သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူပေါင်း သန်း ၂၇၀ အငတ်ဘေးရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး


WFP အမှုဆောင် ညွှန်ကြားရေးမှူး David Beasley
WFP အမှုဆောင် ညွှန်ကြားရေးမှူး David Beasley

[Zawgyi/Unicode]

ကမ္ဘာပေါ်က လူ သန်းပေါင်းများစွာ အငတ်ဘေးကြုံရမယ့် အန္တရာယ် ကျရောက်နေတဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အကြီးအကဲက သတိပေးပါတယ်။

"စစ်ရေးပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲမှှု၊ ငတ်မွတ်ခေါင်းပါးမှုကို နိုင်ငံရေးနဲ့ စစ်ရေးလက်နက်တခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာအပြင် ကမ္ဘာ့ကပ်ရောဂါတခု ကျရောက်နေတာတွေကြောင့် ကမ္ဘာတဝန်းက လူပေါင်းသန်း၂၇၀ ဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ကြုံရမယ့်အခြေဆိုက်နေရတာဖြစ်တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ရင်တော့ ကိုဗစ်ရိုက်ခတ်မှုထက် ပိုကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရပါမယ်။ အဲဒါက သိပ်မဆိုးသေးဘူးလို့ ပြောမယ်ဆိုရင်တော့ လူပေါင်း သန်း ၂၇၀ ထဲမှာ သန်း ၃၀ ဟာ သူတို့အသက်ရှင်ရေးအတွက် ကျနော်တို့ပေါ်မှာ ၁၀၀% မှီခိုအားထားနေရပါတယ်။" လို့ WFP အမှုဆောင် ညွှန်ကြားရေးမှူး David Beasley က ပြောပါတယ်။

ကြာသပတေးနေ့မှာ အွန်လိုင်းကနေကျင်းပတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု လက်ခံရယူတဲ့ အခမ်းအနားအတွင်း WFP အကြီးအကဲက အဲဒီလိုပြောသွားတာပါ။

ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်ဆိုင်နေရတဲ့ လူပေါင်း သန်း ၂၇၀ ဆိုတဲ့အရေအတွက်ဟာ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီ လေးနိုင်ငံပေါင်း လူဦးရေပမာဏနဲ့ ညီမ ျှပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


ကမ်ဘာပေါျက လူ သနျးပေါငျးမြားစှာ အငတျဘေးကွုံရမယ့ျ အန်တရာယျ ကရြောကျနတေဲ့အကွောငျး ကမ်ဘာ့စားနပျရိက်ခာအဖှဲ့ WFP အကွီးအကဲက သတိပေးပါတယျ။




XS
SM
MD
LG