သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး Tillerson အာရှ ၃ နိုင်ငံခရီး အဆုံးသတ်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံစဉ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံစဉ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ အာရှ သုံးနိုင်ငံ ခရီးစဉ် အဆုံးသတ်သွားပါပြီ။

တနင်္ဂနွေနေ့က ဝေဟင်မြင့်ထိုးဖေါက်နိုင်တဲ့ ရော့ကက်ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့တဲ့ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကရော တရုတ်ကပါ အရေးတကြီး ကိုင်တွယ်ရမယ်ဆိုတာ သိကြတယ်လို့လည်း ဝန်ကြီး Tillerson ကပြောပါတယ်။ ဒီစမ်းသပ်မှုကနေ ဒုံးကျည်ထုတ်လုပ်ရေးကဏ္ဍ တခေတ်ဆန်းလာတယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဝန်ကြီး Tillerson ရဲ့ ပထမဆုံး အကြိမ် အာရှခရီးစဉ်အတွင်း ဆွေးနွေးပွဲ တွေမှာ ခြိမ်းခြောက်မှု တိုးလာတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ အကြောင်းတွေသာ အဓိလွှမ်းမိုးနေတာပါ။

Donald Trump အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်မယ့် နည်းလမ်းသစ်ကို ရှာဖွေနေပါတယ်။ ဒါ့အပြင် ဒေသတွင်းဖြစ်ပွါးနေတဲ့ ဒီအဓိက ကိစ္စရပ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အတူတကွ လက်တွဲလုပ်ဆောင်မယ့် နည်းလမ်းကိုပါ ရှာဖွေနေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Tillerson ကပြောပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ဆောင်ဖို့ စဉ်းစားကြတယ် ဆိုတာကိုတော့ ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ထုတ်မပြောကြပါဘူး။

ဝန်ကြီး Tillerson အစောပိုင်း ဂျပန်နိုင်ငံမှာ ရှိနေစဉ် တုန်းကတော့ မြောက်ကိုရီးယား နျူကလီယား လက်နက်ထုတ်ရေး အဆုံးသတ်စေဖို့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက သံတမန်နည်းနဲ့ရော တခြားနည်းတွေနဲ့ပါ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောကြားခဲ့သလို တောင်ကိုရီးယား ကို ရောက်ချိန်မှာတော့ စစ်ရေးအပါအဝင် တခြား နည်းလမ်းအားလုံးကို စဉ်းစားဖို့ ရှိတယ်လို့ ပြောခဲ့တာပါ။

တနင်္ဂနွေနေ့ ဝန်ကြီး Tillerson နဲ့ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံစဉ်မှာတော့ အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပြီး သမ္မတ ၂ ဦးဟာ လာမယ့် ဧပြီလဆန်းမှာ ဖလော်ရီဒါ အပမ်းဖြေစခန်းမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီး Tillerson အာရှ ၃ နိုင်ငံခရီး အဆုံးသတ်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG