[Zawgyi/Unicode]
ေျမာက္ကိုရီးယားႏုိင္ငံမွာ ျပဳလုပ္တဲ့ စစ္ေရးျပ အခမ္းအနားတခုအတြင္း ေရငုပ္သေဘၤာကေနပစ္ႏုိင္တဲ့ ပဲထိန္းတပ္ဒုံးက်ည္သစ္တခုကို ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။ ဒါဟာ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ အလ်င္အျမန္တုိးတက္လာေနတဲ့ လက္နက္စီမံကိန္းမွာ ေနာက္ဆုံးျဖစ္ေပၚ တုိးတက္မႈျဖစ္ပါတယ္။
ကင္အီဆြန္းရင္ျပင္မွာ ညပိုင္းျပဳလုပ္ခဲ့တဲ့ စစ္ေရးျပအခမ္းအနားအတြင္း အဲဒီလို ေရငုပ္သေဘၤာကေန ပစ္လႊတ္ႏုိင္တဲ့ ပဲ့ထိန္းဒုံးေတြ အေတာ္မ်ားမ်ားကို ျပသခဲ့တာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္မီဒီယာက ဒီေန႔ ေျပာပါတယ္။
ေျမာက္ကိုရီးယားအစိုးရပိုင္ KCNA သတင္းေအဂ်င္စီကေတာ့ ဒီဒုံးက်ည္ဟာ ကမာၻေပၚမွာ အင္အားအျပင္းဆုံး ဒုံးက်ည္ျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ အဲဒီ စစ္ေရးျပအခမ္းအနားအတြင္း တာတုိပစ္ဒုံးက်ည္အသစ္တခုကိိုလည္း ျပသသြားခဲ့ပါတယ္။
ၾကာသပေတးေန႔ညက လုပ္ခဲ့တဲ့ ဒီ စစ္ေရးျပအခမ္းအနားကိုေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္း တက္ေရာက္ခဲ့ၿပီး အာဏာရ အလုပ္သမားပါတီရဲ႕ ညီလာခံအၿပီးမွာက်င္းပခဲ့တာပါ။
ဒါဟာ ေျမာက္ကိုရီးယားႏုိင္ငံအတြက္ေတာ့ ၃ လအတြင္းမွာ ဒုတိယအႀကိမ္လုပ္တဲ့ စစ္ေရးျပအခမ္းအနားျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တုိဘာလကလုပ္ခဲ့တဲ့ စစ္ေရးျပအခမ္းအနားအတြင္းမွာေတာ့ ေျမာက္ကိုရီးယား သူတုိ႔ရဲ႕ အႀကီးမားဆုံး တုိက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္ကို ျပသခဲ့ပါေသးတယ္။ ဒါဟာ အေမရိကန္ရဲ႕ ဒုံးက်ည္ရန္ကာကြယ္ေရးစနစ္ကို ေက်ာ္လႊားႏုိင္ဖို႔အတြက္ ရည္ရြယ္ၿပီး ဒီဇုိင္းေရးဆဲြျပဳလုပ္ထားပုံ ရပါတယ္။ အခုလို စစ္ေရးျပအခမ္းအနားေတြကို ၾကည့္ျခင္းအားျဖင့္ ေျမာက္ကိုရီးယားႏုိင္ငံဟာ ကုိ႐ုိနာဗုိင္းရပ္စ္ကပ္ေရာဂါနဲ႔ ႏိုင္ငံတကာဒဏ္ခတ္ပိတ္ဆုိ႔မႈေတြေၾကာင့္ စီးပြားေရးအရ အခက္အခဲေတြ ရွိေနေပမဲ့လည္း ႏ်ဴးကလီးယားလက္နက္သစ္နဲ႔ ပဲ့ထိန္းဒုံးက်ည္ ထုတ္လုပ္ႏုိင္တဲ့စြမ္းရည္ကို ဆက္ၿပီးေတာ့ လုပ္ေနတယ္ဆုိတာ ျပသလိုက္တာ ျဖစ္ပါတယ္။
[Unicode Version]
ရေငုပ်သင်္ဘောကနေ ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် မြောက်ကိုရီးယားထုတ်ပြ
မြောက်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ စစ်ရေးပြ အခမ်းအနားတခုအတွင်း ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ ပဲထိန်းတပ်ဒုံးကျည်သစ်တခုကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အလျင်အမြန်တိုးတက်လာနေတဲ့ လက်နက်စီမံကိန်းမှာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုဖြစ်ပါတယ်။
ကင်အီဆွန်းရင်ပြင်မှာ ညပိုင်းပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားအတွင်း အဲဒီလို ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ အတော်များများကို ပြသခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာက ဒီနေ့ ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကတော့ ဒီဒုံးကျည်ဟာ ကမ္ဘာပေါ်မှာ အင်အားအပြင်းဆုံး ဒုံးကျည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီ စစ်ရေးပြအခမ်းအနားအတွင်း တာတိုပစ်ဒုံးကျည်အသစ်တခုကိုလည်း ပြသသွားခဲ့ပါတယ်။
ကြာသပတေးနေ့ညက လုပ်ခဲ့တဲ့ ဒီ စစ်ရေးပြအခမ်းအနားကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်ခဲ့ပြီး အာဏာရ အလုပ်သမားပါတီရဲ့ ညီလာခံအပြီးမှာကျင်းပခဲ့တာပါ။
ဒါဟာ မြောက်ကိုရီးယားနိုင်ငံအတွက်တော့ ၃ လအတွင်းမှာ ဒုတိယအကြိမ်လုပ်တဲ့ စစ်ရေးပြအခမ်းအနားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားအတွင်းမှာတော့ မြောက်ကိုရီးယား သူတို့ရဲ့ အကြီးမားဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့ပါသေးတယ်။ ဒါဟာ အမေရိကန်ရဲ့ ဒုံးကျည်ရန်ကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲပြုလုပ်ထားပုံ ရပါတယ်။ အခုလို စစ်ရေးပြအခမ်းအနားတွေကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအရ အခက်အခဲတွေ ရှိနေပေမဲ့လည်း နျူးကလီးယားလက်နက်သစ်နဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်နိုင်တဲ့စွမ်းရည်ကို ဆက်ပြီးတော့ လုပ်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။