သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုသုတေသနအတွင်းရေးမှူးကို အရေးယူ


ဦးမျိုးရန်နောင်သိန်း (ဓါတ်ပုံ- U myo yan naung thein FB )
ဦးမျိုးရန်နောင်သိန်း (ဓါတ်ပုံ- U myo yan naung thein FB )

အာဏာရပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ပါတီလုပ်ငန်းတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပါတယ်။ သူ့ကို မပေးထားတဲ့ လုပ်ငန်းတာဝန်တွေကို ကျော်လွန်လုပ်ဆောင်တာကြောင့် ပါတီစည်းကမ်းနဲ့အညီ အခုလို အရေးယူလိုက်တာလို့ NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေရော မီဒီယာတွေရော သိချင်ကြတယ်။ ကျနော်တို့ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို စစ်ဆေးထားတဲ့ အစီရင်ခံစာထွက်ပါတယ်။ ဒီအစီရင်ခံစာကို ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံအတည်ပြုလိုက်တဲ့အတွက် ဦးမျိုးရန်နောင်သိန်းကို မိမိအားပေးအပ်ထားချင်မရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ချင်းအတွက် ပါတီစည်းကမ်းအရ အရေးယူပြီးတော့ ပါတီ တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်။”

ပါတီလုပ်ငန်းတာဝန်တွေကို ကျော်လွန်လုပ်ဆောင်တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်လို့တော့ ဒါဟာ ပါတီတွင်းကိစ္စဖြစ်တာမို့ ထုတ်ဖော်မပြောလိုဘူးလို့ ဒေါက်တာမျိုးညွန့်က တုန့်ပြန်ပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးရဲ့ ပါတီမှာ နုတ်ထွက်လွှာကိုလည်း လက်ခံအတည်ပြုလိုက်ပြီလို့လည်း ပြောပါတယ်။ NLD ပါတီရဲ့ အလုပ်အမှုဆောင်အစည်းအဝေး ဒီကနေ့ နေပြည်တော်မှာ ကျင်းပရာမှာ ဒီ ဆုံးဖြတ်ချက်တွေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ တိုင်ကြားချက်တွေအရ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှုးဖြစ်သူ ဦးမျိုးရန်နောင်သိန်းကို ခုံဖွဲ့စစ်ဆေးပြီး အခုလို အရေးယူဆောင်ရွက်တာပါ။ ဦးအောင်စိုးကတော့ သူနုတ်ထွက်လွှာတင်တဲ့ကိစ္စ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ သူဟာ အဂတိလိုက်စားမှုနဲ့ အရေးယူခံနေရတဲ့ တနင်းသာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူလည်းဖြစ်ပါတယ်။ အဲဒီအမှုမှာကတည်းကလည်း ပူးတွဲ တိုင်ကြားခံခဲ့ရသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဦအောင်စိုးနဲ့ တနင်္သာရီတိုင်းဒေသ NLD အလုပ်အမှုဆောင်အချို့ကို ဗဟိုကနေ ခုံရုံးဖွဲ့စစ်ဆေးတာတွေရှိခဲ့ပါတယ်။

NLD ဗဟိုသုတေသနအတွင်းရေးမှူးကို အရေးယူ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG