သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ႏုိဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမွင့္ခံရ


ကမာၻ႔စားႏွပ္ရိကၡာအဖဲြ႔ (WFP)။

[Zawgyi/Unicode]

ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္အတြက္ ႏုိဘယ္ၿငိမ္းခ်မ္းေရးဆုကိုေတာ့ ကမာၻ႔စားႏွပ္ရိကၡာအဖဲြ႔ (WFP) က ရရွိသြားပါတယ္။ ကမာၻတ၀ွမ္း ငတ္မြတ္ေခါင္းပါးမႈတုိက္ဖ်က္ေရးနဲ႔ စားႏွပ္ရိကၡာလုံေလာက္မႈရွိေစေရးအတြက္ WFP အဖဲြ႔ရဲ႕ ႀကိဳးပမ္းမႈေတြေၾကာင့္ အခုႏွစ္အတြက္ ႏုိဘယ္လ္ၿငိမ္းခ်မ္းေရးဆုကို ခ်ီးျမွင့္လိုက္တာျဖစ္တယ္လို႔ ႏုိဘယ္လ္ဆုခ်ီးျမွင့္ေရးေကာ္မတီ ဥကၠ႒ Berit Reiss-Andersen က ေနာ္ေ၀းႏုိင္ငံ ေအာ္စလိုၿမိဳ႕မွာ ဒီေန႔ ေၾကျငာလိုက္လိုက္ပါတယ္။

“ေနာ္ေ၀းႏုိ္င္ငံရဲ႕ ႏုိဘယ္ဆုေရြးခ်ယ္ခ်ီးျမွင့္ေရးေကာ္မတီအေနနဲ႔ ၂၀၂၀ ခုႏွစ္အတြက္ ႏုိဘယ္လ္ၿငိမ္းခ်မ္းေရးဆုကို ကမာၻ႔စားႏွပ္ရိကၡာအဖဲြ႔ကို ခ်ီးျမွင့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ WFP အဖဲြ႔ရဲ႕ ငတ္မြတ္ေခါင္းပါးမႈတုိက္ဖ်က္ေရး ႀကိဳးပမ္းမႈ၊ ပဋိပကၡျဖစ္ေနတဲ့ေဒသေတြမွာ ၿငိမ္းခ်မ္းေရးရရွိေစဖို႔အတြက္ အေျခအေနေတြေကာင္းေအာင္ ပံ့ပိုးေပးမႈ၊ ငတ္မြတ္ေခါင္းပါးမႈကို စစ္ပဲြေတြနဲ႔ ပဋိပကၡေတြရဲ႕လက္နက္သဖြယ္အသုံးခ်ေနတာေတြကို ကာကြယ္ဖို႔ႀကိဳးပမ္းတဲ့ေနရာမွာ အဓိကေမာင္းႏွင္အားအျဖစ္ လုပ္ေဆာင္ေနတာေတြေၾကာင့္ ခ်ီးျမွင့္ဖို႔ဆုံးျဖတ္လိုက္တာျဖစ္တယ္။" လို႔ ႏုိဘယ္ေကာ္မတီဥကၠ႒ Reiss-Andersen က ေျပာသြားတာျဖစ္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ကပ္ေရာဂါက ကမာၻတ၀ွမ္းမွာရွိတဲ့ လူသန္းေပါင္းမ်ားစြာ ရင္ဆုိင္ေနရတဲ့ ငတ္မြတ္ေခါင္းပါးမႈ အႏၱရာယ္ကို ပိုၿပီးေတာ့ ဆုိးရြာေစၿပီး၊ အဲဒီလူေတြကိုေကၽြးႏုိင္ဖို႔အတြက္ အစိုးရေတြအေနနဲ႔ WFP အပါအ၀င္ တျခား အကူအညီေပးေရးအဖဲြ႔ေတြကို လိုအပ္တဲ့အကူအညီေတြေပးၾကဖို႔လည္း ႏုိဘဲလ္ ေကာ္မတီက တာင္းဆုိလိုက္ပါတယ္။ အခုႏွစ္ ႏုိဘယ္ၿငိမ္းခ်မ္းေရးဆုအတြက္ လူပုဂၢိဳလ္ ၂၁၁ ဦး နဲ႔ အဖဲြ႔စည္း ၁,၀၇ခု တုိ႔ အဆုိျပဳခံခဲ့ရတာျဖစ္ပါတယ္။ ဆုအျဖစ္နဲ႔ အေမရိကန္ေဒၚလာ ၁.၁ သန္း ရရွိမွာျဖစ္ၿပီး၊ ဒီဆုကိုေတာ့ ေနာ္ေ၀းႏုိင္ငံ ေအာ္စလိုၿမိဳ႕မွာ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ခ်ီးျမွင့္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) က ရရှိသွားပါတယ်။ ကမ္ဘာတဝှမ်း ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးနဲ့ စားနှပ်ရိက္ခာလုံလောက်မှုရှိစေရေးအတွက် WFP အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်လို့ နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဒီနေ့ ကြေငြာလိုက်လိုက်ပါတယ်။

“နော်ဝေးနိုင်ငံရဲ့ နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးကော်မတီအနေနဲ့ ၂၀၂၀ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ကို ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ WFP အဖွဲ့ရဲ့ ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှု၊ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ငြိမ်းချမ်းရေးရရှိစေဖို့အတွက် အခြေအနေတွေကောင်းအောင် ပံ့ပိုးပေးမှု၊ ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့လက်နက်သဖွယ်အသုံးချနေတာတွေကို ကာကွယ်ဖို့ကြိုးပမ်းတဲ့နေရာမှာ အဓိကမောင်းနှင်အားအဖြစ် လုပ်ဆောင်နေတာတွေကြောင့် ချီးမြှင့်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။" လို့ နိုဘယ်ကော်မတီဥက္ကဋ္ဌ Reiss-Andersen က ပြောသွားတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ကမ္ဘာတဝှမ်းမှာရှိတဲ့ လူသန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ပိုပြီးတော့ ဆိုးရွာစေပြီး၊ အဲဒီလူတွေကိုကျွေးနိုင်ဖို့အတွက် အစိုးရတွေအနေနဲ့ WFP အပါအဝင် တခြား အကူအညီပေးရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့လည်း နိုဘဲလ် ကော်မတီက တာင်းဆိုလိုက်ပါတယ်။ အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ် ၂၁၁ ဦး နဲ့ အဖွဲ့စည်း ၁,၀၇ခု တို့ အဆိုပြုခံခဲ့ရတာဖြစ်ပါတယ်။ ဆုအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၁.၁ သန်း ရရှိမှာဖြစ်ပြီး၊ ဒီဆုကိုတော့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချီးမြှင့်မှာဖြစ်ပါတယ်။

XS
SM
MD
LG