သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အမျိုးသမီးများခွဲခြားဆက်ဆံခံရမှုတိုးတက်မှုမရှိ” ကုလအစီရင်ခံ


#MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်းပြသရင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုဆင်နွှဲကြတဲ့တောင်ကိုရီးယားနိုင်ငံသားများ၊ မတ် ၈၊ ၂၀၁၈။
#MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်းပြသရင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုဆင်နွှဲကြတဲ့တောင်ကိုရီးယားနိုင်ငံသားများ၊ မတ် ၈၊ ၂၀၁၈။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရမှုကို ဖော်ထုတ်ဆန့်ကျင်တဲ့ MeToo လို လှုပ်ရှားမှုတွေ ရှိလာခဲ့ပေမယ့် အမျိုးသမီးတွေအပေါ် ခွဲခြားမှုတွေကို ဒေတာအချက်အလက်တွေနဲ့ ခြေရာခံကြည့်လိုက်ရင် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တိုးတက်မှုမရှိခဲ့ဘဲ လူ့အဖွဲ့အစည်းထဲမှာ အမုန်းတရားက နက်နက်ရှိုင်းရှိုင်း ရှိနေဆဲဖြစ်ကြောင်း တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ခွဲခြားဘက်လိုက်တဲ့ ကျားမရေးရာ လူမှုရေးစံနှုန်းတွေကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘဲ၊ ကျား၊မ တန်းတူညီမျှမှု ဒါမှမဟုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေကို ရရှိနိုင်မှာ မဟုတ်ဘူးလို့” လည်း အစီရင်ခံစာက သတိပေးလိုက်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးစလုံးမှာ “ခွဲခြား ဘက်လိုက်တဲ့ ကျားမရေးရာ လူမှုစံနှုန်းတွေက ကမ္ဘာတဝန်းမှာ ရှိနေဆဲလို့ ဆိုပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ရဲ့ လေ့လာမှု အရ လူ ၉၀% နီးပါးဟာ အချက် ၇ ချက် မှာ အနည်းဆုံး ၁ ချက် ခွဲခြားဘက်လိုက်မှုရှိနေပါတယ်။

ဥပမာ ကမ္ဘာ့လူဦးရေရဲ့ ၆၉% က အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နိုင်ငံရေးခေါင်းဆောင် နေရာမှာ ပိုကောင်းအောင်လုပ်နိုင်တယ်လို့ ယုံကြည်ဆဲဖြစ်ပြီး ၂၇% ကသာ အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေးရှိဖို့က ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါ့အပြင် လူဦးရေထက်ဝက်နီးပါး (၄၆%) က အမျိုးသားတွေက အလုပ်ရပိုင်ခွင့်ပိုများတယ်လို့ ယုံကြည်ကြပြီး ၄၃% ကတော့ အမျိုးသားတွေဟာ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးခေါင်းဆောင်တွေ ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

လူဦးရေရဲ့ လေးပုံတစ်ပုံက ယောက်ျားက, ကိုယ့် ဇနီးသည်ကို ရိုက်နှက်တာက တရားမျှတတယ်လို့ အခု ထင်မြင်နေကြဆဲဖြစ်ပြီး ၂၈ ရာခိုင်နှုန်းကတော့ တက္ကသိုလ် ပညာရေးက အမျိုးသားတွေ အတွက် ပိုအရေးကြီးတယ်လို့ ယုံကြည်နေကြပါတယ္။

မလိုမုန်းထားခွဲခြားမှုတွေက အမျိုးသမီးများအတွက် “အတားအဆီးတွေ” ကို ဖန်တီးနေပြီး “ကမ္ဘာ့နေရာအတော်များများမှာ အမျိုးသမီးအခွင့်အရေးကို အားနည်းစေတယ်” လို့ ကုလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မလိုမုန်းထားခွဲခြားဘက်လိုက်မှုတွေက အမျိုးသားနဲ့အမျိုးသမီးကြား ပျံ့နှံ့နေပြီးနက်နက်ရှိုင်းရှိုင်း သက်ရောက်နေလို့ အတိုင်းအတာတခုအထိ နှစ်ဘက်စလုံးကို သြဇာသက်ရောက်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

UNDP ဟာ ကျား၊မ လူမှုစံနှုန်းညွှန်းကိန်း ကိုလည်း အသစ် ပြင်ဆင်လိုက်ပြီး ကမ္ဘာ့တန်ဖိုးများ စစ်တမ်းက အချက်အလက် ဒေတာကို အသုံးပြုကာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အမှီအခိုကင်း လွတ်လပ်လပ်လပ် နေထိုင် ရှင်သန်နိုင်မှု စတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG