(Zawgyi/Unicode)
ဒီႏွစ္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရ WFP ကုလသမဂၢကမာၻ႔စားနပ္ရိကၡာအဖြဲ႔ႀကီးရဲ့ အႀကီးအကဲအေနနဲ႔၊ ဒီႏိုဘယ္ဆုလက္ခံမိန္႔ခြန္္းေျပာရာမွာ၊ ကိုဗစ္ကာလ တစ္ကမာၻလံုးမွာ လူသန္းေပါင္း ၂၇၀ အထိ၊ ငတ္ျပတ္မူေခ်ာက္ထဲက်ဖို႔ရွိေနတယ္လို႔ သတိေပးလိုက္ပါတယ္။
ကိုဗစ္ကာလ ေဆးေတြပါျဖန္႔ေပးေနတဲ့ ဒီ WFP အဖြဲ႔ကိုေပးတဲ့ ၂၀၂၀ ခုႏွစ္ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို အဖြဲ႔ကိုယ္စားလက္ခံခဲ့တဲ့ အမူေဆာင္အရာရွိခ်ဳပ္ David Beasely အေနနဲ႔၊ မေန႔က ခုလိုမိန္႔ခြန္းေျပာရာမွာ၊ ဒီဆုက ေက်းဇူးတင္ေၾကာင္းေျပာရမွာထက္ ပိုႀကီးမားတဲ့စစ္ေဘး၊ ရာသီဥတုေျပာင္းေဘးနဲ႔ ကမာၻ႔ကပ္ေရာဂါေဘးေၾကာင့္၊ ခုလိုဆတိုးပိုဆိုးလာတာကို လက္ေတြ႔ဝိုင္းကူေပးေရးေတာင္းဆိုဖို႔ပါ လိုလားေနတယ္လို႔ အေလးအနက္ေျပာခဲ့ပါတယ္။
ကိုဗစ္အကန္႔အသတ္ေတြေၾကာင့္ အရင္လို ေနာ္ေဝးႏိုင္ငံမွာ ဘုရင္အပါအဝင္ ဂုဏ္သေရရွိသူေတြပါ တက္တဲ့ ဒီဆုေပးမိန္းခြန္းေျခြ အခမ္းအနားကို အခုေတာ့ WFP ဌာနခ်ဳပ္ရွိရာ ေရာမၿမိဳ.ကေန အင္တာနက္ကတဆင့္ လုပ္ခဲ့ရာမွာ Beasely ကပဲ၊ အေနာက္ဥေရာပႏိုင္ငံ အားလံုး လူဦးေရထက္မ်ားတဲ့ ဒီ ငတ္ျပတ္ႏိုင္သူေပါင္း သန္း ၂၇၀ ထဲက၊ သန္း ၃၀ ဆက္ရွင္သန္ေရးကေတာ့၊ ကၽြန္ေတာ္တို႔အေပၚမွာ ၁၀၀% မူတည္ေနတယ္လို႔ ေထာက္ျပပါတယ္။
ဒီ WFP အရာရွိခ်ဳပ္ကဆက္ၿပီး ခုလိုငတ္မြတ္မူေခ်ာက္ကမ္းပါးထဲက်ေတာ့မယ့္ လူေပါင္း သန္း ၂၇၀ ရွိေနခ်ိန္မွာ၊ ေနာက္တစ္ဖက္မွာေတာ့ အခုကိုဗစ္ျမင့္မားေနတဲ့ကာလတြင္းမွာကို ရက္ေပါင္း ၉၀ အတြင္း ေနာက္ထပ္ခ်မ္းသာၾကြယ္ဝမူ ၂.၇ ထရီလီယံယူေဆာင္လာႏိုင္တဲ့ ကမာၻႀကီးအေနနဲ႔ ေဒၚလာ ၅ ဘီလီယံေလးသာလွဴဒါန္းလိုက္ရင္၊ ဒီလူသန္္းေပါင္း ၃၀ အငတ္ေဘးလြတ္ၿပီး၊ ဆက္ရွင္သန္သြားႏို္င္မယ္လို႔ တြက္ျပခဲ့ပါတယ္။
...............
WFP အဖွဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု အွန်လိုင်းက လက်ခံရယူ
(Unicode)
ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရ WFP ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ အကြီးအကဲအနေနဲ့၊ ဒီနိုဘယ်ဆုလက်ခံမိန့်ခွန်းပြောရာမှာ၊ ကိုဗစ်ကာလ တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်း ၂၇၀ အထိ၊ ငတ်ပြတ်မူချောက်ထဲကျဖို့ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
ကိုဗစ်ကာလ ဆေးတွေပါဖြန့်ပေးနေတဲ့ ဒီ WFP အဖွဲ့ကိုပေးတဲ့ ၂၀၂၀ ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဖွဲ့ကိုယ်စားလက်ခံခဲ့တဲ့ အမူဆောင်အရာရှိချုပ် David Beasely အနေနဲ့၊ မနေ့က ခုလိုမိန့်ခွန်းပြောရာမှာ၊ ဒီဆုက ကျေးဇူးတင်ကြောင်းပြောရမှာထက် ပိုကြီးမားတဲ့စစ်ဘေး၊ ရာသီဥတုပြောင်းဘေးနဲ့ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့်၊ ခုလိုဆတိုးပိုဆိုးလာတာကို လက်တွေ့ဝိုင်းကူပေးရေးတောင်းဆိုဖို့ပါ လိုလားနေတယ်လို့ အလေးအနက်ပြောခဲ့ပါတယ်။
ကိုဗစ်အကန့်အသတ်တွေကြောင့် အရင်လို နော်ဝေးနိုင်ငံမှာ ဘုရင်အပါအဝင် ဂုဏ်သရေရှိသူတွေပါ တက်တဲ့ ဒီဆုပေးမိန်းခွန်းခြွေ အခမ်းအနားကို အခုတော့ WFP ဌာနချုပ်ရှိရာ ရောမမြို.ကနေ အင်တာနက်ကတဆင့် လုပ်ခဲ့ရာမှာ Beasely ကပဲ၊ အနောက်ဥရောပနိုင်ငံ အားလုံး လူဦးရေထက်များတဲ့ ဒီ ငတ်ပြတ်နိုင်သူပေါင်း သန်း ၂၇၀ ထဲက၊ သန်း ၃၀ ဆက်ရှင်သန်ရေးကတော့၊ ကျွန်တော်တို့အပေါ်မှာ ၁၀၀% မူတည်နေတယ်လို့ ထောက်ပြပါတယ်။
ဒီ WFP အရာရှိချုပ်ကဆက်ပြီး ခုလိုငတ်မွတ်မူချောက်ကမ်းပါးထဲကျတော့မယ့် လူပေါင်း သန်း ၂၇၀ ရှိနေချိန်မှာ၊ နောက်တစ်ဖက်မှာတော့ အခုကိုဗစ်မြင့်မားနေတဲ့ကာလတွင်းမှာကို ရက်ပေါင်း ၉၀ အတွင်း နောက်ထပ်ချမ်းသာကြွယ်ဝမူ ၂.၇ ထရီလီယံယူဆောင်လာနိုင်တဲ့ ကမ္ဘာကြီးအနေနဲ့ ဒေါ်လာ ၅ ဘီလီယံလေးသာလှူဒါန်းလိုက်ရင်၊ ဒီလူသန်းပေါင်း ၃၀ အငတ်ဘေးလွတ်ပြီး၊ ဆက်ရှင်သန်သွားနိုင်မယ်လို့ တွက်ပြခဲ့ပါတယ်။