သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ကော်မတီတွေ ပြန်လည်ပြင်ဆင်ဖွဲ့စည်း


သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွေကနေ NLD ပြန်ကြားရေးနဲ့ လုပ်ငန်းအဖွဲ့တွေကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဗဟိုပြန်ကြားရေး ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးအေးကြူခေါ် မုံရွာအောင်ရှင်တို့ကို တာဝန်ပေးထားပါတယ်။ အဖွဲ့ဝင်တွေကတော့ ဦးကျော်အေးနိုင်၊ ဦးကြည်တိုး၊ ဦးငြိမ်းသစ်၊ ဦးတင်လှ၊ ဦးနေဘုန်းလတ်၊ ဦးရဲမင်းဦး၊ ဦးလွင်ကိုလတ်၊ ဦးဝေဖြိုးဟန်နဲ့ ဦးသန့်ဇင်ထွန်းတို့ ဖြစ်ပါတယ်။

ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့မှာတော့ ဒေါက်တာ မေဝင်းမြင့်ကို ဥက္ကဋ္ဌ၊ ဒေါ်ဇင်မာအောင်ကို အတွင်းရေးမှူး အဖြစ် တာဝန် ပေးခဲ့ပါတယ်။ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့မှာလည်း အဖွဲ့ဝင် ၉ ယောက်ပါဝင်ပါတယ်။

ဗဟိုတောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့မှာတော့ ဦးညီပုကို ဥက္ကဋ္ဌ၊ ဦးဘမျိုးသိန်းက ဒုဥက္ကဋ္ဌ၊ ဦးစိုးဝင်းခေါ် ဦးစိုးလေးကို အတွင်းရေးမှူးအဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးခဲ့ပါတယ်။ ဗဟို တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့မှာတော့ အဖွဲ့ဝင် ၆ ယောက် ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG