သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်နဲ့ ဆက်ဆံရေးကိစ္စ မြောက်ကိုရီးယား တရုတ်နဲ့ဆွေးနွေး


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အဖွဲ့နှင့် တရုတ် ခေါင်းဆောင်ဆွေးနွေး

မြောက်ကိုရီးယား Nuclear လက်နက်ကင်းရှင်းရေးကိစ္စ အမေရိကန်နဲ့ဆွေးနွေးမှုတွေ ရှေ့ဆက်မတိုးဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကစိတ်ပူနေတယ်လို့ တရုတ်အစိုးရကသတင်းမီဒီယာတွေမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရနဲ့ အမေရိကန်အစိုးရကြား ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်ဖို့ သူ့ဖက်က သဓိဌာန်ချထားတယ်လို့ Kim Jong Un က သမ္မတ Xi Jinping ကိုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဘေဂျင်းမြို့တော်ကို ၂ ရက်ကြာသွားရောက်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် တရုတ်နိုင်ငံကနေ ပြန်သွားပြီး နာရီပိုင်းအကြာမှာပဲ ခေါင်းဆောင် ၂ ယောက် ဆွေးနွေးတဲ့အကြောင်းသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားအပေါ် အားပေးထောက်ခံနေကြောင်းနဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ အလယ်ဆုံမှတ်မှာ တွေ့ဆုံနိုင်ကြဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတ Xi က Kim ကိုပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ Kim Jong Un အနေနဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲမလုပ်ခင် တရုတ်ကို အရင်သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကနေ အမေရိကန်နဲ့ မြောက်ကိုရီယား ဒုတိယ ထိပ်သီးဆွေးနွေးပွဲအောင်မြင်ဖို့ ကောင်းမွန်တဲ့သက်ရောက်မှုတွေ ရှိလာမယ်လို့မျှော်လင့်ကြောင်း တောင်ကိုရီးယားခေါင်းဆောင် Moon Jae-in က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ သံတမန်ရေးနဲ့ စီးပွားရေးအဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကို ခေါင်းဆောင် Kim Jong Un သွားရောက်တာ ၁ နှစ်မပြည့်ခင် ၄ ကြိမ်မြောက်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG