သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နိုင္ငံေရးအက်ဥ္းသားနဲ႔အစိုးရသစ္အတြက္ အကဲစမ္းမႈ


[ ZAWGYI/ UNICODE] NLD အရပ္သားအစိုးရလက္ထက္မွာ ႏုိင္ငံေရးအက်ဥ္းသား ဦးေရ ပိုတိုးလာသလို ဒီမိုကေရစီရဲ႕အေျခခံျဖစ္တဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆို ဆႏၵျပသူေတြ ဖမ္းဆီးေထာင္ခ်ခံေနရတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနရတဲ့ စိုးရိမ္စရာ အေနအထားျဖစ္ေနပါတယ္ လို႔ ႏိုင္ငံေရးအက်ဥ္းသားအေရး လႈပ္ရွားေနတဲ့အဖြဲ႔ေတြကေျပာဆိုလုိက္ပါတယ္။ ေရြးေကာက္ပြဲ ရလဒ္အရ ဆက္ၿပီးေတာ့ တာဝန္ယူမယ့္ ေနာက္အစိုးရသက္တမ္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေထာင္ခ်ခံေနရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရး၊ အက်ဥ္းေထာင္ဥပေဒ ထြက္ေပၚလာေရးအပါအဝင္ အက်ဥ္းသားေတြ ရဲ႕ လူ႔အခြင့္အေရးေတြကို စနစ္တက် ကိုင္တြယ္ေျဖရွင္းေပးပါလို႔ NLD အစိုးရကို တိုက္တြန္းၾကပါတယ္။ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPPB ရဲ႕တြဲဖက္အတြင္းေရးမွဴးဦးဘိုၾကည္ကို VOA ျမန္မာပိုင္းက မဆုမြန္ က ဆက္သြယ္ေမးျမန္းၿပီးေတာ့ ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမိုကေရစီေရးေဆြးေႏြးခန္း အစီအစဥ္ကို တင္ဆက္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

မဆုမြန္။ ။ မဂၤလာပါ ဦးဘိုၾကည္ရွင့္။ အဓိကေမးခ်င္တာကေတာ့ တပ္မေတာ္ကေနၿပီးေတာ့ တရားစြဲဆိုခံရတဲ့ တပ္ထဲက အမ်ိဳးသမီးေလးတေယာက္ ကိုလည္း ႏုိင္ငံေရးအက်ဥ္းသားအျဖစ္ သတ္မွတ္လိုက္တယ္လို႔သိရပါတယ္။ ဆိုတဲ့အခါက်ေတာ့ လက္ရွိျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးအက်ဥ္းသားဦးေရက ဘယ္ေလာက္ရွိေနၿပီလဲ။ ေနာက္ၿပီးေတာ့ ေထာင္ထဲမွာ အက်ဥ္းက်ခံေနရတာေရာ လက္ရွိတရားရင္ဆိုင္ေနၾကရတဲ့အေနအထားေပါ့ေနာ္ အဲ့တာေလးေတြ ေျပာျပေပးပါရွင့္။

ဦးဘိုၾကည္။ ။ "လက္ရွိ က်ေနာ္တို႔ျမန္မာနုိင္ငံမွာ ႏုိင္ငံေရးအက်ဥ္းသားအေရအတြက္က တေျဖးေျဖးတိုး လာတယ္လို႔ သတ္မွတ္လို႔ရပါတယ္။ အားလံုးေပါင္း (၅၈၄) ေယာက္ရွိပါတယ္။ အဲ့ဒီ့အထဲမွာ ေထာင္က်ၿပီးသားႏုိင္ငံေရးအက်ဥ္းသားက (၃၆) ေယာက္ရွိတယ္။ ေထာင္ထဲကေန အမႈရင္ဆိုင္ေနရတာက (၁၉၃) ေယာက္ရွိပါတယ္။ ၿပီးေတာ့ အာမခံရၿပီးေတာ့ အျပင္ကေန အမႈရင္ဆိုင္ေနရတာက (၃၅၅) ေယာက္ပါ။ အားလံုးေပါင္းလိုက္ရင္ (၅၈၄) ေယာက္ပါ။ "ႏုိင္ငံေရးအက်ဥ္းသား"အျဖစ္ သတ္မွတ္တယ္ဆိုရင္ အဓိကအားျဖင့္ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရး၊ ေနာက္ တိုင္းရင္းသား တန္းတူညီမွ်ေရးအတြက္ ေတာင္းဆိုတဲ့သူေတြ တုိက္ပြဲဝင္တဲ့သူေတြ အဲ့ဒီ့အတြက္ကို ရည္ရြယ္ၿပီးေျပာဆို လုပ္ေဆာင္ေနၾကတယ္ ဆိုရင္ ေယဘူယ် အားျဖင့္ ႏုိင္ငံေရးအက်ဥ္းသားလို႔သတ္မွတ္ပါတယ္။

အဲ့လိုပဲ ဒီတပ္ထဲက အမ်ိဳးသမီးေလးက တပ္မိသားစုရဲ႕ မိသားစုဝင္တေယာက္ေပါ့။ သူဆိုလို႔ရွိရင္လည္း သူ႔ရဲ႕ လြတ္လပ္စြာေျပာဆိုခြင့္၊ ယံုၾကည္ခြင့္ အဲ့တာကို ထုတ္ေဖာ္ေျပာဆိုတဲ့ အတြက္ အဖမ္းခံရတယ္ဆိုတာက ဘယ္လိုမွ မျဖစ္သင့္ဘူးေပါ့ေနာ္။ ဒါက ဒီမိုကေရစီရဲ႕အေျခခံက်င့္စဥ္ေတြျဖစ္တယ္ လူ႔အခြင့္အေရးရဲ႕ အေျခခံ စည္းမ်ဥ္းစည္းကမ္းေတြရွိတယ္။ အဲ့လုိစည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာရင္းနဲ႔ က်င့္သံုးရင္းနဲ႔ ဖမ္းဆီးထိန္းသိမ္းခံရတဲ့အတြက္ က်ေနာ္တို႔က ႏုိင္ငံေရးအက်ဥ္းသားအျဖစ္ သတ္မွတ္ရျခင္းျဖစ္ပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အခု ဒီျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ NLD အစိုးရက အခုဆိုရင္လည္း ေရြးေကာက္ပြဲရဲ႕ရလဒ္ေတြအရ ေနာက္ထပ္သက္တမ္းတခုအျဖစ္ ဆက္ၿပီး အုပ္ခ်ုပ္မယ့္အေျခအေနမွာ အခုလက္ရွိ ႏုိင္ငံေရးအက်ဥ္းသားေတြလည္း လက္ရွိ-ရွိေနေသးတဲ့အေနအထားအေပၚမွာ ဦးဘိုၾကည္တို႔ ႏုိင္ငံေရးအက်ဥ္းသား လြတ္ေျမာက္ေရး ႏုိင္ငံေရးအက်ဥ္းသားအေရးလႈပ္ရွားတဲ့သူေတြအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLDအစိုးရကို ဒီႏိုင္ငံေရးအက်ဥ္းသားေတြ ရွိေနတဲ့အေပၚမွာ ဘာမ်ားေျပာခ်င္တာ ေတာင္းဆိုခ်င္တာရွိပါလဲရွင့္။

ဦးဘိုၾကည္။ ။ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ေျပာခဲ့ဖူးတာရွိပါတယ္။ "ႏို္င္ငံေရးအက်ဥ္းသားတေယာက္ ရွိေနတယ္ ဆိုရင္ေတာင္မွ အမ်ားၾကီးျဖစ္ေနပါတယ္ဆိုတာ" ဒီစကားေတြက သူကိုယ္တိုင္ေျပာခဲ့တာျဖစ္တဲ့အတြက္ သူကိုယ္တိုင္လည္း အမွတ္ရေနလိမ့္မယ္လို႔ က်ေနာ္တို႔ယံုၾကည္တယ္။ အဲ့လိုပဲ သူ႔အေနနဲ႔ ဒီႏိုင္ငံေရးအက်ဥ္းသားကိစၥကို လာမယ့္သက္တမ္း အတြင္းမွာ တစံုတရာကိုင္တြယ္ေျဖရွင္းမယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္တယ္။ အဓိက ကေတာ့ ႏုိင္ငံေရးအက်ဥ္းသားဆိုတဲ့ အဓိပါယ္ဖြင့္ဆိုခ်က္ တရပ္ ျဖစ္လာဖို႔လိုပါတယ္။ ဆိုေတာ့ ႏုိင္ငံေရးအက်ဥ္းသားဆိုတဲ့ အဓိပါယ္ဖြင့္ဆိုခ်က္မရွိလို႔ရွိရင္ ႏုိင္ငံေရးအက်ဥ္းသားနဲ႔ ပတ္သက္ၿပီးေတာ့ အစိုးရနဲ႔ အစိုးရမဟုတ္တဲ့ အရပ္ဖက္အဖြဲ႔အစည္းေတြၾကားထဲမွာ အျငင္းပြားဖြယ္ေတြ အမ်ားၾကီးျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ဥပေဒအရ အဓိပါယ္ဖြင့္ဆိုထားတဲ့ ႏုိင္ငံေရးအက်ဥ္းသား အဓိပါယ္ဖြင့္ဆိုခ်က္တခု ရွိေအာင္ လုပ္ရပါလိမ့္မယ္ နံပတ္(၁)က။ ၿပီးတဲ့အခါက်ေတာ့ ႏုိင္ငံေရးအက်ဥ္းသားရွိေနတယ္ ဆိုတာကိုလည္း အသိအမွတ္ျပဳ လက္ခံရလိမ့္မယ္။

ၿပီးခဲ့တဲ့ ၅ႏွစ္သက္တမ္းမွာ NLD အစိုးရကိုယ္တုိင္က ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးအက်ဥ္းသားရွိပါတယ္ဆိုတာကို အသိအမွတ္ျပဳထားတာ မရွိဘူး။ ဒါကေတာ့ အေတာ္ေလးကို စိတ္ပ်က္ဖြယ္ရာေကာင္းပါတယ္။ ဆိုေတာ့ ဒါက မရွိဘူးလို႔ ျငင္းဆန္ေနတာက အရွိတရားကို မ်က္ကြယ္ျပဳတာျဖစ္ပါတယ္။ ရွိတာကို အသိအမွတ္ျပဳတဲ့အခါက်ေတာ့မွ ရွိတဲ့ျပႆနာကို ဘယ္လိုကိုင္တြယ္ေျဖရွင္းၾကမလဲ ဆိုတာသိမွာပါ။ ရွိတာကို မရွိဘူးလို႔ျငင္းဆန္ေနမယ္ဆိုရင္ ျပႆနာက ပိုၿပီးၾကီးထြားလာဖို႔ အတြက္ လမ္းဖြင့္ေပးေနသလို ျဖစ္ပါတယ္။ အဲ့တာေၾကာင့္လည္း က်ေနာ္တို႔ ႏုိင္ငံေရးအက်ဥ္းသားအေရအတြက္က အခုအခ်ိန္အထိ ေလ်ာ့က်သြားတယ္ မရွိပဲနဲ႔ တေျဖးေျဖးတိုး လာတာမ်ိဳးျဖစ္ေနပါတယ္။ ေနာက္တခုက ႏုိင္ငံေရး အက်ဥ္းသားျပႆနာကို ေျဖရွင္းခ်င္တယ္ဆိုလို႔ရွိရင္ ႏုိင္ငံေရးအက်ဥ္းသားျဖစ္ေစ တဲ့ျပႆနာေတြ ဘာေတြက ႏုိင္ငံေရးအက်ဥ္းသားေတြအျဖစ္ အေရအတြက္ေတြကို တုိးလာေစတာလဲ။ ဒါေတြကို စနစ္တက် ကိုင္တြယ္ေျဖရွင္းဖို႔ လိုပါတယ္။ ေနာက္ျပဳျပင္ေျပာင္းလဲေရးေတြ အမ်ားၾကီးလုပ္ဖို႔လိုပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ ျမန္မာႏုိင္ငံမွာ အခုလိုမ်ိဳး တိုးပြားလာတဲ့ ႏုိင္ငံေရးအက်ဥ္းသား အေရအတြက္ ပေပ်ာက္ေရးနဲ႔ ႏုိင္ငံေရးအက်ဥ္းသား ျပႆနာေတြကို ေျပလည္ေအာင္ ေျဖရွင္းႏိုင္ဖို႔ဆုိရင္ ဘယ္လိုအခ်က္ေတြကို ေဆာင္ရြက္သင့္တယ္လို႔ ဦးဘိုၾကည္ အၾကံျပဳခ်င္တာ ရွိပါလဲရွင့္။

ဦးဘိုၾကည္။ ။ ျပႆနာရပ္ေတြကိုေျဖရွင္းတဲ့အခါမွာ နံပတ္(၁)က က်ေနာ္တို႔ ျပည္တြင္းရပ္စဲေရးကို လုပ္ကိုလုပ္ရပါမယ္။ ျပည္တြင္းစစ္သည္ က်ေနာ္တို႔ ႏုိင္ငံေရးအက်ဥ္းသားအေရအတြက္ကို တိုးပြားေစရံုမက နယ္စပ္ေဒသမွာေနသူေတြရဲ႕ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ သူတို႔ လံုျခံဳစိတ္ခ်စြာ ေနထိုင္ႏုိင္ေရး အသက္ရွင္သန္ႏုိင္ခြင့္ ဒါေတြကို ျခိမ္းေျခာက္ရာေရာက္ ပါတယ္။ ေနာက္တခုက လယ္ယာေျမျပႆနာ ရွိပါတယ္။ လယ္သမားေတြ လယ္လုပ္သူေတြက လယ္ယာလုပ္ပိုင္ခြင့္ ပိုင္ဆိုင္ခြင့္ရွိဖို႔ အခြင့္လိုအပ္ပါတယ္။ ဆိုေတာ့ သူတို႔လယ္ယာေျမေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မတရား သိမ္းပိုက္ခံရတယ္ဆိုလို႔ရွိရင္ ဒီလယ္ယာေျမေတြ ျပန္ရရွိေရး လယ္သမားေတြက ျပန္တုိက္ပြဲဝင္ၾကမွာျဖစ္ပါတယ္။ ဒီလိုတုိက္ပြဲဝင္ရင္းနဲ႔ အဖမ္းခံရတဲ့ လယ္သမားေတြ ေထာင္က်ကုန္တယ္ဆိုရင္ တိုင္းျပည္အတြက္လည္း နစ္နာတယ္ တဦးခ်င္းအတြက္လည္း နစ္နာတာေတြရွိပါတယ္။ ေနာက္တခုက အေျခခံလူ႔အခြင့္အေရးေတြျဖစ္တဲ့ လြတ္လပ္စြာေျပာဆိုခြင့္ လြတ္လပ္စြာ စည္းရံုးခြင့္ လြတ္လပ္စြာ မိမိရဲ႕ဆႏၵကို ေဖာ္ထုတ္ခြင့္ ဒီလိုမ်ိဳး လုပ္ေဆာင္ေနရင္းနဲ႔ အဖမ္းဆီးခံေနရတဲ့ကိစၥေတြ အဲ့တာေတြကို က်ေနာ္တို႔ ရပ္တန္႔ဖို႔ လိုပါတယ္ အဲ့တာအျပင္ အဲတ့ာေတြနဲ႔ပတ္သက္တဲ့ ဥပေဒေတြကို ျပဳျပင္ေျပာင္းလဲဖို႔ လိုပါတယ္။ ဥပမာဆိုရင္ ၿငိမ္းစုစီ ဥပေဒလိုမ်ိဳး၊ ၆၆ ဃ လိုမ်ိဳး ေနာက္ ပုဂၢိဳလ္ေရးဆိုင္ရာ ကာကြယ္မႈ ဥပေဒလိုမ်ိဳး အဲ့လိုပဲ ႏုိင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ အစရွိသျဖင့္ အဲ့လို ဖိႏွိပ္ထားတဲ့ဥပေဒေတြကိုလည္း တခုခ်င္းစီကို က်ေနာ္တို႔ ျပဳျပင္ေျပာင္းလဲဖို႔လိုအပ္ပါတယ္။

မဆုမြန္။ ။ ႏိုင္ငံတဝန္းလံုးမွာရွိတဲ့ အက်ဥ္းေထာင္ေတြ အက်ဥ္းစခန္းေတြထဲမွာ ႏုိင္ငံေရးအက်ဥ္းသားေတြ ရွိေနတယ္ ဖမ္းဆီးခံေနရတဲ့အေနအထားက ဘယ္ေလာက္အထိ စိုးရိမ္စရာရွိေနပါလဲ။ အဲ့ဒီ့သူေတြ ျပန္လြတ္ဖို႔ သက္ဆိုင္တဲ့ ဖမ္းဆီးတရားစြဲ ေထာင္ခ်ထားတဲ့ တပ္မေတာ္အပါအဝင္ အစိုးရအဖြဲ႔အစည္းေတြဘက္က ဘာေတြ ေဆာင္ရြက္ေပးသင့္တယ္လို႔ AAPP အေနနဲ႔ ေျပာႏုိင္တာရွိမလဲရွင့္။

ဦးဘိုၾကည္။ ။ ဒီေနာက္ပိုင္းမွာ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေလးေတြကို ဖမ္းဆီးေထာင္ခ်ေနတာေတြရွိတယ္။ အမႈရင္ဆိုင္ေနရတာေတြရွိပါတယ္။ ဆိုေတာ့ ေက်ာင္းသားေတြကို ဖမ္းဆီးတာဟာ အနာဂတ္ကိုပါ ေထာင္ခ်ပစ္ေန တာျဖစ္ပါတယ္။ဆိုတဲ့အခါက်ေတာ့ တခ်ိဳ႕အမႈေတြမွာ တပ္မေတာ္ကေနၿပီးေတာ့ ၅၀၅ (က)နဲ႔ တရားလိုလုပ္ၿပီးတရား စြဲတယ္။ တရားရံုးကေနၿပီး ဒီအေပၚမွာ အမိန္႔ခ်တယ္။ အမိန္႔ခ်ၿပီးၿပီဆိုရင္ အဲ့ေတာ့ အစိုးရအေနနဲ႔က လႊတ္ျခင္း မလႊတ္ျခင္းက အစိုးရရဲ႕ လုပ္ပိုင္ခြင့္ရွိတဲ့ကိစၥ ျဖစ္လာၿပီ။ လႊတ္ေပးဖို႔ဆိုတာ ေသခ်ာတုိင္ပင္ၿပီးေတာ့ စဥ္းစားၿပီးေတာ့ တခ်ိဳ႕လုပ္လို႔ရတဲ့ကိစၥေတြရွိပါတယ္။ အဲ့တာကို အစုိးရအေနနဲ႔ အျမန္ဆံုးအေကာင္အထည္ေဖာ္ဖို႔လိုပါတယ္။

ေနာက္တခုက အက်ဥ္းေထာင္ျပႆနာေပါ့။ အက်ဥ္းေထာင္ျပႆနာကို က်ေနာ္တို႔က အက်ဥ္းေထာင္ျပႆနာလို႔ သီးျခားျမင္လို႔မရပဲနဲ႔ အက်ဥ္းေထာင္ရဲ႕ျပႆနာသည္ ႏိုင္ငံေတာ္ရဲ႕လံုျခံဳေရးနဲ႔ ဆက္စပ္ပတ္သက္ေနတယ္။ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရးနဲ႔အသြင္ကူးေျပာင္းေရးအတြက္ တုိက္ရိုက္ပတ္သက္ေနတယ္ ဆိုတာကိုလည္း ထည့္သြင္းစဥ္းစားဖို႔လိုတယ္။ မဟုတ္ပဲနဲ႔ အက်ဥ္းေထာင္ကိစၥကို သီးျခားကိစၥလို စဥ္းစားေနမယ္ဆိုရင္ေတာ့ အက်ဥ္းေထာင္ျပႆနာက ေျပလည္မွာမဟုတ္ဘူး ဒါကိုလည္း အစိုးရနဲ႔ တရားဥပေဒစိုးမိုးေရးအဖြဲ႔အစည္းေတြက ေသေသခ်ာခ်ာသိဖို႔လိုတယ္။ ေနာက္တခုက အက်ဥ္းေထာင္က အခုျပည္ထဲေရးဝန္ၾကီးဌာန လက္ေအာက္မွာ ရွိေနတယ္။ ဆိုေတာ့ ဒီဟာကလည္း မျဖစ္သင့္ဘူး ဒီဟာက ႏုိင္ငံေရးအရ ေပၚလစီအရ ျပဳျပင္ေျပာင္းလဲရမယ့္ဟာျဖစ္တယ္။ အက်ဥ္းေထာင္သည္ တရားေရးဝန္ၾကီးဌာန လက္ေအာက္မွာရွိသင့္တယ္။ အရင္တုန္းက ျမန္မာႏိုင္ငံက အက်ဥ္းေထာင္ေတြသည္ တရားေရးဝန္ၾကီးဌာနလက္ေအာက္မွာ ရွိခဲ့တယ္။ သို႔ေသာ္ က်ေနာ္တို႔ ၁၉၆၂ခုႏွစ္ အာဏာသိမ္းတယ္။ တပ္မေတာ္အစိုးရက အာဏာလႊဲေျပာင္းယူၿပီးေတာ့ ၁၉၇၄ခုႏွစ္ မဆလ လက္ထက္ တစ္ပါတီစနစ္ကိုအေျခခံတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒေပၚလာတယ္။ အဲ့ဒီ့ဥပေဒကေန တရားေရးဝန္ၾကီးဌာနကို ဖ်က္သိမ္းခဲ့တာေတြရွိတယ္။ အခု အသြင္ကူးေျပာင္းေရးကာလမွာ တရားေရးဝန္ၾကီးဌာနကို ျပန္လည္ထူေထာင္သင့္တယ္။ ထူေထာင္ၿပီးေတာ့ အက်ဥ္းဦးစီးဌာနကို တရားေရးဝန္ၾကီးဌာနလက္ေအာက္ကို ေရႊ႕ေျပာင္းၿပီးေတာ့ ထားသင့္တယ္။ အဲ့ေတာ့မွ က်ေနာ္တို႔ အက်ဥ္းေထာင္နဲ႔ပတ္သက္တဲ့ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္တဲ့အခါမွာ ပိုၿပီးလြယ္ကူမယ္ ျမန္ဆန္မယ္။

အခုေတာ့ အက်ဥ္းသားေတြဟာ ေသဒဏ္အခ်မခံရပဲနဲ႔ တကယ့္ကို တေျဖးေျဖးခ်င္း ညွင္းသတ္ခံရသလိုျဖစ္ေနတယ္။ တကယ့္ကို လူတေယာက္ရဲ႕က်န္းမာေရးအရ လိုအပ္ခ်က္ျဖစ္တဲ့ အိပ္ေကာင္းျခင္း မအိပ္ရဆိုတဲ့ဟာေတြကို နိစၥဓူဝ ခံစားေနၾကရတာမ်ိဳးျဖစ္ေနတယ္။ လံုေလာက္တဲ့ေဆးဝါးကုသမႈေတြလည္း အင္မတန္မွ နည္းပါးေနတာမ်ိဳးေတြရွိေနတယ္။ ဒါေတြကို စနစ္တက် ျပဳျပင္ေျပာင္းလဲဖို႔ ၾကိဳးစားရပါမယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ အက်ဥ္းေထာင္ေတြရဲ႕အေျခအေနဘက္ကုိ တခ်က္လွည့္ခ်င္ပါတယ္။ အခုက ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ COVID 19 ကလည္း ကူးစက္ပ်ံ႕ႏွံ႔ေနတယ္။ ဆိုေတာ့ ၿပီးခဲ့တဲ့သီတင္းပတ္ေတြ လေတြမွာလည္းပဲ အက်ဥ္းေထာင္ေတြထဲမွာ ဒီကိုဗစ္၁၉ ကူးစက္မႈေတြျဖစ္ေနတယ္ဆိုၿပီး သတင္းေတြထြက္ေနတာရွိတယ္ တကယ္ျဖစ္ေနတာေတြလည္းရွိတယ္။ တာဝန္ယူထားတဲ့ ဝန္ၾကီးဌာနဘက္ကေရာ ေနာက္ျပည္ေထာင္စုအစိုးရဘက္ကေရာ အက်ဥ္းစခန္းေတြရဲ႕အေနအထားအေပၚ ျပဳျပင္ေျပာင္းလဲဖို႔ ေနာက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့အေျခအေနေတြျဖစ္ေအာင္ ဖန္တီးေပးဖို႔နဲ႔ ေနာက္ ကူးစက္ေရာဂါေတြ မပ်ံ႔ပြားရေအာင္ လုပ္ေဆာင္ေပးဖို႔အတြက္ AAPP အေနနဲ႔ အၾကံေပးခ်င္တာ တိုက္တြန္းခ်င္တာရွိပါလဲရွင့္။

ဦးဘိုၾကည္။ ။ အခုလည္း ျပည္ထဲေရးဘက္ကေရာ အက်ဥ္းဦးစီးဘက္ကေရာ အစိုးရဘက္ကေရာ အက်ဥ္းေထာင္ေတြနဲ႔ ပတ္သက္လို႔ တစံုတရာေတာ့ ကိုင္တြယ္ေဆာင္ရြက္ေနတာေတြ က်ေနာ္တို႔ေတြ႔ရပါတယ္။ အထူးသျဖင့္ ဒီကိုဗစ္ျဖစ္ေနတဲ့အခ်ိန္မွာ အက်ဥ္းသားအသစ္ေတြကို သီးျခားခြဲထားတာတို႔၊ အထဲမွာ ဂ်င္းျပဳတ္ရည္တိုက္တာတို႔ အစားအေသာက္ကို နည္းနည္းပိုေကာင္းေအာင္ ေကၽြးတာတို႔ ေနာက္ ကိုဗစ္ကာကြယ္ႏုိင္ဖို႔ လက္သန္႔ေဆးရည္တို႔ ေနာက္ တျခားပိုးသတ္ေဆးရည္ေတြ ကာကြယ္ဖို႔ ျဖန္းတာတို႔ ဒါေတြကို လုပ္ေဆာင္ေနတာေတာ့ က်ေနာ္တို႔ ၾကားသိရပါတယ္။
ဒါေပမဲ့ က်ေနာ္တို႔ရဲ႕စိုးရိမ္ခ်က္က လူဦးေရက အရမ္းျပည့္က်ပ္ေနတယ္။ လူဦးေရ ေလွ်ာ့ခ်တာကို ပထမဆံုးလုပ္ဖို႔လိုတယ္။ လႊတ္ရင္လည္း လူ႔ေဘာင္အဖြဲ႔အစည္းကို ဒုကၡမေပးတဲ့သူေတြ ဦးစားေပး စနစ္တက် စိစစ္ၿပီးမွ လႊတ္ဖို႔လိုတယ္ လူ႔အဖြဲ႔အစည္းအတြက္ အႏၱရာယ္ရွိတဲ့သူ လႊတ္မိရင္လည္း ဒါျပႆနာျဖစ္တတ္ပါတယ္။ ေနာက္ အက်ဥ္းေထာင္ေတြထဲမွာ က်န္းမာေရးဝန္ၾကီးဌာနရဲ႕လမ္းညႊန္ခ်က္ေတြကို လက္ေတြ႔က်င့္သံုးႏိုင္ဖို႔ အေနအထားမရွိဘူး။ တျခားဥပေဒျပဳျပင္ေျပာင္းလဲေရးေတြလည္း လုပ္ဖို႔လိုတယ္။ အက်ဥ္းေထာင္ဥပေဒက တကယ့္ကို ေခတ္ေနာက္က်ေနတဲ့ ဥပေဒမ်ိဳးျဖစ္တယ္။ ဒါေၾကာင့္ ဒီအက်ဥ္းေထာင္ဥပေဒကို ေခတ္နဲ႔ေလ်ာ္ညီေအာင္ ျပဳျပင္ေျပာင္းလဲဖို႔ လုပ္ရမွာပါ။

မဆုမြန္။ ။ ဟုတ္ကဲ့ ေနာက္ဆံုးအေနနဲ႔ေပါ့ေနာ္ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္အရ ဆက္ၿပီးေတာ့ တာဝန္ယူမယ့္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစိုးရကို ႏိုင္ငံမွာ ႏုိင္ငံေရးအက်ဥ္းသားေတြအပါအဝင္ လက္ရွိ ျပစ္မႈျပစ္ဒဏ္အမ်ိဳးမ်ိဳးနဲ႔ ေထာင္ခ်အက်ဥ္းက်ခံေနရတဲ့ အက်ဥ္းသားေတြရဲ႕အေရးေပါ့ေလ သတင္းစကားပါးခ်င္တယ္ဆိုရင္ အဓိက ဘယ္အခ်က္ကို တိုက္တြန္းခ်င္တာရွိပါလဲရွင့္။

ဦးဘိုၾကည္။ ။ က်ေနာ္တို႔ ဒီ ၂၀၂၀ ေရြးေကာက္ပြဲမွာ ျပည္သူေတြက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ျပန္ၿပီးေတာ့ ေရြးခ်ယ္ခဲ့တယ္ေပါ့။ အဲ့ေတာ့ ျပည္သူတို႔ရဲ႕ေရြးခ်ယ္မႈကို က်ေနာ္တို႔ အသိအမွတ္ျပဳတယ္။ အဲ့သလိုပဲ ျပည္သူက ေရြးခ်ယ္ေပးလိုက္တဲ့ ျပည္သူ႔အစိုးရအေနနဲ႔ ျပည္သူေတြ တဦးခ်င္းစီရဲ႕လံုျခံဳမႈ ျပည္သူတဦးခ်င္းစီ တန္းတူညီမွ်မႈရဖို႔အတြက္ ဥပေဒေတြ ျပဳျပင္ေျပာင္းလဲရမွာေတြ ေနာက္ Institutional Change ရမယ္။ Institutional ေတြကို ျပဳျပင္ေျပာင္းလဲရမွာေတြ အဲ့တာေတြကို အစိုးရအေနနဲ႔ လုပ္ေဆာင္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။ အဲ့လိုပဲ တည္ဆဲဥပေဒေတြကို အမ်ားျပည္သူသိေအာင္လည္း ေသေသခ်ာခ်ာ ၾကိဳးစားၿပီး လုပ္ေဆာင္ဖို႔လိုပါတယ္။ အဲ့သလိုလုပ္ေဆာင္တဲ့အခါမွာ အစိုးရတရပ္တည္းလုပ္ေဆာင္ႏိုင္မွာမဟုတ္ဘူး။ က်ေနာ္တို႔ အရပ္ဖက္အဖြဲ႔အစည္းေတြကပါ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ ဒီလိုမ်ိဳး အမ်ားျပည္သူ သိသင့္သိထုိက္တဲ့ သူတို႔ရဲ႕အခြင့္အေရးေတြ သူတို႔ရဲ႕ တာဝန္ေတြကို အမ်ားျပည္သူသိေအာင္ က်ေနာ္တို႔ လုပ္ၾကရမွာပါ။ ၿပီးတဲ့အခါက်ေတာ့ အမ်ားျပည္သူအတြက္ တကယ့္ကို သူတို႔ရဲ႕နစ္နာမႈေတြ တုိင္တန္းနုိင္မယ့္ ယႏၱယားေတြကို ပိုၿပီးေတာ့ ခုိင္ခုိင္မာမာ နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ တည္ေဆာက္ေပးဖို႔ကိုလည္း အစိုးရဘက္က လိုအပ္ပါတယ္။ ဒါေတာ့မွ အစိုးရအေနနဲ႔ လူ႔အခြင့္အေရးကို ကာကြယ္တဲ့ လူ႔အခြင့္အေရးကို ျဖည့္စည္းေပးတဲ့အစိုးရတရပ္ျဖစ္ေအာင္ က်ေနာ္တို႔ ဝိုင္းၿပီးေတာ့ ပံုေဖာ္ျပဖို႔နဲ႔ အစိုးရအေနနဲ႔ ဒီအေပၚမွာ ဦးေဆာင္ၿပီးေတာ့ ေဆာင္ရြက္ေပးဖို႔ လုိအပ္ပါတယ္လို႔ က်ေနာ္တို႔ တို္က္တြန္းခ်င္ပါတယ္။"

ဒါကေတာ့ ျမန္မာႏုိင္ငံတြင္းက ႏုိင္ငံေရးအက်ဥ္းသားေတြနဲ႔ အက်ဥ္းသားေတြရဲ႕အေရး ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPPB ရဲ႕တြဲဖက္အတြင္းေရးမွဴးဦးဘိုၾကည္ကို VOA ျမန္မာပိုင္းက မဆုမြန္ က ဆက္သြယ္ေမးျမန္းတင္ဆက္ထားတဲ့ ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမိုကေရစီေရးေဆြးေႏြးခန္းအစီအစဥ္ျဖစ္ပါတယ္။

**************************
[ UNICODE] NLD အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဦးရေ ပိုတိုးလာသလို ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဆန္ဒပြသူတွေ ဖမ်းဆီးထောင်ချခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ စိုးရိမ်စရာ အနေအထားဖြစ်နေပါတယ် လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်အရ ဆက်ပြီးတော့ တာဝန်ယူမယ့် နောက်အစိုးရသက်တမ်းမှာ အကြောင်းအမျိုးမျိုးကြောင့်ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အကျဉ်းထောင်ဥပဒေ ထွက်ပေါ်လာရေးအပါအဝင် အကျဉ်းသားတွေ ရဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးပါလို့ NLD အစိုးရကို တိုက်တွန်းကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPPB ရဲ့တွဲဖက်အတွင်းရေးမှူးဦးဘိုကြည်ကို VOA မြန်မာပိုင်းက မဆုမွန် က ဆက်သွယ်မေးမြန်းပြီးတော့ ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်းအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။

မဆုမွန်။ ။ မင်္ဂလာပါ ဦးဘိုကြည်ရှင့်။ အဓိကမေးချင်တာကတော့ တပ်မတော်ကနေပြီးတော့ တရားစွဲဆိုခံရတဲ့ တပ်ထဲက အမျိုးသမီးလေးတယောက်ကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ ဆိုတဲ့အခါကျတော့ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဦးရေက ဘယ်လောက်ရှိနေပြီလဲ။ နောက်ပြီးတော့ ထောင်ထဲမှာ အကျဉ်းကျခံနေရတာရော လက်ရှိတရားရင်ဆိုင်နေကြရတဲ့အနေအထားပေါ့နော် အဲ့တာလေးတွေ ပြောပြပေးပါရှင့်။

ဦးဘိုကြည်။ ။ "လက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက်က တဖြေးဖြေးတိုး လာတယ်လို့ သတ်မှတ်လို့ရပါတယ်။ အားလုံးပေါင်း (၅၈၄) ယောက်ရှိပါတယ်။ အဲ့ဒီ့အထဲမှာ ထောင်ကျပြီးသားနိုင်ငံရေးအကျဉ်းသားက (၃၆) ယောက်ရှိတယ်။ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာက (၁၉၃) ယောက်ရှိပါတယ်။ ပြီးတော့ အာမခံရပြီးတော့ အပြင်ကနေ အမှုရင်ဆိုင်နေရတာက (၃၅၅) ယောက်ပါ။ အားလုံးပေါင်းလိုက်ရင် (၅၈၄) ယောက်ပါ။ "နိုင်ငံရေးအကျဉ်းသား"အဖြစ် သတ်မှတ်တယ်ဆိုရင် အဓိကအားဖြင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နောက် တိုင်းရင်းသား တန်းတူညီမျှရေးအတွက် တောင်းဆိုတဲ့သူတွေ တိုက်ပွဲဝင်တဲ့သူတွေ အဲ့ဒီ့အတွက်ကို ရည်ရွယ်ပြီးပြောဆို လုပ်ဆောင်နေကြတယ် ဆိုရင် ယေဘူယျ အားဖြင့် နိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ပါတယ်။

အဲ့လိုပဲ ဒီတပ်ထဲက အမျိုးသမီးလေးက တပ်မိသားစုရဲ့ မိသားစုဝင်တယောက်ပေါ့။ သူဆိုလို့ရှိရင်လည်း သူ့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ယုံကြည်ခွင့် အဲ့တာကို ထုတ်ဖော်ပြောဆိုတဲ့ အတွက် အဖမ်းခံရတယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်ဘူးပေါ့နော်။ ဒါက ဒီမိုကရေစီရဲ့အခြေခံကျင့်စဉ်တွေဖြစ်တယ် လူ့အခွင့်အရေးရဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲ့လိုစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရင်းနဲ့ ကျင့်သုံးရင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အတွက် ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ရခြင်းဖြစ်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခု ဒီပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရက အခုဆိုရင်လည်း ရွေးကောက်ပွဲရဲ့ရလဒ်တွေအရ နောက်ထပ်သက်တမ်းတခုအဖြစ် ဆက်ပြီး အုပ်ချုပ်မယ့်အခြေအနေမှာ အခုလက်ရှိ နိုင်ငံရေးအကျဉ်းသားတွေလည်း လက်ရှိ-ရှိနေသေးတဲ့အနေအထားအပေါ်မှာ ဦးဘိုကြည်တို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နိုင်ငံရေးအကျဉ်းသားအရေးလှုပ်ရှားတဲ့သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLDအစိုးရကို ဒီနိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့အပေါ်မှာ ဘာများပြောချင်တာ တောင်းဆိုချင်တာရှိပါလဲရှင့်။

ဦးဘိုကြည်။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့ဖူးတာရှိပါတယ်။ "နိုင်ငံရေးအကျဉ်းသားတယောက် ရှိနေတယ် ဆိုရင်တောင်မှ အများကြီးဖြစ်နေပါတယ်ဆိုတာ" ဒီစကားတွေက သူကိုယ်တိုင်ပြောခဲ့တာဖြစ်တဲ့အတွက် သူကိုယ်တိုင်လည်း အမှတ်ရနေလိမ့်မယ်လို့ ကျနော်တို့ယုံကြည်တယ်။ အဲ့လိုပဲ သူ့အနေနဲ့ ဒီနိုင်ငံရေးအကျဉ်းသားကိစ္စကို လာမယ့်သက်တမ်း အတွင်းမှာ တစုံတရာကိုင်တွယ်ဖြေရှင်းမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အဓိက ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပါယ်ဖွင့်ဆိုချက် တရပ် ဖြစ်လာဖို့လိုပါတယ်။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပါယ်ဖွင့်ဆိုချက်မရှိလို့ရှိရင် နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကြားထဲမှာ အငြင်းပွားဖွယ်တွေ အများကြီးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဥပဒေအရ အဓိပါယ်ဖွင့်ဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုချက်တခု ရှိအောင် လုပ်ရပါလိမ့်မယ် နံပတ်(၁)က။ ပြီးတဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားရှိနေတယ် ဆိုတာကိုလည်း အသိအမှတ်ပြု လက်ခံရလိမ့်မယ်။

ပြီးခဲ့တဲ့ ၅နှစ်သက်တမ်းမှာ NLD အစိုးရကိုယ်တိုင်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားရှိပါတယ်ဆိုတာကို အသိအမှတ်ပြုထားတာ မရှိဘူး။ ဒါကတော့ အတော်လေးကို စိတ်ပျက်ဖွယ်ရာကောင်းပါတယ်။ ဆိုတော့ ဒါက မရှိဘူးလို့ ငြင်းဆန်နေတာက အရှိတရားကို မျက်ကွယ်ပြုတာဖြစ်ပါတယ်။ ရှိတာကို အသိအမှတ်ပြုတဲ့အခါကျတော့မှ ရှိတဲ့ပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာသိမှာပါ။ ရှိတာကို မရှိဘူးလို့ငြင်းဆန်နေမယ်ဆိုရင် ပြဿနာက ပိုပြီးကြီးထွားလာဖို့ အတွက် လမ်းဖွင့်ပေးနေသလို ဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က အခုအချိန်အထိ လျော့ကျသွားတယ် မရှိပဲနဲ့ တဖြေးဖြေးတိုးလာတာမျိုးဖြစ်နေပါတယ်။ နောက်တခုက နိုင်ငံရေးအကျဉ်းသားပြဿနာကို ဖြေရှင်းချင်တယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားဖြစ်စေတဲ့ပြဿနာတွေ ဘာတွေက နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အရေအတွက်တွေကို တိုးလာစေတာလဲ။ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ နောက်ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ဖို့လိုပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ မြန်မာနိုင်ငံမှာ အခုလိုမျိုး တိုးပွားလာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ပပျောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် ဘယ်လိုအချက်တွေကို ဆောင်ရွက်သင့်တယ်လို့ ဦးဘိုကြည် အကြံပြုချင်တာ ရှိပါလဲရှင့်။

ဦးဘိုကြည်။ ။ ပြဿနာရပ်တွေကိုဖြေရှင်းတဲ့အခါမှာ နံပတ်(၁)က ကျနော်တို့ ပြည်တွင်းရပ်စဲရေးကို လုပ်ကိုလုပ်ရပါမယ်။ ပြည်တွင်းစစ်သည် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို တိုးပွားစေရုံမက နယ်စပ်ဒေသမှာနေသူတွေရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ သူတို့ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အသက်ရှင်သန်နိုင်ခွင့် ဒါတွေကို ခြိမ်းခြောက်ရာရောက် ပါတယ်။ နောက်တခုက လယ်ယာမြေပြဿနာရှိပါတယ်။ လယ်သမားတွေ လယ်လုပ်သူတွေက လယ်ယာလုပ်ပိုင်ခွင့် ပိုင်ဆိုင်ခွင့်ရှိဖို့ အခွင့်လိုအပ်ပါတယ်။ ဆိုတော့ သူတို့လယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးကြောင့် မတရား သိမ်းပိုက်ခံရတယ်ဆိုလို့ရှိရင် ဒီလယ်ယာမြေတွေ ပြန်ရရှိရေး လယ်သမားတွေက ပြန်တိုက်ပွဲဝင်ကြမှာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲဝင်ရင်းနဲ့ အဖမ်းခံရတဲ့ လယ်သမားတွေ ထောင်ကျကုန်တယ်ဆိုရင် တိုင်းပြည်အတွက်လည်း နစ်နာတယ် တဦးချင်းအတွက်လည်း နစ်နာတာတွေရှိပါတယ်။ နောက်တခုက အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာ မိမိရဲ့ဆန္ဒကို ဖော်ထုတ်ခွင့် ဒီလိုမျိုး လုပ်ဆောင်နေရင်းနဲ့ အဖမ်းဆီးခံနေရတဲ့ကိစ္စတွေ အဲ့တာတွေကို ကျနော်တို့ ရပ်တန့်ဖို့ လိုပါတယ် အဲ့တာအပြင် အဲတ့ာတွေနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဥပမာဆိုရင် ငြိမ်းစုစီ ဥပဒေလိုမျိုး၊ ၆၆ ဃ လိုမျိုး နောက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်မှု ဥပဒေလိုမျိုး အဲ့လိုပဲ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသဖြင့် အဲ့လို ဖိနှိပ်ထားတဲ့ဥပဒေတွေကိုလည်း တခုချင်းစီကို ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။

မဆုမွန်။ ။ နိုင်ငံတဝန်းလုံးမှာရှိတဲ့ အကျဉ်းထောင်တွေ အကျဉ်းစခန်းတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ် ဖမ်းဆီးခံနေရတဲ့အနေအထားက ဘယ်လောက်အထိ စိုးရိမ်စရာရှိနေပါလဲ။ အဲ့ဒီ့သူတွေ ပြန်လွတ်ဖို့ သက်ဆိုင်တဲ့ ဖမ်းဆီးတရားစွဲ ထောင်ချထားတဲ့ တပ်မတော်အပါအဝင် အစိုးရအဖွဲ့အစည်းတွေဘက်က ဘာတွေ ဆောင်ရွက်ပေးသင့်တယ်လို့ AAPP အနေနဲ့ ပြောနိုင်တာရှိမလဲရှင့်။

ဦးဘိုကြည်။ ။ ဒီနောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လေးတွေကို ဖမ်းဆီးထောင်ချနေတာတွေရှိတယ်။ အမှုရင်ဆိုင်နေရတာတွေရှိပါတယ်။ ဆိုတော့ ကျောင်းသားတွေကို ဖမ်းဆီးတာဟာ အနာဂတ်ကိုပါ ထောင်ချပစ်နေ တာဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့ တချို့အမှုတွေမှာ တပ်မတော်ကနေပြီးတော့ ၅၀၅ (က)နဲ့ တရားလိုလုပ်ပြီးတရား စွဲတယ်။ တရားရုံးကနေပြီး ဒီအပေါ်မှာ အမိန့်ချတယ်။ အမိန့်ချပြီးပြီဆိုရင် အဲ့တော့ အစိုးရအနေနဲ့က လွှတ်ခြင်း မလွှတ်ခြင်းက အစိုးရရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ကိစ္စ ဖြစ်လာပြီ။ လွှတ်ပေးဖို့ဆိုတာ သေချာတိုင်ပင်ပြီးတော့ စဉ်းစားပြီးတော့ တချို့လုပ်လို့ရတဲ့ကိစ္စတွေရှိပါတယ်။ အဲ့တာကို အစိုးရအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့လိုပါတယ်။

နောက်တခုက အကျဉ်းထောင်ပြဿနာပေါ့။ အကျဉ်းထောင်ပြဿနာကို ကျနော်တို့က အကျဉ်းထောင်ပြဿနာလို့ သီးခြားမြင်လို့မရပဲနဲ့ အကျဉ်းထောင်ရဲ့ပြဿနာသည် နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ ဆက်စပ်ပတ်သက်နေတယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့အသွင်ကူးပြောင်းရေးအတွက် တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ မဟုတ်ပဲနဲ့ အကျဉ်းထောင်ကိစ္စကို သီးခြားကိစ္စလို စဉ်းစားနေမယ်ဆိုရင်တော့ အကျဉ်းထောင်ပြဿနာက ပြေလည်မှာမဟုတ်ဘူး ဒါကိုလည်း အစိုးရနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက သေသေချာချာသိဖို့လိုတယ်။ နောက်တခုက အကျဉ်းထောင်က အခုပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတယ်။ ဆိုတော့ ဒီဟာကလည်း မဖြစ်သင့်ဘူး ဒီဟာက နိုင်ငံရေးအရ ပေါ်လစီအရ ပြုပြင်ပြောင်းလဲရမယ့်ဟာဖြစ်တယ်။ အကျဉ်းထောင်သည် တရားရေးဝန်ကြီးဌာနလက်အောက်မှာရှိသင့်တယ်။ အရင်တုန်းက မြန်မာနိုင်ငံက အကျဉ်းထောင်တွေသည် တရားရေးဝန်ကြီးဌာနလက်အောက်မှာ ရှိခဲ့တယ်။ သို့သော် ကျနော်တို့ ၁၉၆၂ခုနှစ် အာဏာသိမ်းတယ်။ တပ်မတော်အစိုးရက အာဏာလွှဲပြောင်းယူပြီးတော့ ၁၉၇၄ခုနှစ် မဆလ လက်ထက် တစ်ပါတီစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်လာတယ်။ အဲ့ဒီ့ဥပဒေကနေ တရားရေးဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့တာတွေရှိတယ်။ အခု အသွင်ကူးပြောင်းရေးကာလမှာ တရားရေးဝန်ကြီးဌာနကို ပြန်လည်ထူထောင်သင့်တယ်။ ထူထောင်ပြီးတော့ အကျဉ်းဦးစီးဌာနကို တရားရေးဝန်ကြီးဌာနလက်အောက်ကို ရွှေ့ပြောင်းပြီးတော့ ထားသင့်တယ်။ အဲ့တော့မှ ကျနော်တို့ အကျဉ်းထောင်နဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ ပိုပြီးလွယ်ကူမယ် မြန်ဆန်မယ်။

အခုတော့ အကျဉ်းသားတွေဟာ သေဒဏ်အချမခံရပဲနဲ့ တကယ့်ကို တဖြေးဖြေးချင်း ညှင်းသတ်ခံရသလိုဖြစ်နေတယ်။ တကယ့်ကို လူတယောက်ရဲ့ကျန်းမာရေးအရ လိုအပ်ချက်ဖြစ်တဲ့ အိပ်ကောင်းခြင်း မအိပ်ရဆိုတဲ့ဟာတွေကို နိစ္စဓူဝ ခံစားနေကြရတာမျိုးဖြစ်နေတယ်။ လုံလောက်တဲ့ဆေးဝါးကုသမှုတွေလည်း အင်မတန်မှ နည်းပါးနေတာမျိုးတွေရှိနေတယ်။ ဒါတွေကို စနစ်တကျ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရပါမယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အကျဉ်းထောင်တွေရဲ့အခြေအနေဘက်ကို တချက်လှည့်ချင်ပါတယ်။ အခုက မြန်မာနိုင်ငံမှာ ကပ်ရောဂါ COVID 19 ကလည်း ကူးစက်ပျံ့နှံ့နေတယ်။ ဆိုတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေ လတွေမှာလည်းပဲ အကျဉ်းထောင်တွေထဲမှာ ဒီကိုဗစ်၁၉ ကူးစက်မှုတွေဖြစ်နေတယ်ဆိုပြီး သတင်းတွေထွက်နေတာရှိတယ် တကယ်ဖြစ်နေတာတွေလည်းရှိတယ်။ တာဝန်ယူထားတဲ့ ဝန်ကြီးဌာနဘက်ကရော နောက်ပြည်ထောင်စုအစိုးရဘက်ကရော အကျဉ်းစခန်းတွေရဲ့အနေအထားအပေါ် ပြုပြင်ပြောင်းလဲဖို့ နောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အခြေအနေတွေဖြစ်အောင် ဖန်တီးပေးဖို့နဲ့ နောက် ကူးစက်ရောဂါတွေ မပျံ့ပွားရအောင် လုပ်ဆောင်ပေးဖို့အတွက် AAPP အနေနဲ့ အကြံပေးချင်တာ တိုက်တွန်းချင်တာရှိပါလဲရှင့်။

ဦးဘိုကြည်။ ။ အခုလည်း ပြည်ထဲရေးဘက်ကရော အကျဉ်းဦးစီးဘက်ကရော အစိုးရဘက်ကရော အကျဉ်းထောင်တွေနဲ့ ပတ်သက်လို့ တစုံတရာတော့ ကိုင်တွယ်ဆောင်ရွက်နေတာတွေ ကျနော်တို့တွေ့ရပါတယ်။ အထူးသဖြင့် ဒီကိုဗစ်ဖြစ်နေတဲ့အချိန်မှာ အကျဉ်းသားအသစ်တွေကို သီးခြားခွဲထားတာတို့၊ အထဲမှာ ဂျင်းပြုတ်ရည်တိုက်တာတို့ အစားအသောက်ကို နည်းနည်းပိုကောင်းအောင် ကျွေးတာတို့ နောက် ကိုဗစ်ကာကွယ်နိုင်ဖို့ လက်သန့်ဆေးရည်တို့ နောက် တခြားပိုးသတ်ဆေးရည်တွေ ကာကွယ်ဖို့ ဖြန်းတာတို့ ဒါတွေကို လုပ်ဆောင်နေတာတော့ ကျနော်တို့ ကြားသိရပါတယ်။
ဒါပေမဲ့ ကျနော်တို့ရဲ့စိုးရိမ်ချက်က လူဦးရေက အရမ်းပြည့်ကျပ်နေတယ်။ လူဦးရေ လျှော့ချတာကို ပထမဆုံးလုပ်ဖို့လိုတယ်။ လွှတ်ရင်လည်း လူ့ဘောင်အဖွဲ့အစည်းကို ဒုက္ခမပေးတဲ့သူတွေ ဦးစားပေး စနစ်တကျ စိစစ်ပြီးမှ လွှတ်ဖို့လိုတယ် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူ လွှတ်မိရင်လည်း ဒါပြဿနာဖြစ်တတ်ပါတယ်။ နောက် အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေကို လက်တွေ့ကျင့်သုံးနိုင်ဖို့ အနေအထားမရှိဘူး။ တခြားဥပဒေပြုပြင်ပြောင်းလဲရေးတွေလည်း လုပ်ဖို့လိုတယ်။ အကျဉ်းထောင်ဥပဒေက တကယ့်ကို ခေတ်နောက်ကျနေတဲ့ ဥပဒေမျိုးဖြစ်တယ်။ ဒါကြောင့် ဒီအကျဉ်းထောင်ဥပဒေကို ခေတ်နဲ့လျော်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လုပ်ရမှာပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ပေါ့နော် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဆက်ပြီးတော့ တာဝန်ယူမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် လက်ရှိ ပြစ်မှုပြစ်ဒဏ်အမျိုးမျိုးနဲ့ ထောင်ချအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေရဲ့အရေးပေါ့လေ သတင်းစကားပါးချင်တယ်ဆိုရင် အဓိက ဘယ်အချက်ကို တိုက်တွန်းချင်တာရှိပါလဲရှင့်။

ဦးဘိုကြည်။ ။ ကျနော်တို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပြီးတော့ ရွေးချယ်ခဲ့တယ်ပေါ့။ အဲ့တော့ ပြည်သူတို့ရဲ့ရွေးချယ်မှုကို ကျနော်တို့ အသိအမှတ်ပြုတယ်။ အဲ့သလိုပဲ ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့အစိုးရအနေနဲ့ ပြည်သူတွေ တဦးချင်းစီရဲ့လုံခြုံမှု ပြည်သူတဦးချင်းစီ တန်းတူညီမျှမှုရဖို့အတွက် ဥပဒေတွေ ပြုပြင်ပြောင်းလဲရမှာတွေ နောက် Institutional Change ရမယ်။ Institutional တွေကို ပြုပြင်ပြောင်းလဲရမှာတွေ အဲ့တာတွေကို အစိုးရအနေနဲ့ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုပဲ တည်ဆဲဥပဒေတွေကို အများပြည်သူသိအောင်လည်း သေသေချာချာ ကြိုးစားပြီး လုပ်ဆောင်ဖို့လိုပါတယ်။ အဲ့သလိုလုပ်ဆောင်တဲ့အခါမှာ အစိုးရတရပ်တည်းလုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေကပါ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီလိုမျိုး အများပြည်သူ သိသင့်သိထိုက်တဲ့ သူတို့ရဲ့အခွင့်အရေးတွေ သူတို့ရဲ့ တာဝန်တွေကို အများပြည်သူသိအောင် ကျနော်တို့ လုပ်ကြရမှာပါ။ ပြီးတဲ့အခါကျတော့ အများပြည်သူအတွက် တကယ့်ကို သူတို့ရဲ့နစ်နာမှုတွေ တိုင်တန်းနိုင်မယ့် ယန္တယားတွေကို ပိုပြီးတော့ ခိုင်ခိုင်မာမာ နဲ့ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ပေးဖို့ကိုလည်း အစိုးရဘက်က လိုအပ်ပါတယ်။ ဒါတော့မှ အစိုးရအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ လူ့အခွင့်အရေးကို ဖြည့်စည်းပေးတဲ့အစိုးရတရပ်ဖြစ်အောင် ကျနော်တို့ ဝိုင်းပြီးတော့ ပုံဖော်ပြဖို့နဲ့ အစိုးရအနေနဲ့ ဒီအပေါ်မှာ ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။"

ဒါကတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့အရေး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPPB ရဲ့တွဲဖက်အတွင်းရေးမှူးဦးဘိုကြည်ကို VOA မြန်မာပိုင်းက မဆုမွန် က ဆက်သွယ်မေးမြန်းတင်ဆက်ထားတဲ့ ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်းအစီအစဉ်ဖြစ်ပါတယ်။

XS
SM
MD
LG