သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလလံေစ်းကြက္သစ္ပံုစံဖန္တီးသူ ကန္ပညာရွင္ႏွစ္ဦး ႏိုဘယ္စီးပြားေရးဆု ရရွိ


အေမရိကန္စီးပြားေရးပညာ႐ွင္ Paul R. Milgrom နဲ႔ Robert B. Wilson။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ခုႏွစ္အတြက္ စီးပြားေရးဆိုင္ရာ Nobel ဆုကို ေလလံေစ်းကြက္တိုးတက္ေအာင္လုပ္ခဲ့ၾကတဲ့ အေမရိကန္ စီးပြားေရး ပညာ႐ွင္ ၂ ေယာက္ပူးတဲြရ႐ွိသြားပါတယ္။

"ေလလံေစ်းကြက္သီအိုရီ ပိုေကာင္းေအာင္နဲ႔ ေလလံေစ်းကြက္ပံုစံသစ္ကို ဖန္တီးခဲ့ၾကတဲ့ အေမရိကန္စီးပြားေရးပညာ႐ွင္ Paul R. Milgrom နဲ႔ Robert B. Wilson တို႔ကို စီးပြားေရးဆိုင္ရာ Nobel ဆု ခ်ီးျမွင့္ေၾကာင္း ဆုေ႐ြးခ်ယ္တဲ့ Sweden ေတာ္ဝင္သိပၸံအကယ္ဒမီအတြင္းေရးမွဴးခ်ဳပ္ ေၾကညာသြားတာျဖစ္ပါတယ္။ သီအိုရီပိုင္းဆိုင္ရာ အေျခခံ ေလ့လာေတ႔ြ႐ွိမႈက လူမႈအသိုင္းအဝိုင္းအတြက္ အက်ဳိး႐ွိတဲ့ တီထြင္မႈျဖစ္တယ္ဆိုတာကို သူတို႔ေလ့လာဖန္တီးခဲ့တဲ့ ေလလံေစ်းကြက္သစ္ပံုစံက သက္ေသျပေနတယ္။" လို႔ ဆုေ႐ြးခ်ယ္သူေတြက ေျပာပါတယ္။

ပိုတုိးတက္လာတဲ့ ေလလံေစ်းကြက္သီအုိရီနဲ႔ ေလလံေစ်းကြက္သစ္ပံုစံေတြေၾကာင့္ ကမာၻတဝန္းက ေရာင္းသူ၊ ဝယ္သူနဲ႔ ဝင္ေငြခြန္ေဆာင္သူေတြ ပိုၿပီး အက်ဳိး႐ွိေစခဲ့တယ္လို႔ Nobel ဆုေ႐ြးခ်ယ္ေရး website ေပၚမွာ ေရးသားထားပါတယ္။ သူတို႔တီထြင္တဲ့ ေလလံေစ်းကြက္ပံုစံသစ္ကို ေရဒီယို Frequency ေတြ သတ္မွတ္တာ၊ ငါးဖမ္း ကိုတာခဲြတာ၊ ေလယာဥ္ဆင္းလမ္း သတ္မွတ္တာ၊ ဓါတ္ေငြ႔ထုတ္လႊတ္မႈ ပမာဏခြင့္ျပဳတာေတြမွာ အသံုးျပဳေနတာေၾကာင့္ လူတိုင္းရဲ႕ ေန႔စဥ္ဘဝအေပၚ သက္ေရာက္မႈ႐ွိခဲ့တယ္လို႔ ႐ွင္းျပထားပါတယ္။ ဆုေၾကး Swedish kronor ၁၀ သန္းကို Nobel စီးပြားေရးဆု႐ွင္ ၂ ေယာက္ အညီအမ ွ် ခဲြေဝရ႐ွိမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လေလံဈေးကွက်သစ်ပုံစံဖန်တီးသူ ကန်ပညာရှင်နှစ်ဦး နိုဘယ်စီးပွားရေးဆု ရရှိ

၂၀၂၀ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ Nobel ဆုကို လေလံဈေးကွက်တိုးတက်အောင်လုပ်ခဲ့ကြတဲ့ အမေရိကန် စီးပွားရေး ပညာရှင် ၂ ယောက်ပူးတွဲရရှိသွားပါတယ်။

"လေလံဈေးကွက်သီအိုရီ ပိုကောင်းအောင်နဲ့ လေလံဈေးကွက်ပုံစံသစ်ကို ဖန်တီးခဲ့ကြတဲ့ အမေရိကန်စီးပွားရေးပညာရှင် Paul R. Milgrom နဲ့ Robert B. Wilson တို့ကို စီးပွားရေးဆိုင်ရာ Nobel ဆု ချီးမြှင့်ကြောင်း ဆုရွေးချယ်တဲ့ Sweden တော်ဝင်သိပ္ပံအကယ်ဒမီအတွင်းရေးမှူးချုပ် ကြေညာသွားတာဖြစ်ပါတယ်။ သီအိုရီပိုင်းဆိုင်ရာ အခြေခံ လေ့လာတေ့ွရှိမှုက လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိတဲ့ တီထွင်မှုဖြစ်တယ်ဆိုတာကို သူတို့လေ့လာဖန်တီးခဲ့တဲ့ လေလံဈေးကွက်သစ်ပုံစံက သက်သေပြနေတယ်။" လို့ ဆုရွေးချယ်သူတွေက ပြောပါတယ်။

ပိုတိုးတက်လာတဲ့ လေလံဈေးကွက်သီအိုရီနဲ့ လေလံဈေးကွက်သစ်ပုံစံတွေကြောင့် ကမ္ဘာတဝန်းက ရောင်းသူ၊ ဝယ်သူနဲ့ ဝင်ငွေခွန်ဆောင်သူတွေ ပိုပြီး အကျိုးရှိစေခဲ့တယ်လို့ Nobel ဆုရွေးချယ်ရေး website ပေါ်မှာ ရေးသားထားပါတယ်။ သူတို့တီထွင်တဲ့ လေလံဈေးကွက်ပုံစံသစ်ကို ရေဒီယို Frequency တွေ သတ်မှတ်တာ၊ ငါးဖမ်း ကိုတာခွဲတာ၊ လေယာဉ်ဆင်းလမ်း သတ်မှတ်တာ၊ ဓါတ်ငွေ့ထုတ်လွှတ်မှု ပမာဏခွင့်ပြုတာတွေမှာ အသုံးပြုနေတာကြောင့် လူတိုင်းရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ရှင်းပြထားပါတယ်။ ဆုကြေး Swedish kronor ၁၀ သန်းကို Nobel စီးပွားရေးဆုရှင် ၂ ယောက် အညီအမ ျှ ခွဲဝေရရှိမှာဖြစ်ပါတယ်။

XS
SM
MD
LG