် သတ်ဖြတ်ထားတယ်ဆိုတဲ့ ဘယ်လိုစွပ်စွဲချက်ကိုမဆို သီးခြားလွတ်လပ်ပြီး ယုံကြည်ရ လောက်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ရေး အရေးတကြီးလိုအပ်နေတယ်ဆိုတာ သူတို့ ရေးသားတဲ့သတင်းလို သီးခြားလွတ်လပ်တဲ့ သတင်းဖော်ပြချက်တွေက အထင်အရှားပြနေတယ်လို့ သံအမတ်ကြီး Haley က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လွတ်လပ်တဲ့သတင်းမီဒီယာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံအုတ်မြစ်တခုဖြစ်တယ်၊ သူတို့အလုပ် သူတို့လုပ်တာ ကြောင့် သတင်းထောက်တွေကို ဖမ်းဆီးတာမျိုး ဘယ်တော့မှ မလုပ်ရဘူးလို့ သံအမတ်ကြီး Haley ကပြောပါတယ်။

ဒီသတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို မိမိတို့တောင်းဆိုပါတယ်၊ ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူအစုအဝေးလိုက် သတ်ဖြတ်မှုတွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခုလုပ်ရေး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုပါတယ်လို့ သံအမတ်ကြီး Nikki Haley ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးလွှတ်ဖို့ သံအမတ် Nikki Haley တောင်းဆို
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG